spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်၊ ကျေးရွာတချို့ ရေရှားပါးမှုကြုံတွေ့နေ

    မွန်ပြည်နယ်၊ ကျေးရွာတချို့ ရေရှားပါးမှုကြုံတွေ့နေ

    -

    မွန်ပြည်နယ်၊ (၁၀) မြို့နယ်အတွင်းရှိ ပင်လယ်ရေငံနှင့်နီးစပ်သော ကျေးရွာများတွင် မိုးရွာသွန်းမှုမရှိသေးသောကြောင့် ရေရှာပါးမှု ပိုမိုဖြစ်ပေါ်နေသည်ဟု မွန်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြို့ရေးဦးစီးဌာနမှ သိရသည်။

    မွန်ပြည်နယ်မြေပုံ(Internet)
    မွန်ပြည်နယ်မြေပုံ(Internet)

    အထူးသဖြင့် ပေါင်၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ မုဒုံနှင့် ချောင်းဆုံမြို့နယ်တို့တွင် ရေပိုမိုရှားပါးနေသည်။

    မွန်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးကြည်က “ကျွန်တော်တို့က ဖေဖော် ဝါရီလ (၂၉) ရက်နေ့ကနေစပြီးတော့ ရေရှာပါးတဲ့ရွာတွေကို ကွင်းဆင်းစစ်ဆေးပြီး မတ်လကနေစပြီးတော့ ရေရှာပါးတဲ့ကျေးရွာတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးတွေနဲ့ ချိန်းဆက်ပြီးတော့ ဆောင်ရွက်ပေးနေပါတယ်” ဟု ဆိုသည်။

    ရေငံနှင့် နီးစပ်သောရွာများသည် ရေငံပေါက်၍ ရေတွင်းအနက်တူးမရခြင်း၊ လယ်ကွင်းရှိကျေးရွာများတွင် ရေကန်များသုံးရသဖြင့် နေပူသောကြောင့် ရေကန်အငွေ့ပျံသည့်အပြင် မိုးမရွာသောကြောင့် ရေခန်းခြောက်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

    မုဒုံမြို့နယ် အခွန်ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်သောင်းတင် က “ရွာမှာရေသုံးဘို့အတွက် လက်တက်ရွာမှာ သွားခတ်ရပါတယ်။ အဲဒီရွာနေတဆင့် ကားနဲ့တင်ပြီးတော့ ရွာအနီးမှာတည်ထားတဲ့ ကန်ထဲကိုထည့်ပြီးတော့ ရေယူတဲ့လူတွေကို ရေသယ်ယူတဲ့စရိတ်(၁) ပီပါကို (၅၀၀)ကျပ် နဲ့ ပြန်လည်ဝေငှပေးတယ်” ဟု ဆိုသည်။

    ရွာတွင်းရှိရေကန်တွင် ရေအလုံလောက်ရရှိခဲ့သော်လည်း ယခုတန်ခူးလဆန်းပိုင်းကတည်းကပင် ကန်ရေခန်းခြောက်သဖြင့် အခြားရွာများတွင် ရေသွားခပ်ရကြောင်း၊ ယခုနှစ်သည် လွန်ခဲ့သည့် နှစ်ထက် ကန်ရေပိုမိုခန်းခြောက်မြန်ကြောင်း နိုင်သောင်းတင် က ဆက်ပြောသည်။

    ရေရှားပါးသည့်ကျေးရွာများသည် မြို့နယ်အုပ်ချုပ်ရေးမှူးများအား အဆက်သွယ်ရယူနိုင်ကြောင်း၊ မြို့နယ်နှင့် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပေါင်းစည်းပြီး ရေလိုအပ်သည့် ကျေးရွာများကို လိုက်လံဖြည့်ဆည်းပေးနေသည်ဟု သိရသည်။

    အစိုးရသစ်လက်ထက်တွင် သောက်သုံးရေပြတ်လပ်သည့်ဒေသများအတွက် ရက် ၁၀၀ စီမံချက်ရေးဆွဲထားသည်ဟု ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန သိရသည်။

    ၂၀၁၆/၂၀၁ရ ဘတ်ဂျက်ငွေဖြင့် မွန်ပြည်နယ်အတွင်းရှိ ရေးရှားပါးသည့် ကျေးရွာများကို စာရင်းပြုစုပြီး လက်တူး တွင်း၊ တွင်းကျယ်နှင့် ရေကန်များပြန်လည်ပြင်ဆင်နိုင်ရန်အတွက် ရာထားသည့်ဘတ်တ်ဂျက်ငွေများကို ပြည်ထောင်စုဒေသဖွံ့ ဖြိုးရေးဦးစီးဌာနသို့ တင်ပြထားကြောင်း သိရသည်။

    လက်ရှိတွင် မြန်မာနိုင်တဝန်း အင်အားအကောင်းဆုံးအယ်လ်နီညို ရာသီဥတုနှင့် ကြုံတွေ့နေရသဖြင့် ယခုနှစ်နွေရာသီအတွင်း အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့သည့် မြို့ပေါင်းကိုးမြို့အထိရှိနေပြီဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနစာရင်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks