Thursday, March 19, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်သင်္ကြန်အကြို တွင် စည်းကမ်းပျက်ယာဉ် (၅၂၆) စီး ဖမ်းဆီးရမိ

    မွန်ပြည်နယ်သင်္ကြန်အကြို တွင် စည်းကမ်းပျက်ယာဉ် (၅၂၆) စီး ဖမ်းဆီးရမိ

    -

    မွန်ပြည်နယ်အတွင်း မတ်လ (၁၆) ရက်မှ ဧပြီလ (၅) ရက်နေ့အထိ မဟာသင်္ကြန်ပွဲတော်အကြိုကာလ၌ စည်းကမ်းပျက်ယာဉ် (၅၂၆) စီးကို ဖမ်းဆီးထိန်းသိမ်းထားသည်ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

    သင်္ကြန်ပွဲတော်လုံခြုံရေးအတွက် အကြိုကာလ လုံခြုံရေးဆောင်ရွက်ခြင်း၊ ပွဲတော်ကျင်းပပြုလုပ်စဉ် လုံခြုံရေး ဆောင်ရွက်ခြင်း၊ ပွဲတော်ကျင်းပပြီးကာလ ဆောင်ရွက်ရမည့် လုပ်ငန်းများ ဟု၍ (၃) ပိုင်းခွဲကာ ဆောင်ရွက် လှျက်ရှိကြောင်း သိရသည်။

    မွန်ပြည်နယ်ရဲမှူး ဝင်းအောင်က “အခုဖမ်းဆီးရမိတဲ့ မော်တော်ကားနဲ့ မော်တော်ဆိုင်ကယ်တွေကမော်တော်ဆိုင်ကယ်တွေဟာ အသံကို ဆူညံစေတဲ့ အိတ်ဇောတွေ တပ်ဆင်ထားတဲ့ ယာဉ်တွေအများဆုံး ပါဝင်တယ်” ဟုဆိုသည်။အများဆုံး ပါဝင်တယ်” ဟု ဆိုသည်။

    ယခုနှစ်သင်္ကြန်ပွဲတော်မှာ ခိုက်ရန်ဖြစ်ပွားမှု၊ ယဉ်တိုက်/တိမ်းမှောက်မှုများ မဖြစ်ပေါ်စေရန် သတိနှင့် အသိတရား ယှဉ်ပြီး ပူးပေါင်းပါဝင်ကာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ပြီး ယဉ်ကျေးမှုအမွေများ ထိန်းသိမ်းပေးရန်။ သို့မှသာ လူမျိုး ဘာသာမရွေး မိသားစုတိုင်း စိတ်ချမ်းမြေ့စွာဖြင့် နှစ်သစ်ကိုကူးပြောင်းနိုင်ကြပြီး ကမ္ဘာ့နိုင်ငံများအလယ်တွင် သမ္မတနှင့်အစိုးရတို့ ဂုဏ်မြင့်အောင် ပူးပေါင်းပါဝင်ကြစေလိုသည်ဟု ပြည်နယ်ရဲမှူးက ဆက်ပြောသည်။

    ဖမ်းဆီးထိန်းသိမ်းထားသည့် ယာဉ် (၅၂၆) စီးတွင် မော်တော်ကား (၂၁) စီး၊ ဘေးတွဲမော်တော်ဆိုင်ကယ် (၁၅) နှင့် မော်တော်ဆိုင်ကယ် (၄၉၀) စီးတို့ ပါဝင်သည်။

    လက်ရှိဖမ်းဆီးထိန်းသိမ်းထားသော မော်တော်ယဉ်များနှင့် သင်္ကြန်အတွင်း ဆက်လက်ဖမ်းဆီးရရှိမည့် မော်တော်ယာဉ်များကို သင်္ကြန်ပွဲတော်ရက် ပြီးဆုံးမှသာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

    ယမန်နှစ် မွန်ပြည်နယ်သင်္ကြန်ကာလတွင် စည်းကမ်းမဲ့ဆိုင်ကယ် ၃၉၈ စီး၊ လိုင်စင်မဲ့ကား ၂ စီး၊ စည်းကမ်းမဲ့ ထော်လာဂျီ ၁ရ စီးနှင့် အိတ်ဇောဖြုတ်ကျယ်လောင် အသံစုံပြုလုပ်သည့်ဆိုင်ကယ် ၅၅ စီးတို့ကို ဖမ်းဆီးရေးယူခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks