Monday, March 23, 2026
More
    spot_img
    Homeသတင်းမနောမယ(ခရင်းချောင်း)တံတားပြီးစီးနိုင်ရန် ကျပ်သိန်း ၈၀ဝ ဝန်းကျင်လိုအပ်နေ

    မနောမယ(ခရင်းချောင်း)တံတားပြီးစီးနိုင်ရန် ကျပ်သိန်း ၈၀ဝ ဝန်းကျင်လိုအပ်နေ

    -

    မနောမယ(ခရင်းချောင်း)တံတား(MNA)
    မနောမယ(ခရင်းချောင်း)တံတား(MNA)
    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကမ်းနီ – ကော့ခိုက်ကျေးရွာအနီးရှိ ခရင်းချောင်းတွင် ကမ်းနီတောရ ကျောင်းဆရာတော်က ဦးစီးဦးဆောင်ပြုပြီး ဆောက်လုပ်လျှက်ရှိသည့် မနေမယ(ခရင်းချောင်း) တံတား အပြီးအစီးဆောက်လုပ်နိုင်ရန် နောက်ထပ်ငွေကျပ်သိန်း ၈၀ဝ ဝန်းကျင်ခန့် လိုအပ်နေသည်ဟု တံတားဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဦးကျော်လွင်ဦးက ပြောသည်။

    ၂၀၁၅-၂၀၁၆ ဘတ်ဂျက်ကာလတွင် နိုင်ငံတော်ထံမှ ငွေကျပ်သိန်းပေါင်း ၃၃၀ဝ(သုံးထောင့်သုံးရာ) ရရှိခဲ့ပြီးဖြစ်သော်လည်း တံတားပြီးစီးရန် နောင်အစိုးရသစ်တက်သည့်အခါ နောက်ထပ်ဘတ်ဂျက်ကျ/မကျ ဆိုသည့်အပေါ် မူတည်နေသည်ဟု ဆိုသည်။

    ဦးကျော်လွင်ဦးက “ပွင့်လင်းစွာပြောရမယ်ဆိုရင်တော့ ဒီတံတားကို ကိုယ်တို့ရဲ့ ဆရာတော်ကတာဝန်ယူထားတာပေါ့ နော်၊ ဒီလိုခက်ခဲကြပ်တည်းတဲ့ငွေကြေးအပိုင်းကိုတော့ သူ့ရဲ့ဒကာတွေကနေသော်လည်းကောင်း၊ အလှူခံရရှိထားတဲ့ငွေက နေသော်လည်းကောင်း၊ ပြီးတော့ဆရာတော်ကိုတစ်သီးတစ်ပုဂ္ဂလလာလှူဒါန်းတဲ့ငွေတွေနဲ့ပဲ ဆောင်ရွက်နေတာပါ ၊ လက်ရှိမှာတော့ ဆရာတော်မှာ အကြွေးအနည်းအကျဉ်းတော့ရှိလိမ့်မယ်လို့ထင်တယ်၊ ဘယ်လောက်ရှိတယ်ဆို တာ ဆရာတော်ကိုမေးပြီးမှသိမှာပါ” ဟု ပြောသည်။

    အနီးတဝိုက်ကျေးရွာများမှ ကျေးရွာသူ/သားများ၏ လူအား၊ ငွေအား၊ လုပ်အား နှင့်အတူ နိုင်ငံတော်ဘတ်ဂျက် ငွေများဖြင့် ဆောက်လုပ်နေသည်မှာ လပေါင်း (၁၁) လ ကြာခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

    “ဒီခရင်းချောင်းတစ်လျှောက်မှာရှိတဲ့ ရွာတော်တော်များများဟာ မွန်ရွာတွေပဲ၊ ချောင်းအရှေ့ ဘက်မှာဆိုရင် ကော့ခိုက်၊ ကော့ကျိုက်၊ ကမ်းနီ၊ တံတားဦး ရွာတွေရှိမယ်၊ ချောင်းအနောက်ဘက်မှာဆိုရင်လည်း ကော့ဂူ၊ ကော့မိ၊ ကော့ဘိန်း၊ ကော့ပေါက်၊ မင်းရွာ စတဲ့ရွာတွေရှိမယ်၊ အဲ့ဒီရွာတွေအားလုံးမှာ ကျနော်တို့အလှူခံ ထွက်လို့ပြီးပါပြီး” ဟု တံတားအလှူခံမဏ္ဍပ်အလှူခံ နိုင်မငေး က ပြောသည်။

    အဆိုပါတံတားသည် အရှည်ပေ ၂၇၀၊ အကျယ် ပေ ၃၀ ရှိသည့် နှစ်လမ်းသွားတံတားဖြစ်၍ ၁၀ တန် အလေးချိန်ခံဝန်အားရှိရန် ဆောက်လုပ်မည်ဖြစ်ပြီး စုစုပေါင်းငွေကျပ်သိန်း ၉၀ဝ၀ (သိန်းကိုးထောင်) ခန့်ကုန်ကျမည်ဟုလျာထားပြီး ကရင်ပြည်နယ်၊ တံတားအထူးဖွဲ့အမှတ်(၂၀) နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းတည်ဆောက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks