spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်တွင် English Access Microscholarship Program သင်တန်း ဒုတိယအကြိမ် ဆက်လက်ဖွင့်လှစ်မည်

    မော်လမြိုင်တွင် English Access Microscholarship Program သင်တန်း ဒုတိယအကြိမ် ဆက်လက်ဖွင့်လှစ်မည်

    -

    စနောင်းတိုင်း – ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ပံ့ပိုးကူညီမှုဖြင့် English Access Microscholarship Program သင်တန်း ဒုတိယအကြိမ် ဆက်လက်ဖွင့်လှစ်မည်ကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊

    မော်လမြိုင်မြို့ရှိ ဓာတုမာလာ ကျောင်းတိုက်၌ ကြေညာခဲ့သည်။

    ယင်းသင်တန်းသည် အသက် ၁၆ နှစ်မှ ၁၈ နှစ်အကြားရှိ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အောင် ကျောင်းသားလူငယ်များကိုသာ လက်ခံမည်ဖြစ်ပြီး အမေရိကန် သံရုံး၏ ထောက်ပံ့စရိတ်ဖြင့် ၂ နှစ်တာကာလ ဖွင့်လှစ်သွားမည်ဖြစ်သည်။

    “ဒီသင်တန်းဟာ ကျောင်းသားတွေကိုသာ အဓိကထား သင်ကြားပေးတယ်။ တစ်ဦးနဲ့တစ်ဦး အလုပ်ဖလှယ်မှု အစီစဉ်လည်းပါတယ်။ နှစ်ယောက်တစ်တွဲဖြစ်စေ၊ အစုဖွဲ့အလိုက်ဖြစ်စေ ပူပေါင်း လုပ်ဆောင်တတ်ဖို့ အစီစဉ်လည်းပါတယ်။ လူထုနှင့် ထိတွေ့မှုရှိအောင် ကျောင်းပြင်ပ လှုပ်ရှားမှုကိုလည်း ပြုလုပ်သွားမယ်” ဟု အမေရိကန်သံရုံး (ရန်ကုန်) မှ ယဉ်ကျေးမှုနှင့် ပညာရေး တာဝန်ခံ ဒေါ်သူဇာလွင်က ဆိုသည်။

    ကျောင်းသားများအနေဖြင့် လူမျိုး၊ ဘာသာမရွေး တက်ရောက်ခွင့်ရှိပြီး သင်တန်းတက်ရောက်ရန် ပဏာမစမ်းသပ်ဖြေဆိုခြင်း၊ လူတွေ့ Interview မေးမြန်းခြင်း၊ အရည်အချင်း အဆင့်မီပါက ပြည်ပကျောင်းသို့၄င်း၊ အမေရိကန်နိုင်ငံသို့ ရက်တိုသင်တန်းများနှင့် လူငယ်နှီးနှော်ဖလှယ်ပွဲသို့၄င်း တက်ရောက်ခွင့်ရှိသည် ဟုသိရသည်။

    “နွေရောက်ရင် နွေရာသီစခန်း(Summer Camp) အစီအစဉ် ပြုလုပ်ပေးပြီး၊ အဲဒီကတဆင့် အသိမိတ်ဆွေတွေ တိုးများလာမယ်။ အတွေးသစ် အမြင်သစ်လည်း ရရှိလာမယ်”ဟု ပထမအကြိမ် သင်တန်းသို့ တက်ရောက်ခဲ့သော မောင်ကောင်းမြတ်သူက ပြောသည်။

    English Access Microscholarship Program သင်တန်းများကို မြန်မာနိုင်ငံ၏ မြို့နယ်ကြီးများ ဖြစ်သော မြစ်ကြီးနား၊ စစ်ကိုင်း၊ ကျောက်ဆည်၊ မန္တလေး၊ ဟိုပုံး၊ ပြည်၊ ပုသိမ်၊ မော်လမြိုင် နှင့် ဖားအံ မြို့နယ် တွေမှာလည်း ဖွင့်လှစ်လျှက်ရှိပြီး လွိုင်ကော်မြို့တွင်လည်း မကြားမီ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks