Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်း၂၀၁၅ ရွေးကောက်ပွဲ မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၅ သိန်းကျော် တိုးပွားလာ

၂၀၁၅ ရွေးကောက်ပွဲ မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၅ သိန်းကျော် တိုးပွားလာ

-

လဝက ဆောင်ပုဒ်(Internet)
လဝက ဆောင်ပုဒ်(Internet)
အိုက်စိုင်း – နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူသည် ၁၅ သိန်းကျော်ရှိ သည့်အတွက် ၂၀၁၀ အထွေထွေရွေးကောက်ပွဲထက် မဲပေးခွင့်ရှိသူ ၅ သိန်းကျော် တိုးလာခဲ့ကြောင်း သတင်းရရှိသည်။

“ဒါကတော့ ကျွန်တ်ောတို့ မဲစာရင်းကို ဥပဒေပါ အတိုင်းဘဲ ကောက်ခံခဲ့တယ်။အဲ့ဒီလို ကောက်ခံတဲ့အပေါ်မှာ အခုလို မဲပေးခွင့်ရှိတဲ့ သူစာရင်း တွေ ထပ်တိုးလာတာဖြစ်တယ်။ဘယ်သူတွေတိုးလည်းဆိုရင် ရက်ပေါင်း ၁၈၀ အတွင်းနေထိုင်သူတွေဟာ ပုံစံ(၃-က)နဲ့လှျောက်လာကြတယ်။ဒီလူစာရင်းတွေ ထပ်တိုးလာတာဖြစ်ပါတယ်”ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ရွေးကောက်ပွဲအရာရှိ ဦးဟိဏ်းလင်းထက်ကပြောသည်။

မွန်ပြည်နယ်တွင် စက်တင်ဘာ ၁၄ ရက်မှ ၂ရ ရက်နေ့တွင် ကြေညာခဲ့သော မဲပေးခွင့်ရှိသူ စာရင်း၌ ၁၄ သိန်း ရ သောင်းကျော် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိကြောင်း ကြေညာခဲ့ပြီးနောက် မဲစာရင်းများ ထပ် မံ ကောက်ခံခဲ့ရာမှတော့ ၁၅ သိန်း ၁ သောင်းကျော်ရှိလာခဲ့ကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးကပြောသည်။

သို့သော် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပစဉ်တွင် မွန်ပြည်နယ်၌ မဲပေးခွင့်ရှိသူ ၁၀ သိန်း ၁သောင်း ၆ ထောင် ကျော်ရှိပြီး ယခု ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ ၁၅ သိန်း ၁ သောင်းကျော်ရှိလာသည့် အတွက် မဲပေးပိုင်းခွင့်ရှိသူ ၅ သိန်းကျော် တိုးပွားလာခဲ့ကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံး ထံမှ ပြောသည်။

ယင်းနောက် မွန်ပြည်နယ်တွင် မဲရုံ ၉၁၉ ရုံဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး တပ်မတော်သားများ ပေးရန် လွဲကူစေရန် အတွက်ကိုလည်း တပ်မတော်််တပ်ရင်းများအတွင်း မဲရုံ ၄၀၀ ကျော်ကို ဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် လူဦးရေ ၂၀၅၀၂၈၁ ဦးရှိကြောင်း ၂၀၁၅ ခုနှစ်၊ မတ်လ ကကြောက်ခံခဲ့သော သန်းစာရင်း အရ သိရသည်။ အဆိုပါ လူဦးရေ စာရင်းအရ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ မဲပေးခွင့်ရှိသူ ၁၅၁၀၀၀၀ ကျော်ရှိသည်။

ထိုအရေအတွက်အရ မဲပေးခွင့်မရှိသူ ၅ သိန်းကျော်ရှိရာ အဆိုပါ မဲပေးခွင့်မရှိသူများမှာ အသက် ၁၅ နှစ် မပြည့် သေးသူများဖြစ်ကြောင်းလည်း သိရသည်။

မွန်ပြည်နယ်တွင် မဲပေးခွင့်ရှိသူ ၅ သိန်းကျော် တိုးပွားလာခြင်းမှာ ပုံစံ(၃-က)ဖြင့် လှျောက်ထားလာသူများ လည်းပါဝင်ကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts