Homeသတင်းဘုရားသုံးဆူမြို့တွင် မော်တော်ဆိုင်ကယ်ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

ဘုရားသုံးဆူမြို့တွင် မော်တော်ဆိုင်ကယ်ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေ

-

ဝံသမွန် – ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့တွင် ယခုလအတွင်း မော်တော်ဆိုင်ကယ်ပျောက်ဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်းဒေသခံများထံမှ သိရသည်။

ဆိုင်ကယ်ပျောက်ဆုံးခဲ့သူတစ်ဦးက “ညက(သြဂုတ် ၉ ) သူငယ်ချင်းညီမ မီးဖွားလို့ ကျနော့်ဆိုင်ကယ်နဲ့ဆေးရုံသွားတယ်၊ မနက် ၅ နာရီ ကျော်ကျော်လောက်မှာ ဆိုင်ကယ်ပျောက်သွားတယ်၊ အခုထိပြန်မတွေ့သေးဘူး” ဟု ပြောသည်။

ဘုရားသုံးဆူမြို့၌ ယခုလအတွင်းမော်တော်ဆိုင်ကယ် ၈ စီးပျောက်ဆုံးခဲ့သည့်အနက် တစ်စီးသာပြန်လည်ရရှိခဲ့ကြောင်း၊ မြို့ပေါ်တွင် ဆိုင်ကယ်ခိုးဂိုဏ်းများဖြစ်ပေါ်နေဟု ယူဆကြောင်း ၄င်းက ဆက်ပြောသည်။

သြဂုတ်လ ၁၀ ရက်နေ့တွင် ဆိုင်ကယ်သူခိုးဟုယူဆရသူ ကျော်ဇေယျ အသက်(၂၉) အပြင် နောက်ထပ် တစ်ယောက်ကိုလည်းဖမ်းဆီးရမိသဖြင့် ရဲစခန်းသို့ အပ်နှံထားကြောင်း စုံစမ်းသိရှိရသည်။

ဘုရားသုံးဆူမြို့ရှိ နယ်ထိန်းရဲတစ်ဦးက “ပျောက်ဆုံးတဲ့ဆိုင်ကယ်အများစုက မြန်မာပြည်လိုင်စင်မရှိတဲ့အတွက် ရဲစခန်းမှာအမှုဖွင့်ရင် ဆိုင်ကယ်ပါအသိမ်းခံရမယ်ဆိုတော့ ဆိုင်ကယ်ပိုင်ရှင်တွေကလည်း အမှုမဖွင့်ချင်ကြဘူး၊ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပဲ ဖြေရှင်းနေရတာပေါ့” ဟု ပြောသည်။

လက်ရှိတွင် ရဲစခန်း၌ ဆိုင်ကယ်ပျောက်ဆုံးမှု ၃ မှုတိုင်ကြားထားကြောင်း၊ ဘုရားသုံးဆူမြို့တွင် တရားရုံးမရှိကြောင်း၊ ဘုရားသုံးဆူမြို့မှ မိုင် ၆၀ နီးပါးခန့်ဝေးကွာသော ကြာအင်းဆိပ်ကြီးမြို့နယ်တရားရုံး၌သာ အမှုစီရင်ရမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

အလားတူ သြဂုတ်လ ည၁၀နာရီအချိန်ခန့်တွင် မော်လမြိုင်မြို့၊ ဖက်တန်းနယ်မြေ၊ တောင်ပေါ်တန်းရပ်၌ ဆိုင်ကယ်ခိုးသူသုံးယောက်အနက် တစ်ယောက်အားဖမ်းဆီးရမိပြီး မြို့မရဲစခန်းတွင်သွားရောက်အပ်နှံထားကြောင်း မော်လမြိုင် Facebook သတင်းအရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts