spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းကြာအင်းဆိပ်ကြီးမြို့နယ် မွန်ဒေသလုံးဆိုင်ရာပါတီဝင်အချို့ မွန်အမျိူးသားပါတီသို့ကူးပြောင်း

    ကြာအင်းဆိပ်ကြီးမြို့နယ် မွန်ဒေသလုံးဆိုင်ရာပါတီဝင်အချို့ မွန်အမျိူးသားပါတီသို့ကူးပြောင်း

    -

    AMDP မှနှုတ်ထွက်ပြီး MNP သို့ကူးပြောင်းသူ ၂၅ ဦး(Copy)
    AMDP မှနှုတ်ထွက်ပြီး MNP သို့ကူးပြောင်းသူ ၂၅ ဦး(Copy)
    မွန်ုပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ AMDP ပါတီဝင် ၂၅ ဦးတို့သည် ယခုလ ၂၅ ရက်နေ့တွင် ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခဲ့ကြပြီး မွန်အမျိူးသားပါတီ MNP သို့ ပြောင်းရွှေ့ပါတီဝင်ရောက်ခဲ့ကြကြောင်း နှုတ်ထွက်ခဲ့သည့် ပါတီဝင်များထံမှ သိရသည်။

    ထိုသို့ နှုတ်ထွက်ရသည့်အကြောင်းမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ အမျိူးသားနိုင်ငံရေးလုပ်ဆောင်မှုများကို ယုံကြည်မှုမရှိ၍၄င်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ကြာအင်းဆိပ်ကြီးမဲဆန္ဒနယ်မှ မွန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးပေါ်ထွက်ရေးအတွက်၄င်း ယခင်မြို့နယ်အတွင်းရေးမှူး ဦးဝင်းစိန်က ပြောသည်။

    “အမှန်အတိုင်းပြောရရင်တော့ ပါတီပြောင်းဖို့ အားလုံးဆို၂၅ ယောက်မကဘူး၊ လူ ၅၀ လောက်ရှိတယ်၊ ဒါပေမဲ့ ကျန်တဲ့သူတွေက အဝေးရောက်နေတော့ ကျွန်တော်တို့ ၂၅ ယောက်က လက်မှတ်ထိုးပြီး နှုတ်ထွက်ခဲ့တာပါ၊ ကျွန်တော် တို့ မွန်ဒေသလုံးဆိုင်ရာပါတီ ဆိုင်းဘုတ်ကို ချလိုက်တာ လက်မှတ်ထိုးတဲ့ နေ့ကတည်းကပါ၊ ကျွန်တော်တို့ ပါတီပြောင်းဖို့ ကော်မရှင်ရုံးကိုလည်း တင်ထားပြီးပါပြီ၊ လာမယ့် မေလ ၄ ရက်နေ့ကျရင် မွန်အမျိူးသားပါတီ ဆိုင်းဘုတ်တင်မှာပါ”ဟု နှုတ်ထွက်ခဲသည့် ဦးဝင်းစိန်က ပြောသည်။

    အဆိုပါ နှုတ်ထွက်ခဲ့သည့် ပါတီဝင်များသည်၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှစတင်ကာ မွန်ဒေသလုံးဆိုင်ရာပါတီဝင် ခဲ့သူများဖြစ်ကြောင်း သိရသည်။

    သို့သော် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် နှုတ်ထွက်ကြောင်းတင်ပြထားသည့် ကြာအင်းဆိပ်ကြီးမြို့နယ်မှ ပါတီဝင် ၂၅ ဦးနှင့် တွေ့ဆုံညှို့နှိုင်းမှုများ ပြုလုပ်ဦးမည်ဖြစ်ကြောင်း AMDP ပါတီတွဲဘက်အတွင်းရေးမှူး(၁) နိုင်စံတင်က ပြောသည်။

    “ကျွန်တော်တို့ သူတို့နဲ ့ ချိန်းထားပြီးသားပါ၊ သူတို့နဲ ့ စကားပြောပြီးမှ အဲဒါကိုပြောပါမယ်”ပာု နိုင်စံတင်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    တဖက်တွင်လည်း မွန်အမျိူးသားပါတီ MNP အနေဖြင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ယခု နှုတ်ထွက်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ပါတီဝင်များအား ပါတီဝင်အဖြစ် လက်ခံလိုက်ပြီ ဖြစ်ကြောင်း မွန်အမျိူးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက IMNA သို့ ပြောသည်။

    “သူတို့က မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကို အကြောင်းကြားပြီးမှ ကျွန်တော်တို့ ပါတီထဲ ဝင်လာတာပါ၊ သူတို့ကို ကျွန်တော်တို့ ပါတီဝင်အဖြစ် လက်ခံပြီးပါပြီ၊ ကြာအင်းဆိပ်ကြီးမှာ ပါတီအလံစိုက်ထူဖို့ ကိစ္စကတော့ မြို့နယ် အပိုင်းဖြစ်တဲ့အတွက် သူတို့ စိုက်ထူချင်တဲ့ နေရာမှာ စိုက်ထူပါလိမ့်မယ်”ဟု နိုင်လယီတမ ကပြောသည်။

    ထို့အတူ ယခင်မွန် ၂ ပါတီပေါင်းစည်းရေးကြိုးပမ်းစဉ်ကာလအတွင်း AMDP ဥက္ကဌဟောင်း နိုင်ငွေသိန်းနှင့် ဗဟိုအလုပ်အမှုဆောင်ဟောင်း နိုင်ချစ်ဦး(ကရင်ပြည်နယ် မွန်တိုင်းရင်းသားရေးရာဝန်ကြီး) တို့သည်လည်း မွန်အမျိုးသားပါတီ(ယခင် မွန်ဒီမိုကရေစီပါတီ) သို့ ကူးပြောင်းဝင်ရောက်ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts