spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ယမန်နှစ်ထက် သွေးလွန်တုတ်ကွေးရောဂါ ပိုဖြစ်များ

    မွန်ပြည်နယ်တွင် ယမန်နှစ်ထက် သွေးလွန်တုတ်ကွေးရောဂါ ပိုဖြစ်များ

    -

    သွေးလွန်တုတ်ကွေးဝေဒနာသည်များ(Facebook)
    သွေးလွန်တုတ်ကွေးဝေဒနာသည်များ(Facebook)
    စိုင်းမွန်-မိုးရာသီအချိန်တွင် ကလေးငယ်များအတွက် အထူးဂရုစိုက်ရသည့် သွေးလွန်တုတ်ကွေး
    ရောဂါဖြစ်ပွားနှုန်း ယမန်နှစ်ထက်

    ပိုလာကြောင်း သိရသည်။

    ဧပြီလမှ စ၍ ယခု ဇွန်လအထိ သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံကြီးတွင်
    သွေးလွန်တုတ်ကွေးရောဂါဝေဒနာသည် ကလေးငယ်ပေါင်း ၁၇၀ ခန့် ဆေးရုံတက်ခဲ့ရကြောင်း
    သံဖြူဇရပ်မြို့နယ်ဆေးရုံအုပ် ဒေါက်တာ မင်းတင်ဌေးက ပြောသည်။

    “ရောဂါဖြစ်ပွားမူနှုန်းကတိုးလာတယ်၊ ဘာလို့လဲဆိုတော့ ရာသီဥတုကြောင့်ပါ၊
    မိုးတပြိုက် နေတပြိုက် ဆိုတော့ ပိုးလောက်လန်းနဲ့ ခြင်တွေကို
    အခြေအနေပိုပေးသလိုဖြစ်သွားတယ်၊ ဒါကြောင့်ကူးစက်မှုက မနှစ်ထက် ဒီနှစ်က
    နည်းနည်းပိုလာတယ်၊ ဒီနှစ်အယောက် ၁၇၀ လောက်မှာ ကလေးတစ်ယောက်တော့
    ဆုံးသွားတယ်၊ အဲဒါကလည်း သံဖြူဇရပ်ဆေးရုံမှာ တစ်ရက်တက်ပြီးတော့
    မော်လမြိုင်ကို ပို့လိုက်ရတာ၊ အဲဒါမော်လမြိုင်မှာပဲ ဆုံးသွားတယ်” ဟု
    ဒေါက်တာ မင်းတင်ဌေးက ဆက်ပြောသည်။

    သာမန်အားဖြင့် သွေးလွန်တုတ်ကွေးရောဂါသည် အသက် ၅ နှစ်မှ ၉
    နှစ်ကလေးငယ်များတွင် ဖြစ်ပွားမှုနှုန်း မြင့်မားပြီး လူလတ်ပိုင်းတွင်
    ဖြစ်ပွားမှုနှုန်း နည်းပါကြောင်း သိရသည်။

    “ဧပြီလလောက်ကနေစပြီးတော့
    သွေးလွန်တုပ်ကွေးရောဂါကြောင့်ဆေးရုံးတက်လာတာရှိတယ်၊ ဒီကနေမော်လမြိုင်ဆေးရုံကိုပို့လိုက်ရတာတွေလဲပါတယ်၊
    ကျောင်းနေအရွယ်ကလေးတွေပဲ ဖြစ်တာများတယ်၊ လူကြီးအနေနဲ့
    ဒီသံဖြူဇရပ်ဆေးရုံမှာတော့ ၃ ယောက်ပဲတွေ့ဖူးတယ်၊ အသက် ၁၅ နှစ် တစ်ယောက်၊
    ၁၇ နှစ်တစ်ယောက်၊ ၁၉နှစ် တစ်ယောက်ဒါပဲတွေ့တယ်” ဟု ဒေါက်တာမင်းတင်ဌေးက
    ဆက်ပြောသည်။

    မွန်ပြည်နယ်၏ သွေးလွန်တုတ်ကွေးဖြစ်ပွားမှုများတွင် ပေါင်မြို့နယ်
    ပထမအဆင့်၊ မော်လမြိုင်မြို့နယ် ဒုတိယအဆင့်၊ ရေးမြို့နယ် တတိယအဆင့်ဖြစ်ပြီး
    ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်တို့တွင်လည်း ဖြစ်ပွားနေကြောင်း
    သိရသည်။

    သွေးလွန်တုတ်ကွေး ရောဂါ ဖြစ်ပွားရခြင်းအကြောင်းရင်းမှာ အေဒီးစ် (ခေါ်)
    ခြင်ကျား၊ (ခြင်ပုန်း) ကိုက်ခံရခြင်းကြောင့် ကူးစက်ခြင်းဖြစ်သည်။

    သွေးလွန်တုပ်ကွေးဖြစ်ပွားကြောင်း လက္ခဏာများမှာ
    ဖျားပြီးသုံးလေးရက်ကြာသောအခါ အဖျားကျသွားပြီးနောက် ခန္ဒာကိုယ်အေးစက်ပြီး
    ကလေးမှိန်းခြင်း၊ ခန္ဒာကိုယ်အနှံ့တွင် အနီရောင်အစက်များဖြစ်ပေါ်လာခြင်း၊
    အနက်ရောင်အန်ခြင်းများ ဖြစ်လာကြောင်းသိရသည်။

    ကလေးငယ်များတွင်အဖြစ်များသောကြောင့် ကလေးများအား
    အကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ပေးခြင်း၊ ကလေးများ အိပ်သည့်အခါတိုင်း
    နေညမရွေးခြင်ထောင်ဖြင့်အိပ်စေခြင်း၊ ပိုးလောက်လန်းများ
    ပေါက်ပွားနိုင်သည့် ရေဝပ်နိုင်သော ချိုင့်ခွက်များမြေဖို့ခြင်း၊
    ရေစည်ရေအိုး ရေလှောင်ကန်များအား လုံခြံစွာဖုံးအုပ်ခြင်း၊
    မိုးရေတင်နိုင်သော ဘူးခွံ၊ တာယာဟောင်း၊ အိုးခြမ်းပဲ့ဟောင်းတို့ကို
    မြေမြုပ် ဖျက်စီးဖျောက်ဖျက်ရမည် ဖြစ်သည်။

    မြန်မာနိုင်ငံတွင်သွေးလွန်တုပ်ကွေး ရောဂါ ကူးစက်ဖြစ်ပွားမူမှာ နှစ်စဉ်
    တစ်သောင်းကျော်ခန့်ရှိပြီး ၆၀ ခန့်သေးဆုံးလျက်ရှိကြောင်း
    ကျန်းမားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

    သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသည့် လက္ခဏာများတွေ့ရှိပါက ကလေးငယ်များအား
    ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မှီပို့ဆောင်ကာ ဆေးကုသမူခံယူကြပါရန်
    ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော် ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks