spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမုဒုံမြို့နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးဟောင်းများသာ အများစုပြန်လည်ရွေးချယ်ခံရ

    မုဒုံမြို့နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးဟောင်းများသာ အများစုပြန်လည်ရွေးချယ်ခံရ

    -

    မွန်ပြည်နယ််၊ မုဒုံမြို့နယ်ရှိ ကျေးရွာ၊ ရပ်ကွက်များသည် အုပ်ချုပ်ရေးမှုးအသစ် ပြန်လည်ရွေးချယ်ရာတွင် လက်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများသာ အများစု အနိုင်ရရှိထားကြောင်း မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ရုံးမှ သိရသည်။

    မုဒုံမြို့နယ်သည် ကျေးရွာ၊ ရပ်ကွက် စုစုပေါင်း (၄၂) ခုဖြင့် ဖွဲ့စည်းထားရာ ရပ်ကျေးအုပ်ချုပ်ရေးမှုး အသစ်များ ရွေးချယ်ရာ၌ လက်ရှိအုပ်ချုပ်အုပ်ရေးမှူးဟောင်း ၂၂ ဦး ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းခံရသည်ဟု မုဒုံမြို့နယ်ဒုဦးစီးမှုး ဦးပြည့်ဖြိုးအောင်က ပြောသည်။

    “ကျန် ၂၀ ဦးမှာ ယခုနှစ်မှသာ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံရတယ်၊ အရွေးချယ်ခံရသူများ၏ စာရင်းများကို ခရိုင်အဆင့်သို့ ပေးပို့ထားပြီးဖြစ်တယ်” ဟု ၄င်းက ဆက်ပြောသည်။

    မုဒုံမြို့နယ်တွင် ဇန်နဝါရီလဆန်းပိုင်းကတည်းက အုပ်ချုပ်ရေးမှူးရွေးချယ်မူများကို ကျင်းပခဲ့ပြီး ယခုအခါ ကျေးရွာ၊ ရပ်ကွက်များအားလုံး ရွေးချယ်ပြီးစီးခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

    မုဒုံမြိို့နယ် ဒုဦးစီးမှူး ဦးပြည့်ဖြိုးအောင်က “အုပ်ချုပ်ရေးမှူးမရွေးခင်ကတည်းက ကျွန်တော်တို့သူတို့ကို ခေါ်ပြီး ရှင်းပြတယ်။ ဥပဒေနဲ့မကိုက်ညီတာတွေ မကျေနပ်တာတွေရှိရင် တစ်ခါတည်းပြောခိုင်းပြီးတော့ ဖြေရှင်း ပေးတယ်။ ကျွန်တော်တို့အလုပ်ကလည်း ညိှ့နှိုင်းပေးဖို့ပဲလေ အဲဒါကြောင့် ရွေးချယ်တဲ့အခါမှာ အခက်ခဲ မရှိဘဲ မြန်မြန်နဲ့လုပ်ဆောင်နိုင်တာပေါ့။ ထုံမံကျေးရွာတစ်ခုပဲ သူတို့အချင်းချင်းပြဿနာရှိလို့ နည်းနည်း အခက်ခဲရှိ တယ် ” ဟုပြောသည်။

    မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (MNA)
    မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (MNA)

    သို့ရာတွင် မုဒုံမြို့နယ်၊ ထုံမံကျေးရွာတွင် ကြီးကြပ်ရေးမှူး ၅ ဦးအနက် နှစ်ဦးသည် အုပ်ချုပ်ရေးမှူးအဖြစ်အရွေးခံရသူအား လက်မခံသဖြင့် လက်မှတ်ထိုးခြင်းမရှိသေးပေ။

    မုဒုံမြို့နယ်၊ မြို့မ ၂ ရပ်ကွက်မှ ရွေးချယ်ခြင်းခံရသူ ဦးကျော်သီ က “မြို့မ ၂ မှာ၀င်အရွေးခံတာ ရယောက်ရှိ တယ်။ လူထုကတော့ ကျွန်တော်တို့ ရ ယောက်ကိုကြည့်ပြီးတော့မှ မဲပေးခဲ့တာပဲ။ ကျွန်တော်လည်း မထင်မှတ် ထားတာပါဘူး အရွေးခံရမယ်လို့။ မဲကလည်းအပြတ််နိုင်တာပေါ့ ၇၂ မဲနဲ့ ၄၃မဲဖြစ်သွားတယ်” ဟုပြော သည်။

    အုပ်ချုပ်ရေးမှူးအဖြစ်ရွေးချယ်ခြင်းခံရသည့်အတွက် ၎င်းအနေဖြင့် ရပ်ကွက်အတွင်းရှိလိုအပ်နေမှူများ လူမှူရေး နှင့် အခြားသောကဏ္ဍများကိုလည်း တတ်စွမ်းသလောက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဆက်ပြောသည်။

    မုဒုံမြို့နယ်တွင် အိမ်ခြေ ၃၀၂၃၈ နှင့် လူဦးရေ ၁၈၁၇၄၈ ဦး နေထိုင်လျှက်ရှိပြီး ရပ်/ကျေးတစ်နေရာတွင် အုပ်ချုပ်ရေးမှူး၀င် ရောက်အရွေးခံသူ အနည်းဆုံး ၂ ဦးမှ ၉ ဦးအထိရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks