spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းလူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော် ရေးမြို့တွင်ကျင်းပမည်

    လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ ခရီးသွားရုပ်ရှင်ပွဲတော် ရေးမြို့တွင်ကျင်းပမည်

    -

    ရုပ်ရှင်ပွဲတော်ဘိတ်ကြားလွှာ(Copy)
    ရုပ်ရှင်ပွဲတော်ဘိတ်ကြားလွှာ(Copy)
    အာကာ – တတိယအကြိမ်မြောက် လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နယ်လှည့် ရုပ်ရှင်ပွဲတော်၏
    မွန်ပြည်နယ်ပွဲစဉ်ကို ရေးမြို့တွင် ကျင်းပမည် ဖြစ်ကြောင်း
    ပွဲစီစဉ်သူများထံမှ သိရသည်။

    ထိုရုပ်ရှင်ပွဲတော်တွင် ဇာတ်ကား ၁၃ ကားကို ပွဲစဉ် ၃ ခု ခွဲကာ၊ နို၀င်ဘာလ
    ၂၉ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ည ၉ နာရီထိ သီရိခေမာရပ်ကွက်၊ သာသနာ ၂၅၀၀
    စေတီ၊ ဓမ္မဗိမ္မာန်တော်ကြီး၌ ကျင်းပမည် ဖြစ်သည်။

    ပွဲတော် ဖြစ်မြောက်ရေးအတွက် ပူးပေါင်းစီစဉ်သည့် ရေးမြို့နယ်
    လူမှုအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်၀င်းက
    “ဒီလိုရုပ်ရှင်ပွဲတော်မျိုးက ရေးမှာ ပထမဆုံး ပြုလုပ်တာ ဖြစ်ပါတယ်။ အချိန်
    ၃ ပိုင်းခွဲပြီး ပြသသွားမှာပါ၊ အသိပညာတွေ ရရှိသွားမယ်လို့ ယုံကြည်ပါတယ်။
    အားလုံးကို လာရောက်ကြည့်ရှုစေချင်ပါတယ်။” ဟု ပြောသည်။

    ပွဲစဉ် (၁) ကို မွန်းလွဲ ၁ နာရီမှ စ၍ ဇာတ်ကား ၅ ကားကိုလည်းကောင်း၊ ပွဲစဉ်
    (၂) ကို ညနေ ၄ နာရီမှ စ၍ ဇာတ်ကား ၈ ကားကိုလည်းကောင်း၊ ပွဲစဉ် (၃) ကို ည ရ
    နာရီမှ စကာ ဇာတ်ကား ၄ ကားကိုလည်းကောင်း ပြသသွားမည် ဖြစ်ပြီး၊ မတ် ၁၃ ဆုရ
    Animation ရုပ်ရှင် Wanna Go to School နှင့် ဟံသာဝတီ ဦးဝင်းတင်ဆု၊
    မင်းကိုနိုင်ဆုရ A Buffalo Boy ဇာတ်လမ်းတိုကို ပွဲစဉ် ၃ ခုလုံးတွင်
    ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

    ပွဲစီစဉ်သူ ဒါရိုက်တာ မင်းသန်းဦး က “ကလေးသူငယ်
    ပညာပေးကား၊ အမျိုးသမီး အခွင့်အရေးတွေနဲ့ ပတ်သက်တာတွေ၊ အလုပ်သမားနဲ့
    လယ်သမားအခွင့်အရေးဆိုင်ရာ ဇာတ်ကားတွေကို ပြသပေးသွားမှာပါ” ဟု ပြောသည်။

    ပြသမည့် ရုပ်ရှင် ၁၃ ကားတွင် ဒေါ်အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊
    ဟံသာဝတီ ဦးဝင်းတင်ဆု၊ မတ် ၁၃ ဆု၊ Peter Wintonick ဆုရ မြန်မာနှင့်
    နိုင်ငံတကာမှတ်တမ်းရုပ်ရှင်များ၊ ဇာတ်လမ်းတိုများနှင့် Animation
    ရုပ်ရှင်များ ပါဝင်မည်ဟု သိရသည်။

    ပြသမည့် ရုပ်ရှင်ဇာတ်ကားများအနက် “နိဒါန်း” အမည်ရှိ ဇာတ်ကားသည်
    ရေးမြို့နယ် အနောက်ဘက် ဖာလိန်ဒေသ၊ အံဒင်ကျေးရွာအနီးတွင်
    ထိုယိုထိုင်းကုမ္ပဏီက တည်ဆောက်ရန် စိုင်းပြင်းနေသည့်
    အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းကြောင့် ဒေသခံများ၏ လူမှုပတ်ဝန်းကျင်
    ထိခိုက်မှုကို ရေးမြို့နယ်သား ဒါရိုက်တာ မင်းသန်းဦးက
    ပုံဖော်ရိုက်ကူးထားသည့် ၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ဆုရ
    မှတ်တမ်းရုပ်ရှင် ဖြစ်သည်။

    အံဒင်လူငယ်တစ်ဦး ဖြစ်သည့် မိစန္ဒာအေး က “ဒီလို ကိုယ့်ဒေသမှာ
    ဖြစ်ပျက်နေတာ၊ ဒေသခံတွေ ဘယ်လောက်ထိ အလိမ်ခံနေရသလဲဆိုတာ ပြည်တွင်းမှာရော
    ပြည်ပကပါ သိအောင် ပြသပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

    အဆိုပါ ရုပ်ရှင်ပွဲတော်၏ ပထမအကြိမ် မွန်ပြည်နယ် ခရီးစဉ်တွင်
    မော်လမြိုင်မြို့၌လည်းကောင်း၊ ဒုတိယအကြိမ်တွင် ပေါင်မြို့၌လည်းကောင်း
    ကျင်းပခဲ့ပြီး ဖြစ်သည်။

    ပြသသည့် ဇာတ်ကားအများစုမှာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဦးစီးသည့်
    လူ့ဂုဏ်သိက္ခာ ရုပ်ရှင်သိပ္ပံကျောင်းဆင်းမှ ဒါရိုက်တာများ၏ ဇာတ်ကားများ
    ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks