Tuesday, May 12, 2026
More
    spot_img
    Homeသတင်းလမိုင်းမြို့တွင် မီးလောင်မှု ဖြစ်ပွား၊ နေအိမ် ၂ လုံး ဆုံးရှုံး

    လမိုင်းမြို့တွင် မီးလောင်မှု ဖြစ်ပွား၊ နေအိမ် ၂ လုံး ဆုံးရှုံး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်းက မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၂ လုံး ဆုံးရှုံးခဲ့ကြောင်း တာဝန်ရှိသူများနှင့် မျက်မြင်များ၏ ပြောကြားချက်အရ သိရသည်။

    လမိုင်းမြို့၊ မြို့မ ၂ ရပ်ကွက်၊ ပြည်တော်သာရေတွင်းလမ်းရှိ ဒေါ်ဒေဝီဆန်းလင်း ပိုင် နေအိမ်မှ စတင်လောင်ကျွမ်းသည့် မီးကြောင့် ၎င်း၏ ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း နေအိမ်တစ်လုံးနှင့် တောင်ဘက်ကပ်လျက် ဦးမောင်စိုး၏ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ်တစ်ခြမ်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု လမိုင်းမြို့ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    မီးသတ်ဦးစီးဌာန၏ တွက်ချက်မှုအရ ဆုံးရှုံးမှုတန်ဖိုး ၂၁၇၅၀ဝ (နှစ်သိန်းကျော်) ကျပ် ရှိသည်ဟု ဆိုသော်လည်း ဒေသခံများကမူ သိန်း ၂၀ ဝန်းကျင် ဆုံးရှုံးမှု ရှိသည်ဟု ပြောသည်။

    လမိုင်းမြို့လူနေအိမ် ၂ လုံး မီးလောင်ကျွမ်းမှု(IMNA)
    လမိုင်းမြို့လူနေအိမ် ၂ လုံး မီးလောင်ကျွမ်းမှု(IMNA)

    မြို့မ ၂ ရပ်ကွက်မှ မျက်မြင်တစ်ဦးက “ဆရာမ (ဒေါ်ဒေဝီဆန်းလင်း) အိမ် မီးဖိုချောင်ဘက်က စလောင်တာ၊ အဲဒီကနေ တောင်ဘက်ကို ကူးပြီး ဦးမောင်စိုးအိမ်ဘက်ကို လောင်တယ်။ ဆုံးရှုံးမှု နှစ်သိန်းကျော် ဆိုတာက အစိုးရရဲ့ နှုန်းထားနဲ့ တွက်တာပါ။ တကယ် ဒေသတန်ဖိုးနဲ့ဆို ဒီထက် ဆယ်ဆလောက် ရှိမယ်” ဟု ပြောသည်။

    ညနေ ၅ နာရီ ၃၀ မိနစ်တွင် စတင်လောင်ကျွမ်းသည့် မီးကို လမိုင်းမြို့နှင့် မော့ကနင်ကျေးရွာမှ မီးသတ်ကား ၂ စီးဖြင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦး၊ ရပ်ကွက်နေပြည်သူ ၃၀ ဝန်းကျင်တို့က ဝိုင်းဝန်းငြိမ်းသတ်ခဲ့ပြီး ၆ နာရီအချိန်တွင် ငြိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်ဦးစီးဌာန ပြောသည်။

    မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်ဒေဝီဆန်းလင်းအား အရေးယူနိုင်ရန်အတွက် လမိုင်းမြို့ ရဲစခန်းမှ ဒုရဲအုပ် ဒါးရှင်းခိုင် က တရားလိုပြု တိုင်ကြားပြီး ပြစ်မှုပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,700SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks