Homeသတင်းမွန်အမျိုးသားကွန်ဖရင့်အကြို မော်လမြိုင်မြို့တွင် နှစ်ရက်တာကျင်းပမည်

မွန်အမျိုးသားကွန်ဖရင့်အကြို မော်လမြိုင်မြို့တွင် နှစ်ရက်တာကျင်းပမည်

-

(၈) ကြိမ်မြောက် မွန်အမျိုးသားကွန်ဖရင့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ရည်ရွယ်ပြီး ပြည်တွင်းရှိ မွန်အဖွဲ့အစည်းအသီးသီး၏ ကိုယ်စားလှယ်များဖြင့် နှစ်ရက်တာ မွန်အမျိုးသားကွန်ဖရင့်အကြို တစ်ရပ်ကို မတ်လ နောက်ဆုံးအပတ် (၂၆-၂၇) ရက်များတွင် ကျင်းပမည်ဟု သိရသည်။

အဆိုပါ အကြိုကွန်ဖရင့်ကို မော်လမြိုင်မြို့၊ ဈေးကြိုရပ်ရှိ ဓာတုမာလာမွန်ပရိယတ္တိကျောင်းတိုက်တွင် ကျင်းပရန်စီစဉ်ထားပြီး မွန်ပြည်နယ်၊
ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့မှ မွန်စာပေယဉ်ကျေးမှုအဖွဲ့၊ မွန်လူမှုအဖွဲ့အစည်းများနှင့် ဂိုဏ်ပေါင်းစုံမှ မွန်သံဃာတော်များ၊ မွန်နိုင်ငံရေးပါတီများ မှ စုစုပေါင်း ကိုယ်စားလှယ် (၂၅၀) ခန့်ဖိတ်ကြားထားသည်ဟု ကျင်းပရေးကော်မတီအဖွဲ့မှ သိရသည်။

“ဒီအကြိုကွန်ဖရင့်မှာက မွန်တို့ရဲ့သွေးစည်းညီညွတ်ရေးအတွက်ကို ဘယ်လိုလုပ်ဆောင်သွားကြမှာလဲ ဒါကို အဓိ ကထား ဆွေးနွေးကြမယ်၊ ပြီးတော့
၈ ကြိမ်မြောက် မွန်အမျိုးသားကွန်ဖရင့်သို့ တက်ရောက်ဖို့ကိုယ်စားလှယ် တွေရွေးချယ်သွားမယ်” ဟု ပြည်တွင်းမွန်အမျိုးသားကွန်ဖရင့်အကြို
ဖြစ်မြောက်ရေးအဖွဲ့ ဒု-ခေါင်းဆောင် နိုင်ဝဏ္ဏ က ပြောသည်။

မွန်အမျိုးသားကွန်ဖရင့်အကြိုညှိနှိုင်းအစည်းအဝေး(MNA)
မွန်အမျိုးသားကွန်ဖရင့်အကြိုညှိနှိုင်းအစည်းအဝေး(MNA)

ထိုရွေးချယ်ခံ ကိုယ်စားလှယ်များအနေဖြင့် နှစ်ရက်တာ အကြိုကွန်ဖရင့်မှ မွန်တစ်မျိုးသားလုံးသွေးစည်း ညီညွတ်ရေးနှင့် ပတ်သက်ပြီး ရရှိထားသည့်
အချက်အလက်များကို ၈ ကြိမ်မြောက်မွန်အမျိုးသားကွန်ဖရင့်တွင်ဆွေးနွေးတင်ပြကြမည်ဟု ၄င်းက ဆက်ပြောသည်။

မွန်ရေးရာအဖွဲ့ချုပ်မှ ကြီးမှုး၍ ၈ ကြိမ်မြောက် မွန်အမျိူးသားကွန်ဖရင့်ကို လာမည့်မေလပထမ အပတ်အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူမြို့နယ်၊ဂျပန်ရေတွင်းကျေးရွာ၌ ကျင်းပပြုလုပ်သွား မည်ဖြစ်ရာ ပြည်တွင်း၊ ပြည်ပမှာရှိသည့် မွန်အဖွဲ့အစည်းအသီးသီးများမှ ကိုယ်စားလှယ်များ
တက်ရောက်ကြမည်ဖြစ်သည်။

၈ ကြိမ်မြောက် မွန်အမျိူးသားကွန်ဖရန့်ဖြစ်မြောက်ရေး ဥက္ကဌ နိုင်ဟံသာဗိန်ခိုင်းက “လက်ရှိမွန်တစ်မျိုးသားလုံး အတွက် ညီညွတ်ရေးက
အရမ်းအရေးကြီးပါတယ်။ အဲဒီညီညွတ်ရေးဖြစ်လာဖို့က ကြိုးစားပြီးတော့ လုပ်ဆောင် ရမှာပဲ။ လွယ်တော့ မလွယ်ဘူး၊ ဒါပေမယ့် မလုပ်လို့လည်းမဖြစ်ဘူးလေ”ဟု ပြောသည်။

ထို့အပြင် ၈ ကြိမ်မြောက် မွန်အမျိုးသားကွန်ဖရင့်တွင် နိုင်ငံရေး၊ ဖက်ဒရယ်တည်ဆောက်ရေး၊ မွန်အမျိုးသား မဟာဗျူဟာ နှင့် မွန်တစ်မျိုးသားလုံး
သွေးစည်းညီညွတ်ရေးခေါင်းစဉ်ဖြင့် စာတမ်းများ တင်သွင်းနိုင်ရန် သက်ဆိုင်ရာအစုအဖွဲ့များမှ ယင်းစာတမ်းများကို စတင်ပြုစုနေပြီဖြစ်သည်ဟု
သိရသည်။

မွန်ရေးရာအဖွဲ့ချုပ်ကို ပြည်တွင်း၊ ပြည်ပ မွန်အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များဖြင့် ၂၀ဝ၂ ခုနှစ်တွင် စတင်တည်ထောင်ခဲပြီး (၂)
နှစ်လျှင်တစ်ကြိမ် မွန်အမျိုးသားကွန်ဖရင့်ကို ကျင်းပလာရာ နောက်ဆုံးအကြိမ် ကွန်ဖရင့်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် မော်လမြိုင်မြို့
ပြည်နယ်ခန်မ၌ ကျင်းပခဲ့ပြီး ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts