spot_img
Saturday, February 21, 2026
More
    spot_img
    Homeသတင်း၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုသို့ ဒေါ်အောန်ဆန်းစုကြည် သဝဏ်လွှာပေးပို့

    ၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုသို့ ဒေါ်အောန်ဆန်းစုကြည် သဝဏ်လွှာပေးပို့

    -

    မကြာမီကျင်းပမည်ဖြစ်သည့် ၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ဗဟိုအခမ်းအနားသို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် သဝဏ်လွှာပေးပို့ထားပြီးဖြစ်ကြောင်း မွန်အမျိုးသားနေ့ဗဟို ကျင်းပရေးကော်မတီထံမှ သိရသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာကို ဗဟိုအဆင့် အခမ်းအနားတွင် ဖတ်ကြားသွားမည်ဖြစ်ပြီး မြို့နယ် အဆင့်၊ ကျေးရွာအဆင့် မွန်အမျိုးသားနေ့ အခမ်းအနားများတွင်လည်း ယင်းသဝဏ်လွှာကို ဖတ်ကြားလိုပါက အွန်လိုင်းမှတဆင့် ရယူအသုံးပြုနိုင်ကြောင်း ၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်ပရေးကော်မတီ ဒု-ဥက္ကဋ္ဌ နိုင်တလညီကပြောသည်။

    “လောလောဆယ် ကျွန်တော်တို့ကျင်ပရေးကော်မတီထံမှာ ဒေါ်စုရဲ့သဝဏ်လွှာက အရင်ဦးဆုံးရောက်လာတာပါ၊ နောက် နိုင်ငံတော်သမ္မတကနေလည်း သဝဏ်လွှာပို့လာဖို့ရှိတယ်လို့ ပြောထားတယ်၊ ဒီသဝဏ်လွှာတွေကို ကျွန်တော်တို့တောင်းထားတာက ဗဟိုအတွက်ပေါ့၊ ဒါပေမယ့် ဒီအပြင်က တစ်ခြား မွန်အမျိုးသားနေ့ အခမ်း အနားတွေမှာ ဖတ်ကြားချင်ရင်လည်း ဖတ်ကြားနိုင်ပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

    ၆၉ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်တတိယအချက်တွင် ခိုင်မာသော ပြည်ထောင်စုငြိမ်းချမ်းရေးကို တည်ဆောက်သွားရန်နှင့် တိုင်းရင်းသားများ၏ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်များကို အမခံသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် ရေးအတွက် ကြိုးပမ်းဖော်ဆောင်သွားဖို့ ရည်ရွယ်တယ်လို့ ပါရှိပါသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

    “အခုလိုတိုင်းပြည်ရဲ့ အရေးကြီးတဲ့အသွင်ကူးပြောင်းရေးကာလမှာ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ဖို့ ပြည်ထောင်စုသားတွေ ရည်ရွယ်ချက်ထားတာ အားရကျေးနပ်စရာဲပဲဖြစ်ပါတယ်” ဟုလည်း ဒေါ်အောင် ဆန်းစုကြည်၏ သဝဏ်လွှာတွင် ပြောကြားထားသည်။

    (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုကျင်းပရေးကော်မတီဝင်များအနေဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ သဝဏ်လွှာပို့ပေးရန် ဖေဖော်ဝါရီ (၉) ရက်နေ့က စာပို့တောင်း ဆိုခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါကော််မတီ မှ တာဝန်ရှိသူများ ကဆိုသည်။

    လာမည့် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ကျရောက်မည့် (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကလော့ကျေးရွာတွင် ကျင်းပမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks