Saturday, March 14, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် ကျောင်းသားများ ဆွေးနွေးပွဲ ရက်ရွှေ့ပြောင်း

    မွန်ပြည်နယ် ကျောင်းသားများ ဆွေးနွေးပွဲ ရက်ရွှေ့ပြောင်း

    -

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ နှီးဘုရားကြီးအနီး တောင်ပေါက်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်မည့် မွန်ပြည်နယ် ကျောင်းသားများ ဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ပြုလုပ်မည့်အစား ၃၁ ရက်နေ့နှင့် ဖေဖော်ဝါရီလ ၁ ရက်နေ့သို့ ရွှေ့ပြောင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    ထိုသို့ ရက်ရွှေပြောင်းရခြင်းမှာ ငွေရေးကြေးရေးအရ အဆင်မပြေခြင်းကြောင့် ရက်ရွှေ့ပြောင်းရခြင်း ဖြစ်ကြောင်း မွန်ပြည်နယ် ကျောင်းသားသမဂ္ဂ လုပ်ငန်းတာဝန်ခံ ကျောင်းသား ကိုဘုန်းမြတ်မိုး က ပြောသည်။

    “ကျွန်တော်တို့ အဆင်သင့် မဖြစ်သေးလို့ ၂၄ ရက်နေ့ မလုပ်ဖြစ်တာပါ၊ ငွေကြေးကိစ္စလည်းပါတာပေါ့၊ အခု ၃၁ ရက်နေ့ အတွက်တော့ အဆင်သင့် ဖြစ်ပါပြီး” ဟု ကိုဘုန်းမြတ်မိုး က ပြောသည်။

    ထိုပြင် မွန်ပြည်နယ်ကျောင်းသားများ ဆွေးနွေးပွဲ ဖြစ်ပေါ်လာရန် ဦးဆောင်နေသည့် မွန်ပြည်နယ်ကျောင်းသား သမဂ္ဂမှ ကျောင်းသားများကို အာဏာပိုင်တို့မှ စောင့်ကြည့် မေးမြန်းမှုများ ပြုလုပ်လျှက်ရှိကြောင်း အဆိုပါ သမဂ္ဂမှ သိရသည်။

    ထိုသို့မေးမြန်ခံရခြင်း ကိစ္စရပ်နှင့်ပတ်သက်၍ ကိုဘုန်းမြတ်မိုးက “မနေ့ က ကျွန်တော်တို့ကို SB က လာမေးတာတော့ ရှိတယ်၊ ဘာခေါင်းစဉ်နဲ့ ဘယ်နေ့ လုပ်မယ်ဆိုတာတွေပေါ့၊ ပြီးတော့ နယ်မြေခံရဲတွေက ကျောင်းသားတွေ ကျောင်းသွားတဲ့ အချိန်တွေ အိမ်ရှေ့တွေမှာ လာစောင့် ကြည့်တာတွေရှိတယ်” ဟု ပြောသည်။

    ထိုသို့ စောင့်ကြည့်နေသည်နှင့်ပတ်သက်၍ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲမှုရုံးကို ဆက်သွယ်မေးမြန်ရာတွင် “ကျွန်တော်တို့

    မွန်ပြည်နယ် ကျောင်းသားများ ဆွေးနွေးပွဲဆိုင်းဘုတ်(Copy)
    မွန်ပြည်နယ် ကျောင်းသားများ ဆွေးနွေးပွဲဆိုင်းဘုတ်(Copy)
    မသိပါဘူး၊ စောင့်ကြည့်တယ်ဆိုတာလည်း မဟုတ်ပါဘူး၊ ကျွန်တော်တို့ လုံခြုံရေး အလုပ်တွေနဲ့ အလုပ်ရှုပ်နေတာပါ” ဟု ရဲတပ်ဖွဲ့မှုးရုံးမှ အလှည့်ကျ တာဝန်ရှိသူတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထိုကဲ့သို့ ကျောင်းသားလှုပ်ရှာုးမှုများကို စောင့်ကြည့်ခြင်း မေးမြန်ခြင်းများပြုလုပ်ခြင်းသည် ဒီမိုကရေစီ အစိုးရ၏ လုပ်ရပ်မပာုတ်ကြောင်း ဗကသ အဖွဲ့ချုပ် မြေလက်ဒေသ အဖွဲ့ဝင် ကျောင်းသား ကိုချစ်ဝင်းမောင် က ပြောသည်။

    “အနှောက်အယှက်တွေကတော့ ရှိမှာပါဘဲ၊ ဒါပေမဲ့ ဒီပညာရေးဥပဒေ လှုပ်ရှားမှုမှာတော့ တစ်နိုင်ငံလုံးက ကျောင်းသားတွေ ပါဝင်လာမှ အောင်မြင်မှာပါ၊ အခု တိုင်းရင်းသားကျောင်းသားတွေ ၁ ယောက်စ ၂ ယောက်စဘဲ ပါဝင်နေပါသေးတယ်” ပာု ကိုချစ်ဝင်းမောင် က ပြောသည်။

    ကိုချစ်ဝင်းမောင်သည် မန္တလေးမှ ရန်ကုန်သို့ လမ်လျှောက်ချီတက်နေသော သပိတ်မှောက်ကျောင်းသား တစ်ဦးဖြစ်သည်။

    မွန်ပြည်နယ် ကျောင်းသားများဆွေးနွေးပွဲတွင် မိခင်ဘာသာစကား သင်ကြားရေးနှင့် ပညာရေးစနစ် ခေါင်းစဉ်ဖြင့် မွန်ပြည်နယ်မှ ဆရာများ ကျောင်းသားများ စုစု ပေါင်း ၁၀ဝ ခန့် ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပြီး ထိုဆွေးနွေးပွဲမှတစ်ဆင့် ပညာရေးဥပဒေ အကြောင်း မွန်ပြည်နယ်မှ ကျောင်းသားနှင့် ဆရာ/ဆရာမများ သိရှိနားလည် လာနိုင်မည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks