Homeသတင်းUNA အဖွဲ့ဝင်အဖြစ် လှျောက်ထားလာသည့် နိုင်ငံရေးပါတီ ၃ ပါတီရှိ

UNA အဖွဲ့ဝင်အဖြစ် လှျောက်ထားလာသည့် နိုင်ငံရေးပါတီ ၃ ပါတီရှိ

-

UNA ခေါင်းဆောင်များ(Internet)
UNA ခေါင်းဆောင်များ(Internet)
အိုက်စိုင်း – တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသော စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့(UNA)တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ပြုရန် လှျောက်ထားလာသော နိုင်ငံရေးပါတီ ၃ ပါတီရှိကြောင်း

သတင်းရရှိသည်။

“UNA အဖွဲ့ဝင်အဖြစ် ပါဝင်ခွင့်ပြုဖို့ လှျောက်ထားလာတဲ့ တိုင်းရင်းသားပါတီ ၃ ခုလောက်ရှိတယ်။ကျွန်တော် တို့ UNA အဖွဲ့ဝင်များနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတယ်ဆိုပြီးတော့ ကမ်းလှမ်းလာတာပေါ့။အခု ​လျှောက်ထားလာတဲ့ ပါတီတွေကလည်း တိုင်းရင်းသားပါတီတွေဘဲ ဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ UNA အဖွဲ့ဝင်တွေ တိုင်ပင် ကြရအုံးမယ်”ဟု UNA အဖွဲ့ခေါင်းဆောင် ရခိုင်အမျိုးသားပါတီမှ ဦးအေးသာအောင်က ပြောသည်။

UNA အဖွဲ့ဝင်များအဖြစ် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ ရခိုင်မျိုးချစ်ပါတီ ၊ ချင်းအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် စသည့် တိုင်းရင်းသားပါတီများ လျောက်ထားကြောင်း UNA အဖွဲ့ဝင်များထံမှ သိရသည်။

“တခြား တိုင်းရင်းသားပါတီတွေနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ ကိုယ့်ပြည်နယ်အရေး၊ပြည်သူအကျိုးပြုရေး၊ ပြည်ထောင်စု အရေးစတာတွေကို ဆောင်ရွက်သွားခြင်းလို့ ကျွန်တော်တို့ ပါတီရဲ့ ရည်ရွယ်ချက်အတိုင်း UNA အဖွဲ့ဝင် အဖြစ် ပါဝင်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်”ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၏ ဥက္ကဌဖြစ်သူ ဦးမနာမ်တူး ဂျာက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီများဖြစ်သော မွန်အမျိုးသားပါတီ(ယခင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၊ ကယန်းအမျိုးသား ပါတီ၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီ၊ ကရင်အမျိုးသားပါတီ၊ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ၊ ကချင်အမျိုးသားဒီမိုကရေစီကွန်ဂရက်စသည့် တိုင်းရင်းသား ပါတီများဖြင့် UNA ကိုဖွဲ့စည်းထားခြင်း ဖြစ်သည်။

UNA ၏ ပထမဆုံး ညီလာခံကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလက ကျင်းပခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် UNA အဖွဲ့ဝင် ပါတီများ ရွေးကောက်ပွဲ၌ နေရာ အများအပြား အနိုင်ရရှိရေး ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော UNA အဖွဲ့ဝင်များသည် လွှတ်တော် သုံးရပ်စလုံးတွင် ကိုယ်စားလှယ်လောင်းနေရာ ၁၀၀ ဝန်းကျင် အနိုင်ရရှိခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts