Homeသတင်းမွန်လူငယ်များ IT နည်းပညာဆိုင်ရာမျှဝေခြင်း စကားဝိုင်းပြုလုပ်မည်

မွန်လူငယ်များ IT နည်းပညာဆိုင်ရာမျှဝေခြင်း စကားဝိုင်းပြုလုပ်မည်

-

သတင်းအချက်လက်များနှင့်သက်ဆိုင်သော နည်းပညာ IT များကို စိတ်ဝင်စားကြသည့် မွန်လူငယ်များ ပူးပေါင်းပြီး (၂၀၁၆)ခုနှစ် မတ်လ (၅) ရက်နေ့တွင် နည်းပညာဆိုင်ရာ မျှဝေခြင်းစင်တင် စကားဝိုင်းကို မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် ပိုင်ခေတ်ခန်းမ၌ ကျင်းပပြုလုပ်မည်ဟု သိရသည်။

အဆိုပါ စကားဝိုင်းပွဲတွင် နည်းပညာများမှျဝေ ဆွေးနွေးသွားနိုင်ရန် IT နည်းပညာပိုင်းဆိုင်ရာ တတ်ကျွမ်းသော မွန်အရှင်အနန္တ (Mon Anonta Font)၊ ဂျမွန်ရော့၊ မော်ဇီ၊ ဗညာလယ်၊ တလချမ်းတို့ကို ဖိတ်ကြားထားသည်ဟု ဖြစ်မြောက်ရေး ကော်မတီအဖွဲ့မှ သိရသည်။

“ကျွန်တော်တို့မွန်လူငယ်တွေကို ဒီ(IT)နဲ့ပက်သက်ပြီး မြှင့်တင်ပေးချင်တယ် (IT)နဲ့ ပတ်သက်တဲ့ ဗဟု သုတတွေကိုလည်း မျှဝေပေးသွားချင်တယ်၊ ဒါကြောင့် ဒီပွဲကို ပြုလုပ်ရတယ်လို့” စင်တင်စကား ဝိုင်းဖြစ်မြောက်ရေးအဖွဲ့ဝင် မင်းအာနွန်းက ပြောသည်။

စင်တင်စကားဝိုင်းတွင် မွန်ယူနီကုတ်ကို မည်သို့အသုံးပြုရမည်ကို ထည့်သွင်းဆွေးနွေးသွား မည်ဖြစ်သည့်အတွက် မွန်လူငယ်တွေကို IT ပညာများကို မြှင့်တင်ပေးနိုင်မည်ဟု သူကဆက်ပြောသည်။

နည်းပညာဆိုင်ရာမျှဝေခြင်း စင်တင်စကားဝိုင်းတွင် တတ်ရောက်လေ့လာသူဦးရေ (၁၅၀) ခန့် ဖိတ်ကြားထားသည်ဟု ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။

IT နည်းပညာဆိုင်ရာမျှဝေခြင်း စကားဝိုင်း စတစ်ကာ (Share Arena Facebook)
IT နည်းပညာဆိုင်ရာမျှဝေခြင်း စကားဝိုင်း စတစ်ကာ (Share Arena Facebook)
“ဒီပွဲကို ဟောပြောပွဲလို့ဆိုပေမယ့် ကျနော်တို့ဟောပြောသွားမယ့်ပုံမျိုးမဟုတ်ဘူး ပညာတွေ အမြင်တွေကို မျှဝေပြီး အဲ့ဒီထဲမှာ ဆွေးနွေးသွားမှာပါ” ဟု ဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် နိုင်စဝေါမွန် ကပြောသည်။

နည်းပညာဆိုင်ရာမျှဝေခြင်းစင်တာစကားဝိုင်း IT တွင် အဓိကဆွေးနွေးမည့်အချက်များမှာ (Mon Font and Mon Uni-code for Mon People) မွန်လူမျိုးအတွက် မွန်စာလုံးနှင့် မွန်ယူနီကုတ်၊ ဒီဂျစ်ဒယ် မီဒီယာရဲ့အလုပ်(Digital Media Work Photography and Videography)၊ Hardware and Software ၊ Mon Application Development for Mon Language Application to use in Computer Operating System and Mobile OS system ၊ ကွန်ပျူတာသတင်းအချက်လက်များ လေ့လာရှာဖွေနည်း၊ နိုင်ငံရေးအမြင်နှင့်သက်ဆိုင်သည့် သတင်းများ Website များတွင် လေ့လာရှာဖွေနည်းတို့ ပါဝင်သည်ဟု သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေးဆိုင်ရာအကြောင်းအရာများ၊ သတင်းဋ္ဌာနများ၊ နိုင်ငံရေးလှုပ်ရှား ပြောင်းလဲရေးနှင့်သက်ဆိုင်သော သတင်းအချက်အလက် လိုက်လံကောက်ခံထားသူတို့၏ နည်းပညာများကိုလည် ပါဝင်ရောက်ဆွေးနွေးကြမည် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts