spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့တွင် အမျိုးသမီးတစ်ဦး သေနတ်ပစ်သတ်ခံရ

    ဘုရားသုံးဆူမြို့တွင် အမျိုးသမီးတစ်ဦး သေနတ်ပစ်သတ်ခံရ

    -

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် မတ်လ ၃ ရက် ည ၉ နာရီအချိန်ခန့်တွင် အမျိုးသမီးတစ်ဦး သေနတ်ပစ်သတ်ခံသေဆုံးပြီး ၄င်းနှင့်အတူ အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

    သေဆုံးသူအမျိုးသမီး မနန်းဆိုင်ခမ်း အသက်(၄၀) နှစ်ခန့် လားရှိုးမြို့သူဟုသိရပြီး ဝဲဂျို​စောင်းမှ ယာလည်​ဂုတ်​ ​ဖောက်​ထွက်​ဒဏ်​ရာ ၁ ချက်​ဖြင့်ကရင်စုရပ်ကွက်ရှိ ရာဘာခြံတစ်ခြံတွင် လဲကျ​သေဆုံး​နေသည်ဟု အမည်မဖော်လိုသော ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    ၄င်းနှင့်အတူ သေနတ်ထိမှန် ဒဏ်ရာရရှိသူ စောလှမင်း အသက်(၂၈) နှစ်​ ပုဗ္ဗသီရိ မြို့နယ်​၊ ​နေပြည်​​တော်နေထိုင်သူဟုသိရပြီး ဝဲလက်မောင်းနှင့် ခြေသလုံးတွင် ဒဏ်ရာရရှိကာ ဘုရားသုံးဆူမြို့ဆေးရုံတွင် ဆေးကုသခံယူလျက်ရှိသည်။

    သူက “သေနတ်ပစ်ခံထိတဲ့သူတို့နှစ်ယောက် ဘုရားသုံးဆူရောက်တာ ရက်ပိုင်းလောက်ပဲ ရှိသေးတယ်၊ ငွေကြေးကိစ္စ စကားများကြတယ်လို့ပဲ ပြောနေကြတယ်၊” ဟု ဆိုသည်။


    ဘုရားသုံးဆူမြို့ ကရင်စုရပ်ကွက်ရှိ ရာဘာခြံတစ်ခြံတွင် အခင်းဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ခတ်သူမှာ ဘုရားသုံးဆူမြို့၊ အမှတ် ၁ ရပ်ကွက်နေ လှအောင် ဆိုသူဖြစ်ကြောင်း သေနတ်ဒဏ်ရာရရှိသူ စောလှမင်း တဆင့်ပြောကြားချက်အရ သိရသည်။

    အခင်းဖြစ်ပွားသည့်အနီးတဝိုက်တွင် ၉ မီလီမီတာကျည်ခွံ ၆ ခု ရဲကတွေ့ရှိသိမ်းဆည်းရမိသော်လည်း သေနတ်သမားအား ဖမ်းဆီရမိခဲ့ခြင်း မရှိပေ။

    သေနတ်​ဖြင့်ပစ်​ခတ်​သူ လှ​အောင်​ အား ဘုရားသုံးဆူ နယ်မြေရဲစခန်း (ပ ၅/၂၀၁၆) ပုဒ်​မ ၃၀၂ အရ အမှုဖွင့်လှစ်​ထားကြောင်း ရဲဝန်ထမ်းတစ်ဦးထံမှ သိရသည်။

    ယခုဖြစ်ပေါ်ခဲ့သောလူသတ်မှုသည် ၂၀၁၆ ခုနှစ်အတွင်း ဘုရားသုံးဆူမြို့တွင် ပထမဦးဆုံး ဖြစ်ပွားခဲ့သောလူသတ်မှုဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks