spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသေနတ်ဖြင့်ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှု ရေးမြို့နယ်တွင်ဖြစ်ပွား

    သေနတ်ဖြင့်ပစ်ခတ်ပြီး ဆိုင်ကယ်လုယက်မှု ရေးမြို့နယ်တွင်ဖြစ်ပွား

    -

    မော်တော်ဆိုင်ကယ် မောင်းနှင်သူ အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ပတ်ခတ်ပြီး ဆိုင်ကယ်ကို လုယက်သွားသည့် ဖြစ်စဉ်တစ်ခု ဇန်နဝါရီလ ၁၇ ရက်နေ့၊ နေ့လည်ပိုင်းတွင် ရေးမြို့နယ်၊ တောင်ဘုံကျေးရွာအနီး၌ ဖြစ်ပွားခဲ့သည်။

    Crime(internet)
    Crime(internet)
    ပစ်ခတ် လုယက်ခံရသူမှာ တောင်ဘုံကျေးရွာနေ မခင်မျိုးမြင့် (၃၆) နှစ် ဖြစ်ပြီး၊ တောင်ဘုံနှင့် ဇာဂလယ်ကျေးရွာအကြား ဘီးလခတ်ရှိ ဖခင် ကျောင်းထိုင်ဆရာတော်ထံ ဆွမ်းပို့ရာမှ အပြန် ကျောင်းရှေ့ဇရပ်အရောက် နံနက် ၁၁ နာရီအချိန်တွင် အမည်မသိအမျိုးသား နှစ်ဦး၏ လုယက်မှုကို ခံရခြင်း ဖြစ်သည်။

    ဆိုင်ကယ်ကို အပြန်အလှန် လုယက်နေစဉ် လုယက်သူ အမျိုးသားတစ်ဦးက သေနတ်တိုဖြင့် ပစ်ခတ်၍ မခင်မျိုးမြင့် လဲကျစဉ် အမျိုးသားနှစ်ဦးက ဆိုင်ကယ်ကို မောင်းနှင်ထွက်ပြေးသွားခြင်း ဖြစ်သည်ဟု မျက်မြင်အချို့က ပြောသည်။

    “သေနတ် အမျိုးအစားတော့ မသိဘူး။ အသက်အန္တရာယ် စိုးရိမ်ရတယ်။ ကျည်ဆံက ပုခုံးကို ဖောက်ဝင်ပြီး အပြင်ကို မထွက်ဘူး။ ခုမော်လမြိုင်ဆေးရုံကို တင်ပို့ထားပါတယ်။ တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်နေပါပြီ” ဟု လမိုင်းမြို့ ရဲစခန်းမှ စခန်းမှူး အေးငြိမ်းဇော်က ပြောသည်။

    ရဲမှတ်တမ်းအရ ဆိုင်ကယ်မှာ ထိုင်းနိုင်ငံလုပ် Wave 125 နဂါး အမျိုးအစား၊ ပုံပြောင်း ပုလဲစတေကာတပ် (လိုင်စင်စိစစ်ဆဲ) ဖြစ်သည်ဟု သိရသည်။

    “ဒီလို သေနတ်နဲ့ ပစ်ပြီး ဆိုင်ကယ်လုတာ တစ်ခါမှ မကြားဖူးသေးဘူး။ ဒါပထမဆုံးအကြိမ်ပဲ။ မနှစ်ကတော့ ကြံပိုင်းနဲ့ ရိုက်ပြီး လုတာတော့ ဖြစ်ဖူးတယ်” ဟု လမိုင်းဒေသခံတစ်ဦး ဖြစ်သူ မင်းသိန်းထွန်းဦးက ပြောသည်။

    ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လမိုင်းနယ်မြေ ရဲစခန်းမှ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့် အရေးယူထားပြီး အမှုစစ်အဖြစ် ရဲအုပ် အေးငြိမ်းဇော်မှ ဆောင်ရွက်လျက်ရှိကာ တရားခံအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေ စစ်ဆေးခြင်း၊ ဆက်စပ်ရဲစခန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိသည်ဟု စခန်းမှူးက ပြောသည်။

    ရေးမြို့နယ်အတွင်း တက္ကစီ အငှားစီးပြီး တက္ကစီသမားကို ဓါးဖြင့်ထောက်ကာ ဆိုင်ကယ်လုယူခြင်းနှင့် ဆိုင်ကယ် ခိုးမှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိပြီး၊ သေနတ်ဖြင့် ပစ်ခတ်ကာ လုယူသည့် ဖြစ်ရပ်မှာ ယခင်က မရှိဖူးကြောင်း ဒေသခံများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks