Friday, April 3, 2026
More
    spot_img
    Homeသတင်းဘာရန်ကျွန်းမီးတောင်ဆူနာမီဖြစ်လာပါက မွန်ပြည်နယ်အဓိကစိုးရိမ်နေရ

    ဘာရန်ကျွန်းမီးတောင်ဆူနာမီဖြစ်လာပါက မွန်ပြည်နယ်အဓိကစိုးရိမ်နေရ

    -

    ဘာရန်ကျွန်းမီးတောင်ပေါက်ကွဲစဉ်(Internet)
    ဘာရန်ကျွန်းမီးတောင်ပေါက်ကွဲစဉ်(Internet)
    လက်ရှိအချိန်တွင် မြန်မာနိုင်ငံကမ်းရိုးတမ်းအနောက်အရပ်ရှိ ဘာရင်ကျွန်း မီးတောင်ပေါက်ကွဲလျက်ရှိရာ ဆူနာမီဖြစ်ပေါ်လာပါက မွန်ပြည်နယ်သည် အဓိက စိုးရိမ်ရကြောင်း မိုးလေဝသနှင့် မြေငလျှင်ပညာရှင် များထံမှ သိရသည်။
    သို့ရာတွင် မိုးလေဝသနှင့် မြေငလျှင်ပညာရှင်ခန့်မှန်း ပြောကြားချက်အရ ဆူနာမီဖြစ်ရန် အလားအလာ နည်းပြီး ငလျှင်လှုပ်ပါက မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ငလျှင်လှုပ်ခတ်မှုများ ဖြစ်ပေါ်နိုင်သော်လည်း မီးတောင်ပေါက်သည့်နေရာနှင့် လွန်စွာဝေးကွာ၍ ထိခိုက်ပျက်စီးမှုများနည်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

    ဒေါက်တာထွန်းလွင်က “မီးတောင်ပေါက်လို့ ဆူနာမီ ဖြစ်ရင် အချက်၄ ချက်ကိုက်မှ ဆူနာမီ ဖြစ်မှာ ဆိုလိုတာက ရေအောက်ကြမ်းပြင်မှာ ငလျှင်လှုပ်ရမယ်၊ အင်အားကလည်း ၇ ကျော်ရမယ်၊ လှုပ်တဲ့ စင်တာက အနက်တိမ်ရမယ်၊ ကီလိုမီတာ ၇၀ မကျော်ရဘူး၊ မြေသားလှုပ်ရှားမှုက အပေါ်အောက်ဖြစ်ရမယ်၊ အဲဒါမှ ဆူနာမီဖြစ်တယ်၊ဒါဘဲ စိုးရိမ်စရာရှိပါတယ်။ဒါက ကျွန်တော်အမြင်တော့ အခုဟာက ဆူနာမီဖြစ်ဖို့ မသေချာပါဘူး၊ ဒါပေမယ့် စောင့်ကြည့်ရမှာပါဘဲ” ဟု ပြောသည်။

    လက်ရှိအချိန်၌ ဘာရန်ကျွန်းမီးတောင် ပေါက်ကွဲမှုမှာ မီးခိုးပန်းထွက်မှုများ ဖြစ်ပေါ်နေပြီး ကမ္ဘာငလျှင်ပညာရှင်များက သေးငယ်သော လှုပ်ရှားမှု(ပေါက်ကွဲမှု) အဆင့်သာရှိသေးကြောင်း ခန့်မှန်းနေကြသည်။

    “ကမ္ဘာသမိုင်းမှာတော့ မီးတောင်ကြီးတွေ ကျွန်းတွေမှာ ပေါက်ကွဲရင် ဆူနာမီ ဖြစ်ခဲ့ဖူးတာ ၁ ကြိမ်ဘဲရှိတယ်၊ ၁၈၈၃ မှာ တစ်ကြိမ်ဘဲဖြစ်ခဲ့ဖူးတယ်၊ အဲဒီတုန်းက ဖြစ်ခဲ့တဲ့ မီးတောင်နဲ ့ အခု ဘာရင်ကျွန်းမှာ ပေါက်ကွဲနေတဲ့ မီးတောင်နဲ့က ဘူမိဘေဒ အလားအလာခြင်းတူတယ်၊ ဒါသာကွဲခဲ့ရင် ဆူနာမီဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့က ဗပာုသုတ အနေနဲ ့ ပြောတာပါ၊ ဖြစ်လာရင် ပြင်ဆင်ချိန်က နာရီဝက် တစ်နာရီ လောက်တော့ ရမယ်လို့ မှန်းတယ်လောလောဆယ်တော့ လေယဉ်တွေ သတိထားပျံဖို့ဘဲ သတိပေးထားတာရှိပါတယ်”ဟု မြေငလျင်ပညာရှင် ဦးစိုးသူရထွန်းက ပြောသည်။

    ဘာရင်ကျွန်းမီးတောင်သည် မြန်မာကမ်းရိုးတမ်းနှင့်မိုင် ၂၅၀ ခန့်ရှိ အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား တည်ရှိနေသည့် မြေအောက်အနက် ၂၂၅၀ မီတာအနက်မှ အထက်မြေပေါ်အမြင့် ၃၅၄ မီတာအထိ ထိုးထွက်နေသော မီးတောင်ရှင်ဖြစ်ကြောင်း ဦးထွန်းလွင်၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,400SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks