Homeသတင်းတိုင်းရင်းသတင်းဌာနများကို ကူညီထောက်ပံ့မည်ဟု ပြန်ကြားရေးဝန်ကြီး ပြောကြား

တိုင်းရင်းသတင်းဌာနများကို ကူညီထောက်ပံ့မည်ဟု ပြန်ကြားရေးဝန်ကြီး ပြောကြား

-

ပြန်ကြားရေးဝန်ကြီးနှင့် တိုင်းရင်းမီဒီယာများတွေ့ဆုံစဉ်(MOI)
ပြန်ကြားရေးဝန်ကြီးနှင့် တိုင်းရင်းမီဒီယာများတွေ့ဆုံစဉ်(MOI)
အိုက်စိုင်း – ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းရင်းသား သတင်းဌာနများမှ တာဝန်ရှိ သူများ တွေ့ဆုံကာ ဆွေးနွေးခဲ့ကြရာတွင် တိုင်းရင်းသား သတင်းဌာနများ၏ လိုအပ်ချက်များကို ပြန်ကြားရေးဝန်ကြီးဌာန(MOI)အနေဖြင့် အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဟု ဝန်ကြီးဦးရဲထွဋ် ပြောကြားခဲ့ကြောင်း နိုင်ငံတကာ မြန်မာ့သတင်း BNI သတင်းထုတ်လုပ်မှုနှင့် အရည်အသွေးမြှင့်တင်ရေးအဖွဲ့ NQATခေါင်းဆောင် ဦးဇင်လင်းက ပြောသည်။

အောက်တိုဘာ ၁၃ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ ဧည့်ရိပ်သာတွင် ပြည်ထောင်စုဝန် ကြီး ဦးရဲထွဋ်နှင့် BNI သတင်းအဖွဲ့ဝင် တိုင်းရင်းသား သတင်းဌာနများ၊ ဒေသအခြေစိုက်သတင်းဌာန တာဝန်ရှိသူများတွေ့ဆုံကာ ပုံနှိပ်ထုတ်ဝေခြင်းနှင့်သတင်းဌာနအဖြစ် ရပ်တည်ရာမှာ ကြုံတွေ့နေရသော အခက်အခဲများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဦးဇင်လင်းက “အဓိကတော့ တိုင်းရင်းသား သတင်းဌာနတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို မေးတယ်။ပြီးတော့ တိုင်း ရင်းသား သတင်းဌာနတွေရဲ့ အခက်အခဲတွေကို မေးတယ်။ဒါကို ကျွန်တော်တို့ဘက်က ပြန်ပြီး ဆွေးနွေး တဲ့ အခါမှာ MOI(ပြန်ကြားရေးဝန်ကြီးဌာန)အနေနဲ့ အတတ်နိုင်ဆုံး လိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးမယ် လို့ ဦးရဲထွဋ် ဘက်က ပြောခဲ့တယ်။ဒါပေမဲ့ ဘယ်လို ကူညီမယ် ဘာတွေ ထောက်ပံ့မယ်ဆိုတာကိုတော့ အတိအကျ ပြောဆိုတာတော့မရှိဘူး၊ အကြမ်းဖျဉ်းတော့ ကူညီမယ်လို့ပြောခဲ့တယ်၊ တိုင်းရင်းသား သတင်း ဌာနတွေရဲ့ လိုအပ်ချက်တွေက တော့ မတူကြဘူး ပေါ့ဗျာ”ဟု ပြောသည်။

တိုင်းရင်းသား သတင်းဌာနများအနေဖြင့် သတင်းထောက် အရေအတွက် မလုံလောက်ခြင်း၊ ပစ္စည်း ကိရိယာများ မလုံလောက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်ခြင်းကြောင့် သတင်းများ နောက်ကျခြင်း၊ ပုံနှိမ်ထုတ်ဝေမှု အခက်အခဲများ ဖြစ်ပေါ်ခြင်း စသည့် ကိစ္စရပ်များ ဆွေးနွေးတင်ပြခဲ့သည်ဟု တိုင်းရင်းသား သတင်းဌာနများမှ ပြောသည်။

ပြန်ကြားရေးသတင်းဌာန(MOI)မှ အဆိုပါ အခက်အခဲများကို အတတ်နိုင်ဆုံး ကူညီထောက်ပံ့မှုများ ပေး အပ်သွားမည်ဖြစ်သကဲ့သို့ ပြန်ကြားရေးဝန်ကြီးဌာန MOI မှ ပို့ချမည့် သင်တန်းများတွင်လည်း တိုင်းရင်းသား သတင်းဌာနရှိ သတင်း ထောက်များကို တက်ရောက်ခွင့်ပြုသွားမည်ဟု သဘောတူညီခဲ့ကြောင်း၊ အကယ်၍ တိုင်းရင်းသား သတင်း ဌာနများမှ လက်ခံမည်ဆိုပါက MOI ဌာနဖက်မှ သတင်းဖလှယ်မှုများ ပြုလုပ်သွားရန်လည်း လက်ခံ ပါကြောင်း ဦးရဲထွဋ်ဘက်မှ ဆွေးနွေးခဲ့သည်ဟု သိရသည်။

ဝန်ကြီး ဦးရဲထွဋ်က လူမှုကွန်ရက် စာမျက်နှာပေါ်တွင် “ဒီနေ့ မဇျ္ဓီမမီဒီယာနဲ့ပူးပေါင်းပြီး BNI အပါအဝင် တိုင်းရင်းသားမီဒီယာအချို့နဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဓိက ဆွေးနွေးတဲ့အချက်ကတော့ တိုင်းရင်းသား ဘာသာနဲ့ထုတ်ဝေတဲ့ သတင်းစာ၊ ဂျာနယ်များ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဘဏ္ဍရေးအရ အကူအညီပေးရေး၊ သတင်းအချက်အလက်ဖလှယ်ရေးတို့ကို ဆောင်ရွက်ရာမှာ လိုက်နာ ဆောင်ရွက်ရမယ့် အခြေခံမူများ၊ စံနှုန်းများကို သတ်မှတ်ဖို့ဖြစ်ပါတယ်။ အဲဒီစံနှုန်းများ သတ်မှတ် ပြီး ရင်တော့ သတ်မှတ်ချက်နှင့် ကိုက်ညီတဲ့ တိုင်းရင်းသား မီဒီယာများကို ပြန်ကြားရေးဝန်ကြီးဌာနက ကူညီ ပံ့ ပိုးနိုင်ရေးအတွက် ဆက်လက် စီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ရေးသား ဖော်ပြထားသည်။

အဆိုပါ ဆွေးနွေးပွဲသည် ပြန်ကြားရေးဝန်ကြီးဌာန နှင့် တိုင်းရင်းသား သတင်းဌာနများ ပထမဆုံး တွေ့ဆုံပွဲ ဖြစ်ပြီး တိုင်းရင်းသား သတင်းဌာနများဘက်မှ BNI အဖွဲ့ဝင် ကန္တာရဝတီတိုင်းမ်၊ သံလွင်တိုင်းမ်၊ ခိုနှုမ်းထုန် သတင်းဌာန၊ ပဲခူးအသံ၊ နိရဥ္ဒရာ သတင်းဌာန၊ မဇျိ္စမသတင်းဌာန၊ ချင်းဝေါလ်သတင်းဌာန စသည့် တိုင်းရင်းသား သတင်းဌာနများမှ တာဝန်ရှိသူ ၂၅ ဦး တက်ရောက် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts