spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းရေဘေးကူညီရေးအဖွဲ့များ မော်လမြိုင်မြို့ပေါ်တွင် အလှူငွေများကောက်ခံ

    ရေဘေးကူညီရေးအဖွဲ့များ မော်လမြိုင်မြို့ပေါ်တွင် အလှူငွေများကောက်ခံ

    -

    မော်လမြိုင် ရေဘေးအလှူအဖွဲ့(Facebook)
    မော်လမြိုင် ရေဘေးအလှူအဖွဲ့(Facebook)
    ခတ္တာနန်း – ယခုလလက်ရှိ မြန်မာနိုင်ငံတဝန်း ဖြစ်ပေါ်နေသည့် ရေးဘေးဒုက္ခသည်များအား ကူညီနိုင်ရန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်တွင်

    ရေဘေးကူညီရေးအဖွဲ့များ အလှုခံလှျက်ရှိကြောင်း သိရသည်။

    သြဂုတ်လ ၃ ရက်နေ့မှ စတင်၍ ရာမညပရဟိတ လူငယ်အဖွဲ့၊ မော်ရွှေမြိုင်လူငယ်အဖွဲ့၊ Mawlamyine Rescue Team၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ၊ GTC ကျောင်းသားများ၊ ဘာသာရေးကိုအခြေခံသည့် အဖွဲ့များ၊ ပရဟိတ စိတ်ဝင်စားသူများ၊ CSO အဖွဲ့များ စုပေါင်း အလှူခံသည့် အဖွဲ့ ၁၀ ဖွဲ့ခန့်ရိှကြောင်း သိရသည်။

    ရာမညပရဟိတ အဖွဲ့ခေါင်းဆောင် ဉာဏ်လင်းဦးက “အခုဆိုရင်မြင်းတဲ့အတိုင်းပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရေတွေကြီးပြီး ဒုက္ခတွေရောက်နေရတယ်၊ ကျနော်တို့လည်း တတ်နိုင်သလောက် လူငယ်တွေလည်း တက်တက်ကြွကြွရှိကြတယ်၊ ကိုယ်ကူညီနိုင်သလောက် လုပ်ကြမယ်ဆိုပြီး လုပ်ကြတယ်” ဟု ဆိုသည်။

    မိမိတို့ လူငယ်အများသည် အရေးကြီးသည့်အခါတိုင်း စုပေါင်းတိုင်ပင်၍ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ငွေအလှူခံကြင်းအပြင် အခြေအနေပေးလျှင် ရန်ပုံငွေစျေးရောင်းမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်နှင့်ကြုံလာလှျင် လူအားနှင့် တတ်နိုင်သလောက် ကူညီသွားမည်ဖြစ်ကြောင်း၊ ကိုယ်တိုင်မသွားနိုင်သည့်နေရာများတွင်လည်း ကွင်းဆင်းလုပ်ဆောင်နေသူများနှင့် ချိတ်ဆက်ပြီး လှူဒါန်းသွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

    ရာမည ပရဟိတ အဖွဲ့၏ ပထမရက် အလှူခံရာတွင ၁၉ သိန်းကျော်ကျော်ရရှိပြီး ဒုတိယမြောက်ရက်တွင် သိန်း ၃၀ ကျော်ကျော်ခန့်ရရှိခဲ့ကြောင်းနှင့် လာမည့် ကြာသပတေနေ့တွင် ရေဘေးအတွက် သွားရောက်လှူဒါန်းမည် ဖြစ်ကြောင်း ရာမညပရဟိတ အဖွဲ့ဝင် ကိုရန်မျိုးအောင်က အတည်ပြု ပြောဆိုခဲ့သည်။

    မော်ရွှေမြိုင်မြို့သူမြို့သားများ အကူအညီပေးရေးအဖွဲ့မှ ပန်းချီစံရှားကလည်း “မြန်မာနိုင်ငံအနှံ့အပြားမှာ ရေတွေပြည့်လှျံပြီး ရေဘေးသင့်နေရာများ အများအပြားရှိနေတယ်၊ ဒါကြောင့် အဲဒီရေဘေးသင့် ပြည်သူတွေကို ကျနော်တို့မော်လမြိုင်မြို့သူမြို့သားများ အနေနဲ့ သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

    မော်လမြိုင်မြို့သူမြို့သားများ အကူအညီပေးရေးအဖွဲ့၏ ၂ ရက်တာ အလှူကောက်ခံရာတွင် သိန်း ၈၀ ခန့်ရရှိထားပြီး နောက်ထပ်ပါဝင်လှူဒါန်းရန် စာရင်းပေးထားသူများလည်း ရှိကြောင်း၊ လိုက်လံအလှူခံရာတွင် လူစည်ကားသည့် စျေးများ၊ ကားဂိတ်များတွင် အများဆုံးအလှူခံခဲ့ကြောင်း သိရသည်။

    အလားတူ (ရှင်စောပု) မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းမှလည်း ပဲခူမြို့ ကြေးနီတိုင်ကန် ရေဘေးကယ်ဆယ်ရေးစခန်းတွင်လည်း အစားအသောက်များ၊ ဆေးဝါးများနှင့် အဝတ်အထည်များကိုလည်း သွားရောက်လှူဒါန်းလျှက်ရှိသည်။

    မြန်မာနိုင်ငံတစ်ဝန်းတွင် ဇူလိုင်လ နှောင်းပိုင်းမှ ရေကြီး ရေလှျံမှု ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့် ဒုက္ခသည်များအတွက် နိုင်ငံတော်မှ ကယ်ဆယ်ရေးနှင့် အထောက်အပံ့များ နှောင့်နှေးခဲ့သည်ဟု လူမှုကူညီရေးအဖွဲ့များက ဝေဖန်ကြသည်။

    ရေဘေးအဆိုးဝါးဆုံးခံနေရသည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေး တိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတို့အား သဘာဝဘေးဒဏ်ကျရောက်နေသော နေရာဒေသများအဖြစ် အစိုးရက ဇူလိုင် ၃၁ ရက်နေ့က ကြေညာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts