Homeသတင်းသံဖြူဇရပ်မြို့နယ် မြေစာရင်းဦးစီးဌာနတာဝန်ရှိသူများအား ဖမ်းဆီးထိန်းသိမ်းထား

သံဖြူဇရပ်မြို့နယ် မြေစာရင်းဦးစီးဌာနတာဝန်ရှိသူများအား ဖမ်းဆီးထိန်းသိမ်းထား

-

သံဖြူဇရပ်မြို့နယ် မြေစာရင်းရုံး(IMNA)
သံဖြူဇရပ်မြို့နယ် မြေစာရင်းရုံး(IMNA)
ရာမည (ကြယ်နီ) – မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဦးစီးမှူးအပါအဝင် ဝန်ထမ်းအချို့နှင့် ပငကျေးရွာသား ၂ ဦးတို့အား သံဖြူဇရပ်မြို့မ ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။

၄င်းတို့ကို လိမ်လည်မှု ပုဒ်မ ၄၂၀၊ စာရွက်စာတမ်း အတုပြုလုပ်မှု ပုဒ်မ ၄၆၈၊ အတုမှန်း သိလျက်နှင့် ဆက်လက်အသံုးပြုမှု ပုဒ်မ ၄၇၁ နှင့် အားပေးကူညီမှုပုဒ်မ ၁၀၉ တို့ဖြင့် လွန်ခဲ့သည့်မေလလကုန်ပိုင်းတွင် ဖမ်းဆီးထိမ်းသိမ်းခဲ့ခြင်းဖြစ်သည်ဟု သံဖြူဇရပ်မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

သူက “သူတို့ကို သံဖြူဇရပ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတာမှန်တယ်၊ ဒါပေမဲ့ ဖြစ်စဥ် အကြောင်းအရင်းကိုတော့ ကျနော်တို့ အကုန်လုံးမသိဘူး၊ အထူးစုံစမ်းစစ်ဆေးရေးဌာန စသုံးလုံး BSI က ဖွင့်တဲ့အမှုပါ” ဟု ပြောသည်။

၄င်းမြေစာရင်းကိစ္စအမှုတစုံတရာမပြီးမချင်း ဆက်လက်ထိန်းသိမ်းထားရှိမည် ဖြစ်နိုင်ကြောင်း သူကဆက်ပြောသည်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းဥာဏ်က “မြေစာရင်းဌာနက လူတွေကိုတော့ ပုဒ်မ (၁၀၉) အားပေးကူညီမှုနဲ့ ဖမ်းထားတယ်၊ အဖြစ်အပျက်အခြေအနေတွေကိုတော့ ကျနော်တို့ထုချေနေတာ မပြီးသေးတဲ့အတွက်ဘာမှ ပြောလို့မရသေးပါဘူး၊ အာမခံမရသေးလို့ အခုထိ ထိမ်းသိမ်းခံထားပါ” ဟု ပြောသည်။

သိုသော်လည်း လက်ရှိတွင် မြေတိုင်းစာရေးတစ်ဦး ထွက်ပြေးတိမ်းရှောင်နေကြောင်း ဦးသိန်းဥာဏ်က ဆက်ပြောသည်။

”ပငရွာဖြစ်ပေါ်ခဲ့ မြေယာမသမာမှုလို့သိရတယ်၊ နိုင်ငံတော်သမ္မတရုံးက ဒီအမှုကိုင်တွယ်နေပြီး စသုံးလုံးက ကိုင်တွယ်တဲ့အမှုဖြစ်တယ်” ဟု ပငကျေးရွာ ရပ်မိရပ်ဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။

လက်ရှိအစိုးရသက်တမ်းတွင် ပငကျေးရွာ၌ ပထမဆုံး အရေးယူဖေါ်ထုတ်သည့် မြေယာမသမာမှုဖြစ်သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts