Homeသတင်းအသက်ရာကျော် ဘိုးဘွားများအား ထောက်ပံ့ငွေချီးမြှင့်

အသက်ရာကျော် ဘိုးဘွားများအား ထောက်ပံ့ငွေချီးမြှင့်

-

28-News
မွန်ပြည်နယ်ရှိ အသက်ရာကျော်ဘိုးဘွားများအား ဂုဏ်ပြုမှတ်တမ်းလွာနှင့် ထောက်ပံ့ငွေ ချီးမြှင့်ပွဲအခမ်းအနားကို ဇန်နာဝါရီ ၂၄ ရက်နေ့တွင် မော်လမြိုင် မြို့ရှိ အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတော် သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ အဟာရဆေးနှင့် ငွေကျပ်သိန်းချီးမြှင့်သည့်အခမ်းအနားကို ပြည်နယ် အစိုးရ ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။

“အခမ်းအနားကို ကျန်းမာရေးကြောင့် မတက်ရောက်လာနိုင်တဲ့ အဘိုးအဘွားတွေကို သူတို့အတွက် ထောက်ပံ့ပစ္စည်းတွေကို အိမ်တိုင်ရာရောက် ပို့ဆောင် ပေးပါမယ်” ဟု မွန်ပြည်နယ်ဝန်ကြီး ချုပ်ဦးအုန်းမြင့်ကပြောသည်။

မြန်မာနိုင်ငံတွင် အသက်ရာကျော် ဘိုးဘွား (၆၀ဝ) ကျော်ရှိရာ မွန်ပြည်နယ်တွင် အသက်ရာကျော် ဘိုးဘွား(၁၅)ဦးရှိသည့်အနက် (၈) ဦးခန့်သာ တက်ရောက် နိုင်ကြောင်း သိရသည်။

“သူတို့အခုလိုဂုဏ်ပြုပွဲကို စေတနာသန့်သန့်နဲ့ ပြုလုပ်တယ်လို့ထင်ပါတယ်၊ သူတို့စရင်းကောက်တယ် မှတ်ပုံတင်နဲ့ ဓါတ်ပုံ (၈)ပုံပေးရတယ်၊ မြန်မာနိုင်ငံမှာ အသက်ရာ ကျော်အဘိုးအဘွားတွေ အရမ်းနည်းတယ်၊ ဒီဂုဏ်ပြုပွဲကိုလည်း ပထမဆုံးအကြိမ် လုပ်တယ်ဆိုတော့ တိုင်းနဲ့ပြည်နယ်တွေတိုင်းမှာ ဒီလို ဂုဏ်ပြုပွဲ တွေ လုပ်ပေးတယ်” ဟု ဂုဏ်ပြုခံရသည့် အဘွား ဒေါ်ခင်မ၏သမီး မိမြသန်း ကလွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

ယခုပြုလုပ်သည့် အခမ်းအနားသည် ပထမဆုံးအကြိမ်ပြုလုပ်သည့် ဖြစ်ကြောင်း၊ လာမည့်နှစ်များတွင်လည်း ယခုကဲ့သို့ ပြုလုပ်နိုင်ရန် ကြိုးစား သွားမည် ဖြစ်ကြောင်း၊ အသက်ရာကျော် ဘိုးဘွားများကို ကူညီစောင့်ရှောက်သည့်ရန် အစိုးရမှ ပင်စင်စားအဖြစ် လတိုင်းထောက်ပံ့ငွေ ပေးဆောင်နိုင်ရန် အစီအစဉ် ရှိကြောင်း ပြည်နယ်ဝန်ကြီးချုပ်ပြောကြားချက်အရ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts