spot_img
Thursday, April 24, 2025
More
    spot_img
    Homeမေးမြန်းချက်စိုးရာဇာထွန်းအား မေးမြန်းချက်

    စိုးရာဇာထွန်းအား မေးမြန်းချက်

    -

    နိုင်ငံတကာမီဒီယာညီလာခံ International Press Institute-IPI ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ CHATRIUM HOTEL မှာ မတ်လ ၂၇ ရက် နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့ပါတယ်၊ ဒီပွဲမှာ နိုင်ငံတကာ မှ သတင်းစာဆရာများ၊ သတင်းစာထုတ်လုပ်သူများနှင့် နာမည်ကျော်ပုဂ္ဂိုလ်များနဲ့အတူ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်လည်း တက်ရောက်ခဲ့ပါတယ်။

    ဝန်ကြီး ဦးရဲထွဋ် မိန့်ခွန်းပြောစဉ် သတင်းထောက် စိုးရာဇာထွန်းက “မီဒီယာများကို ဖိနှိပ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း အားရပ်တန့်ရေး စာတန်း” ကိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်၊ စိုးရာဇာထွန်းအား IMNA သတင်းထောက် စောဇင်ညီက အခုလိုမေးမြန်းထားပါတယ်။

    IMNA – အစ်ကိုဒီနေ့ ဝန်ကြီးဦးရဲထွဋ်မိန့်ခွန်းပြောချိန်မှာ အစ်ကို တစ်ကိုယ်တော် ဆန္ဒပြခဲ့ပါတယ်၊ ဦးရဲထွဋ်ဘက်ကကော ဘယ်လို တုန့်ပြန်တာတွေ့ခဲ့ရလဲ?

    စိုးရာဇာထွန်း- ဦးရဲထွဋ်က ပြုံးပြုံးနဲ့ ပြောတယ်၊ ဖမ်းဆီးထောင်ချမှုတွေ အကျဉ်းကျမှု တွေ စတဲ့ ၃ ခု ရေးပြီး ကိုယ်က ဘုတ်ထောင်လိုက်တယ်လေ၊ သူကတော့ ပညာသားပါ ပါတယ်၊ သူက ပညာသားပါပါနဲ ့ဘဲ ကိုယ် ကန်ပိန်းလုပ်တာကို သူလက်ခံပါတယ် ကြိုဆိုပါတယ် အားလုံးကို လက်ခံပေးလိုက်ပါဆိုပြီး လက်ခုတ်တီးတယ်၊ အဲဒါသူရဲ ့ လျှက်တပျက် တုန့်ပြန်မှုပေါ့နော်၊ သူရဲ့ ပညာသားပါတဲ့ လှည့်ကွက် တစ်ခုပါဘဲ။

    IMNA -အစ်ကို ကန်ပိန်းလုပ်တာနဲ့ ပတ်သတ်ပြီး ကော IPI ကို အနှောက်အယှက်မဖြစ်အောင် ဘယ်လိုလုပ်ခဲ့လဲ။

    စိုးရာဇာထွန်း- ကိုယ်လုပ်တာက ကိုယ်ရဲ့ မီဒီယာပါဝါ လုပ်ပိုင်ခွင့်ပါဘဲ၊ ကိုယ် IPI ညီလာခံ ကို မရမက တက်ခွင့်တောင်းတယ်၊ နောက်ဆုံးတော့ တက်ခွင့် ရသွားတယ်၊ ကိုယ်ထိုင်နေတဲ့ ထိုင်ခုံက ဘဲ သူကို ဘုတ်ထောင်ပြလိုက်တာပါ၊ ကိုယ်တောင်းဆိုချင်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဘုတ်လေးထောင်ပြလိုက်တာပါ၊ ၅ မိနစ်တောင် မကြာပါဘူး၊ ကိုယ်ပြန်ထွက်လာတာပါ၊ ကိုယ်နောက်က လိုက်လာတဲ့ မီဒီယာတွေကိုလဲ ဘာမှ မပြောလိုက်ပါဘူး၊ အပြင်ရောက်မှ ဘဲ ကိုယ်ပြောတာပါ၊ ကိုယ်ကြောင့် အားလုံးကို အနှောက်အယှက်မဖြစ်အောင်ပါ၊ ကိုယ်ရပိုင်ခွင့်နဲ့လည်း ကိုက်ရမယ်လေ။

    IMNA -ဟုတ်ကဲ့ပါ အစ်ကို။ အစ်ကိုလုပ်ခဲ့တဲ့ ဒီနေ့ ကန်ပိန်း က နေပြီး တော့ ဘာတွေ များမျှော်လင့်မိလဲ။

    စိုးရာဇာထွန်း- သတင်းထောက်တွေ ကို ဖမ်းဆီးထောင်ချတာပာ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမှ အလုပ်မဖြစ်ဖူးဆိုတာ မက်ဆေ့ပေးလိုက်တာ၊ ဒီလိုဆက်ဖြစ်နေရင် ဒီလိုကန်ပိန်းတွေ ထပ်လာဦးမယ်ဆိုတာ ကိုယ်သူ့ ကို ပြလိုက်တာပါ၊ နိုင်ငံတကာ မီဒီယာရှေ့မှာ ပြသင့်တယ်ထင်လို့ ကိုယ်ပြလိုက်တာပါ။

    IMNA -အစ်ကို ဒီနေ့ လုပ်ရပ်က ဦးရဲထွဋ်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှု လို့ အချို့က ပြောကြတယ်၊ ဒါနဲ့ပတ်သတ်ပြီး ကော အစ်ကို ဘာပြောချင်လဲ။

    စိုးရာဇာထွန်း- ဘာဘဲ ပြောပြောပါ၊ ကိုယ် အစိုးရကို ဆန္ဒပြတာ၊ ဦးရဲထွဋ်ကို ကိုယ်တိုက်တာမဟုတ်ဘူး၊ ဦးရဲထွဋ်ကို ကိုယ်ပြတာမဟုတ်ပါဘူး၊ ဦးရဲထွဋ်အနေနဲ့ လက်ပံတန်းကိစ္စနဲ့ ပတ်သတ်ပြီး သူနည်းစနစ် မမှန်ဘူး၊ သတင်းနဲ့ပတ်သက်ပြီး သတင်းထောက်တွေကို ရိုက်နှက်ခဲ့တာဟာ လုပ်ရပ်မှန်ဘူး၊ ရိုက်ရမဲ့ အနေအထားမဟုတ်ဘူး၊ အဲ့တော့ သူတာဝန်ယူထားတဲ့ အပိုင်းလည်း မရှိဘူး၊ ဒါနဲ့ပတ်သတ်ပြီး ကိုယ်က ဆန္ဒပြတယ်၊ ဦးရဲထွဋ်က အရမ်းတော်ပါတယ်။ ဦးရဲထွဋ်ကို ကိုယ်ပြတာမဟုတ်ပါဘူး။

    IMNA -ဦးရဲထွဋ်က အစ်ကို ဆန္ဒပြချိန်မှာဘဲ ပြောခဲ့တယ်။ မြန်မာလူငယ်တွေဟာ Activist ကလာတဲ့လူတွေများတယ်လို့ ပြောခဲ့တယ်။ဒါနဲ့ပတ်သတ်ပြီးကော။

    စိုးရာဇာထွန်း- သူပြောခဲ့ပါတယ်။မြန်မာ သတင်းထောက်လူငယ်တွေက Activist နောက်ခံ က လာတာ လို့ပြောတယ်၊ ကိုယ်ရဲ့ နောက်ခံ အကြောင်းကို အများကြီး ရှာလို့ရတယ်၊ ကိုယ်တခြားသော ကန်ပိန်းတွေမှာ လုံးဝ မပါခဲ့ပါဘူး၊ မီဒီယာနဲ့ ပတ်သတ်တဲ့ ကိစ္စတွေမှာဘဲ ကိုယ်တောက်လျှောက် ကန်ပိန်းလုပ်ခဲ့တာပါ၊ သူ့အနေနဲ့ ဒါကို မသိဘဲနဲ့ ပြောခဲ့တာကို sorry ပါဘဲ၊ သူဘာသူ ဒါစည်းမရှိ ကမ်းမရှိထွက်သွားတယ်လို့ ဘဲပြောချင်တယ်။

    IMNA -ဒီမိုကရေစီနိုင်ငံမှာ ပြန်ကြားရေးဝန်ကြီးဌာန ဒါမှမဟုတ်ပြန်ကြားရေးဝန်ကြီးကို ဘယ်လိုပုံစံမျိူး ဖြစ်သင့်လဲ၊ ဘယ်လိုပုံစံမျိုးမျှော်လင့်ထားပါသလဲ။

    စိုးရာဇာထွန်း- ဒီမိုကရေစီနိုင်ငံမှာ ပြန်ကြားရေးဆိုတာ ရှိခဲ့ရင်တောင်မှ အစိုးရမီဒီယာတွေကို ကိုင်တွယ်ဖို့ အာဏာပေးထားတာပါ၊ ပုဂ္ဂလိက မီဒီယာတွေကို ကိုင်တွယ်ခွင့်ပေးထားတာမဟုတ်ပါဘူး၊ အစ်ကိုတို့ ဆီမှာက ဒါကို န.ဝ.တ ခေတ်ကတည်းက စခဲ့တာပါ၊ ဦးသန်းရွှေလက်ထပ် အပြောင်းအလဲမှာ ဦးကျော်ဆန်းကို ဒါကို အပ်နှင်းခဲ့တာပါ၊ ဒါကအမှန် မရှိသင့်ပါဘူး၊ ဒီမိုကရေစီလို့ သူတို့ ပြောနေတာနဲ့အညီ ပြန်ကြားရေးဝန်ကြီးဌာနကို သူတို့ ဖြုတ်ပေးရပါလိမ့်မယ်၊ အဲဒါမှ ကိုယ်တို့ အခက်အခဲတွေ သတင်းယူရတဲ့ အခက်အခဲတွေ အကုန်လုံး လွှတ်လပ်ခွင့်တွေကို ပိတ်ပင်မှုတွေ အားလုံး မရှိတော့မှာပါ၊ ဒါမှ ပွင့်လင်းလာမယ်လို့ မျှော်လင့်ပါတယ်။

    IMNA -ကျေးဇူးတင်ပါတယ် အစ်ကို။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,100SubscribersSubscribe
    spot_img

    Latest posts