Homeသတင်းမွန်အမျိုးသမီးညီလာခံ မော်လမြိုင်မြို့တွင် ကျင်းပမည်

မွန်အမျိုးသမီးညီလာခံ မော်လမြိုင်မြို့တွင် ကျင်းပမည်

-

မွန်အမျိုးသမီးကွန်ရက်အဖွဲ့ (MWN-Mon Women Network) မှ ကြီးမှူး၍ မွန်အမျိုးသမီးညီလာခံ (Mon Women Conference) တစ်ရပ်ကို မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ပိုင်ခေတ်ခန်းမ၌ လာမည့်မတ်လ (၁၉-၂၀) ရက်နေ့များတွင် နှစ်ရက်ဆက်တိုက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါကွန်ဖရင့်တွင် မွန်အမျိုးသမီးများအကြား စည်းလုံးညီညွတ်ရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေးကဏ္ဍ တွင် ပါဝင်လာနိုင်ရေးနှင့် ကျား-မရေးရာနှင့်ပတ်သက်သည့် အကြောင်းအရာများ ကို ဆွေးနွေးသွား မည်ဟု ကျင်းပရေးကော်မတီမှ သိရသည်။

“မွန်အမျိုးသမီးနဲ့ပတ်သက်ပြီး နယ်ကနေတက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက သူတို့ရဲ့သက် ဆိုင်ရာဒေသတွေမှာ သူတို့ကောက်ယူထားတဲ့ အချက်လက်တွေရှိတယ်၊ အဲဒါကို အခြေခံပြီးတော့ လည်း ကွန်ဖရင့်မှာ ဆွေးနွေးသွားဖို့ရှိတယ်” ဟု မွန်အမျိုးသမီးကွန်ရက် ပြောရေးဆိုခွင့်ရှိသူ မိလွီဟန် ကပြောသည်။

အမျိုးသမီးနှင့်နိုင်ငံရေး ဆွေးနွေးပွဲစကားဝိုင်း (MNA)
အမျိုးသမီးနှင့်နိုင်ငံရေး ဆွေးနွေးပွဲစကားဝိုင်း (MNA)

နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် အုပ်ချုပ်ရေးကိစ္စရပ်များတွင် အမျိုးသမီးများ (၃၀) ရာခိုင်နှုန်း ပါဝင်နိုင် ရေးအတွက် ယခု ညီလာခံတွင် အဓိကထားဆွေးနွေးသွားဖို့ရှိကြောင်းကိုလည်း ကျင်းပရေးကော်မတီ အဖွဲ့မှ သိရသည်။

“အဲဒီထဲမှာ အရေးကြီးဆုံးတစ်ခုက အမျိုးသမီးထုမှ တောင်းဆိုထားတဲ့ ၃၀ ရာခိုင်နှုန်းက အခွင့်အရေး ရခဲ့လို့ရှိရင် ပြင်ဆင်ပြီးသားရှိအောင် အစီစဉ်တကျ ချထားဖို့ကိစ္စကိုလည်း ထည့်ဆွေးနွေးသွားမယ်” ဟု ကျင်းပရေးကော်မတီ မိငွေလေးက ပြောသည်။

ညီလာခံတွင် တက်ရောက်ဆွေးနွေးနိုင်ရေးအတွက် မွန်လူမှုအဖွဲ့အစည်း၊ UN Wonmen နှင့် မြို့နယ် အသီးသီးမှ ကိုယ်စားလှယ်များ (၁၀ဝ) ခန့် ဖိတ်ကြားထားသည်။

မွန်အမျိုးသမီးကွန်ယက်အဖွဲ့တွင် မွန်အမျိုးသမီးအဖွဲ့၊ မွန်စေတနာအဖွဲ့၊ တိုးတက်သောမွန်လူငယ် အစည်းအရုံး၊ မွန်ပညာရေးဌာန၊ နယ်စပ်အခြေစိုက်ကျန်းမာရေးအဖွဲ့ (BHI) နှင့် အမျိုးသမီးစွမ်းရည် မြင့်တင်ရေးအစီအစဉ်အဖွဲ့တို့ဖြင့် ဖွဲ့စည်းထားကြောင်းသိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts