Homeသတင်းNLD အစိုးရသစ်တွင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနသစ်ပါဝင်လာ

NLD အစိုးရသစ်တွင် တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနသစ်ပါဝင်လာ

-

မကြာမီ ဖွဲ့စည်းမည့် အစိုးရသစ်တွင် သတ်မှတ်ထားရှိရမည့်ဝန်ကြီးဌာန အရေအတွက်နှင့် ဝန်းကြီးစာရင်းကို သမ္မတ ဦးထင်ကျော် က မတ်လ (၁၇) ရက်နေ့တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းရာ အဆိုပါအမည်စာရင်းတွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနသစ် ပါဝင်လာသည်ကို တွေ့ရသည်။

ယခုကဲ့သို့ တိုင်းရင်းသားရေးရာဝန်ကြီးဌာနတစ်ခုကို သီးခြားအနေဖြင့် အမည်စာရင်းတွင် ပါဝင်လာရာ ပထမ အကြိမ်ပြည်ထောင်စုလွှတ်တော်သက်တမ်းမှ အတည်ပြုပြဋ္ဌာန်းထားသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးကာကွယ်စောင့်ရှောက်ရေးသည့် ဥပဒေကို အကောင်အထည်ဖော်လိုက်ခြင်းလည်း ဖြစ်သည်။

သမ္မသသစ်တင်သွင်းသည့် ဝန်ကြီးဌာနစာရင်း(Copy)
သမ္မသသစ်တင်သွင်းသည့် ဝန်ကြီးဌာနစာရင်း(Copy)

နိုင်ငံတော်သမ္မတသည် တိုင်းရင်းသားရေးရာကိစ္စရပ်များကို အလေးထားဆောင်ရွက်နိုင်ရန် တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာနကို ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် ဖွဲ့စည်းရမည်ဟု ၂၀၁၅ ခုနှစ် ဖေ ဖော်ဝါရီလအတွင်က အတည်ပြုထားသည့် အဆိုပါဥပဒေတွင် ဖော်ပြပါရှိသည်။

NLD ဦးဆောင်ဖွဲ့စည်းမည့် အစိုးရသစ်လက်ထက်တွင် ဝန်ကြီးဌာန (၂၁) ခုနှင့် ဝန်ကြီး (၁၈) ပါး ထားရှိ သွားမည်ဖြစ်ကာ သမ္မတဦး သိန်းစိန် အစိုးရလက်ထက် ဝန်ကြီးဌာန (၃၆) ခုရှိသည့်အနက် (၁၀) ခုကို ဖျက် သိမ်းထားသည်ဟု သိရသည်။

သမဝါယမဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ အားကစားဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် သမ္မတရုံးဝန်ကြီးဌာန (၅) ခုတို့ကို ဖျက်သိမ်းခဲ့သည်။

သမ္မတသစ် ဦးထင်ကျော်လက်ထက်တွင် ပေါင်းစပ်ဖွဲ့စည်းမည့် ဝန်ကြီးဌာနအမည်စာရင်းများမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေး မှုနှင့် သာသနာ ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန တို့ဖြစ်သည်။
ထို့အပြင် သမ္မတဦးသိန်းစိန်လက်ထက်က ဖွဲ့စည်းထားသည့် သမ္မတရုံးဝန်ကြီးဌာန (၆) ခုကိုလည်း (၁) ခု တည်းဖြင့် ထားရှိထားသည်ကို တွေ့ရသည်။

အဆိုပါ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုဝန်ကြီးများ၏ အမည်စာရင်း သတ်မှတ်ခြင်းကို မတ် ၁၈ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts