spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းလူမှုရေးပြသနာများဖြေရှင်းရန် ပျားတောင်ဒေသခံတို့ လူမှုဖွံ့ဖြိုးရေးအသင်းဖွဲ့စည်း

    လူမှုရေးပြသနာများဖြေရှင်းရန် ပျားတောင်ဒေသခံတို့ လူမှုဖွံ့ဖြိုးရေးအသင်းဖွဲ့စည်း

    -

    မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ဒွန်၊ ကော့ပနောအနီးတဝိုက်ရှိ ပျားတောင်ဒေသခံများက ဒေသတွင်း ကုမ္မဏီများ ဝင်ရောက်မှု များပြားလာခြင်းကြောင့် နောင်ဖြစ်ပေါ်လာမည့် လူမှုရေးပြသနာများကို ဖြေရှင်းရန်ရည်ရွယ်ပြီး လူမှုဖွံ့ဖြိုးရေးအသင်းကိုု စတင်ဖွဲ့စည်းလိုက်သည်။

    DSC_2953 copy

    ၎င်းအဖွဲ့အစည်းကို ဒေသတွင်ရှိ ဆရာတော်အပါး (၂၀) ဝန်းကျင်မှ ဦးဆောင်၍ ဒေသခံရွာသူရွာသားများ (၁၀၀) ဝန်းကျင်ခန့် ပါဝင်ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်နေ့က ကော့ဒွန်ကျေးရွာတွင် ပြုလုပ်သည့် အစည်းအဝေးတစ်ခု၌ ဖွဲ့စည်းခဲ့သည်ဟု သိရသည်။

    ကွမ်းငန်းရွာ ဘုန်းတော်ကြီးကျောင်းမှ အရှင်ကေသရက “ဦးဇင်းတို့့ ဒီအဖွဲ့အစည်းကို ဖွဲ့တာ တခြားတစ်ဦးတစ် ယောက်ကို တိုက်ခိုက်ဖို့၊ အကျိုးစီးပွားကိုဖျက်ဆီးဖို့ မဟုတ်ဘူး။ ဦးဇင်းတို့ဒေသမှာ ကုမ္မဏီတွေ အများကြီးဝင် လာနေတယ်။ အခုတော့ ပြဿနာကြီးကြီးမာမာတော့ မရှိသေးဘူး။ နောင်ဖြစ်လာရင် ကာကွယ်ဖို့ ဖွဲ့စည်းလိုက်တာပါ” ဟု မွန်သတင်းအေဂျင်စီသို့ မိန့်ဆိုသည်။

    အဆိုပါကုမ္မဏီတို့သည် အများအားဖြင့် အပြောတစ်မျိုး၊ အလုပ်တစ်မျိုးဖြစ်နေကြောင်း၊ ဘိလပ်မြေစက်ရုံ တည်ဆောက်နေသည့် MCL ကုမ္မဏီသည် ကျောက်မီးသွေးစွမ်းအင်ဖြင့် လှျပ်စစ်မီးထုတ်လုပ်မည့်ကိစ္စကို ဒေသခံများအား မပြောပြခဲ့ဖူးကြောင်း၊ မိုင်းများမဖောက်ခွဲစဉ်ကာလ၌ အသံမထွက်စေရဟု ကတိပေးခဲ့သော်လည်း ယခုအခါ ကျောက်တောင်များကို မိုင်းခွဲရာတွင် မြေကြီးတုန်ခါမှုဖြစ်ပေါ်နေသည်ဟု အရှင်ကေသရက ဆက်လက်မိန့်ကြားသည်။

    ထိုဒေသတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသည့် ကုမ္မဏီများအနက် အကြီးစားကုမ္မဏီတစ်ခုဖြစ်သည့် MCL ဘိ လပ်မြေစက်ရုံသည် ၄င်းတို့စက်ရုံ လည်ပတ်နိုင်ရန် လိုအပ်သည့် လှျပ်စစ်ဓါတ်အားများကို ကျောက်မီးသွေး စွမ်းအင်နှင့် ထုတ်လုပ်မည်ဟု သတင်းများထွက်ရှိလာသဖြင့် ဒေသခံများ စိုးရိမ်လှျက်ရှိကြသည်။

    ကော့ဒွန်းရွာမှ နိုင်ပလိုင်က “အရင်တုန်းက ကုမ္မဏီကိုယ်စားလှယ်တွေ ရွာကိုလာပြီး ဘိလပ်မြေထုတ်လုပ်ဖို့ပဲ ပြောတယ်။ ကျောက်မီးသွေးသုံးရမယ်လို့ မပြောဘူး။ အခု ကျောက်မီးသွေးစွမ်းအင်နဲ့ လှျပ်စစ်မီး ထုတ်မယ်လို့ သိထားရတယ်” ဟု ဆိုသည်။

    အဆိုပါ ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်မည်ဆိုပါက အန္တရာယ်ရှိသည်ဟု သိထားကြောင်း၊ နောင်လာမည့် မျိုးဆက်သစ်များ၊ သားစဉ်မြေဆက် အတိဒုက္ခရောက်စေမည့် ကျောက်မီးသွေးဖြင့် လှျပ်စစ်ဓါတ်အားထုတ်လုပ်မည်ကို ကန့်ကွက်လိုကြောင်း၊ တစ်ဦးတယောက်အနေဖြင့် ကန့်ကွက်မည်ပါက မလွယ်ကူကြောင်း၊ အဖွဲ့အစည်းများဖြင့် ကန့်ကွက်နို်င်မှ ပိုမိုထိရောက်နိုင်ကြောင်း နိုင်ပလိုင်က ဆက်ပြောသည်။

    ကျိုက်မရောမြို့နယ် ကော့ဒွန်း၊ ကော့ပနော့ကျေးရွာအနီးတဝိုက်တည်ဆောက်ဆဲဖြစ်သည့် MCL မော်လမြိုင်ဘိလပ်မြေ စက်ရုံလုပ်ငန်းခွင်လည်ပတ်နိုင်ရန်အတွက် ကျောက်မီးသွေးဖြင့် လှျပ်စစ်ဓါတ်အား (၄၀) မဂ္ဂါဝပ်ထုတ်လုပ်မည့်ပစ္စည်းကိရိယာများ စက်ရုံအတွင်းသို့ ရောက်ရှိနေပြီး မကြာခင်လည်ပတ်တော့မည် သတင်းများထွက်ပေါ်နေသည်။

    အဆိုပါ ဘိလပ်မြေစက်ရုံ၏ လုပ်ငန်းနှင့်ပတ်သက်သည့်ကိစ္စရပ်များကို ဒေသခံများ နားလည် သဘောပေါက်စေရန် သက်ဆိုင်ရာကုမ္ပဏီအနေဖြင့် ရှင်းပြခဲ့ခြင်း မရှိကြောင်း၊ ဒေသခံနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကို စက်ရုံတွင်းနှင့် ပတ်ဝန်းကျင်အနီးတဝိုက်တွင် ကုမ္ပဏီက လေ့လာခွင့်မပြုကြောင်း သိရသည်။

    ၎င်းမော်လမြိုင်ဘိလပ်မြေစက်ရုံကို ထိုင်းဘတ်ငွေ (၁၂,၄၀၀) သန်း ရင်းနှီးမြုပ်နှံကာ တစ်နေ့လျှင် ဘိလပ်မြေ တန်ချိန် (၅၀၀၀) ခန့် ထုပ်လုပ်မည်ဖြစ်ကြောင်း၊ စက်ရုံ တည်ဆောက်မှုကို ၂၀၁၄၊ ဇန်နဝါရီလက အကောင်အထည်ဖေါ်ခဲ့ပြီး ၂၀၁၆ မတ်လခန့်တွင် စတင်လည်ပတ်နိုင်မည်ဖြစ်ကြောင်း စက်ရုံတည်ဆောက်ရေးကုမ္ပဏီမှ ထုတ်ဖေါ် ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts