spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမန်ကျီးချောင်းဝရွာ စစ်တပ်အရာရှိလူသတ်မှု ရဲသို့မကြာမီလွှဲပြောင်းမည်ဟုဆို

    မန်ကျီးချောင်းဝရွာ စစ်တပ်အရာရှိလူသတ်မှု ရဲသို့မကြာမီလွှဲပြောင်းမည်ဟုဆို

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်း၊ မကျီးချောင်းဝရွာသား (၂) ဦးကို မတ်လ (၈) ရက်နေ့ သန်းခေါင်ယံအချိန်၌ သေနတ်ဖြင့် မှားယွင်းပစ်သတ်ခဲ့သည်ဟုဆိုသော အမှတ် (၂၈၀) တပ်ရင်းမှ ဗိုလ်ကြီး ဇော်မျိုးထက် အမှုအား မကြာမီ ရေးမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းလိမ့်မည်ဟု ရေးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ သိရသည်။

    အဆိုပါ ဗိုလ်ကြီး ဇော်မျိုးထက် အား လူသတ်မှုပုဒ်မ (၃၀၂) ဖြင့် အမှုဖွင့်ထားကြောင်း ရဲမှူးက မွန်သတင်းအေဂျင်စီသို့ ယနေ့ (မတ် ၁၇ ရက်) တွင် အတည်ပြု ပြောကြားခဲ့သည်။

    ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော် က“ကျတော်တို့ ဥပဒေအကြောင်းအရ အရေးယူရမှာဆိုတော့ မကြာပါဘူး။ လွှဲမှာပါ။ လူသတ်မှုဆိုတော့ ကြေးအေးလို့တော့ မရနိုင်ဘူး” ဟု ပြောသည်။

    သို့ရာတွင် တပ်မတော်သား အရာရှိဖြစ်သောကြောင့် စစ်ခုံရုံး(သို့မဟုတ်) အရပ်ဘက်တရားရုံးဖြင့် အရေးယူမည်ကို အတိကျမသိသေးကြောင်း၊ လက်ရှိတွင် ၄င်းလူသတ်မှုကျူးလွန်ခဲ့သော အရာရှိအား သက်ဆိုင်သော တပ်ရင်းတွင် စစ်ဆေးနေသည်ဟု ရဲမှူးက ဆက်ပြောသည်။

    အသတ်ခံရသူ ၂ ဦး အသုဘအခမ်းအနား(Mi Hong SA)
    အသတ်ခံရသူ ၂ ဦး အသုဘအခမ်းအနား(Mi Hong SA)

    အဆိုပါလူသတ်မှုနှင့်ပတ်သက်၍ ကမ်းရိုးတန်းဒေသတိုင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်ကြည်လွင်၊ ခမရ ၂၈၀ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖြိုးဝေဒွေးနှင့် ဒုတပ်ရင်းမှူး ဗိုလ်မှူးအောင်ကိုဝင်း တို့က သေဆုံးသူ ဦးမိုး(အသက် ၄၀ နှစ်)နှင့် ဦးချစ်စိုး(အသက် ၂၃ နှစ်) တို့၏ ကျန်ရစ်သူ မိသားစုအတွက် ထောက်ပံ့ငွေများ၊ ဆန်နှင့် စားသုံးဆီများ မန်ကျီးချောင်းဝ ရွာသို့ ကိုယ်တိုင်သွားရောက်ထောက်ပံ့ခဲ့သည်ဟု သိရသည်။

    “မိသားစုစားဝတ်နေရေးအတွက်ဆိုပြီးတော့ မတ်လ (၁၄) ရက်နေ့မှာ လာရောက်ထောက်ပံ့သွားတာပါ။ နှစ်ယောက်လုံးအတွက် ငွေသား (၁၀) သိန်း၊ ဆန် (၄) အိတ်နှင့် ဆီ (၄) ပုံး ထောက်ပံ့ခဲ့တယ်” ဟု ကျန်ရစ်သူ မိသားစုဝင် မိဒါဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။

    မိဒါဦးက “တပ်မတော်ဘက်က ခြိမ်းချောက်တာ၊ အတင်းအဓမ္မ ကြေးအေးလက်မှတ်ရေးထိုးခိုင်းတာ မရှိပါဘူး။ လာရောက် ထောက်ပံ့ခဲ့တဲ့နေ့မှာပဲ တကယ်ပစ်ခဲ့ခတ်တာလား၊ ပစ်တဲ့နေရာတွေကို စစ်ဆေးပြီးတော့ မှတ်တမ်းရေးပါတယ်။ အဲသည့် မှတ်တမ်းကို ဖတ်ပြပြီးတော့ ကျွန်မတို့ရဲ့ ထွက်ဆိုချက်အနေနဲ့ အဲဒီစာရွက်ပေါ်မှာ လက်မှတ် ထိုးခဲ့တယ်” ဟု ဆိုသည်။

    အခင်းဖြစ်ပွားသည့်ညတွင် တံငါသည် ဦးမိုးနှင့် ဦးချစ်စိုးတို့ (၂) ဦးသည် ဒီရေတက်ချိန် ပင်လယ်ပြင်သို့သွားရန် နေအိမ်မှထွက်လာစဉ် ရွာလယ်လမ်းမကြီးတွင် ဗိုလ်ကြီး ဇော်မျိုးထက် ပစ်ခတ်သောကြောင့် ၂ ဦးလုံး သေဆုံးသွားသည်ကို မှားယွင်းပစ်ခတ်မှုဟု သတင်းများထွက်ပေါ်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks