spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းMCL နှင့် မွန်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

    MCL နှင့် မွန်လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

    -

    မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ ရေးရာကော်မတီဝင်များနှင့် ကျိုက်မရောမြို့နယ်တွင် တည်ဆောက်လျှက်ရှိသည့် မော်လမြိုင် ဘိလပ်မြေစက်ရုံ MCL ကိုယ်စားလှယ် ၄ ဦးတို့ မေလ(၆)ရက်၌ မွန်ပြည်နယ်လွှတ်တော်ရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

    မော်လမြိုင် ဘိလပ်မြေစက်ရုံ MCL(MNA)
    မော်လမြိုင် ဘိလပ်မြေစက်ရုံ MCL(MNA)

    မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက “MCL ကတာဝန်ရှိသူတွေကို လွှတ်တော်ကခေါ်တွေ့ပြီး သူတို့ဘာလုပ်နေတာကို လေ့လာတယ်၊ ပြီးတော့ လွှတ်တော်ကနေ ကွင်းဆင်းလေ့လာဖို့ရှိတယ်၊ အမြန်ဆုံးဖြစ်အောင်တော့ ဆောင်ရွက်သွားကြမယ်” ဟု ဆိုသည်။
    တက်ရောက်လာသည့် MCL ကိုယ်စားလှယ်များ၏ ပြောပြချက်အရ ၄င်းတို့စက်ရုံကို ကျောက်မီးသွေးစွမ်းအင်နှင့်သာ လည်ပတ်ရန်ရှိကြောင်း၊ သို့ရာတွင် မည်သည့်အချိန် စက်ရုံ စတင်လည်ပတ်မည်ကို ရှင်းပြသွားခြင်းမရှိကြောင်း ၄င်းက ဆက်ပြောသည်။

    တွေ့ဆုံပွဲအပြီးတွင် MCL ဖက်ကိုယ်စားလှယ်တစ်ဦးကို တွေ့ဆုံပွဲနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ သူ့အနေနဲ့ “ဖြေကြားခွင့်မရှိ” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။
    ဆွေးနွေးပွဲတက်ရောက်သူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးဇံက “ဒီနေ့တွ့ဆုံပွဲက MCL ရဲ့ လုပ်ဆောင်ချက်တွေကို သူတို့ကိုယ်စားလှယ်တွေက လာရောက်ရှင်းပြတာပဲရှိတယ်၊ ဘာဆုံးဖြတ်ချက်ကိုမှ မချဖြစ်လိုက်ဘူး” ဟု ပြောသည်။

    လာမည့် ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းတွင် ကျောက်မီးသွေးဖြင့် စတင်လည်ပတ်မည့် ဘိလပ်မြေစက်ရုံကို ရပ်ဆိုင်းပေးရန် ဧပြီ (၂၅)ရက်က ဒေသခံ ပြည်သူလူထု (၃၇၈၀) ဦး ကန့်ကွက်လက်မှတ်ရေးထိုးခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတထံသို့ တင်ပြတောင်းဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts