spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်စက်မှုဇုန် ခနောက်စိမ်းစက်ရုံလုပ်ကိုင်ခွင့် ပြည်နယ်အစိုးရတားမြစ်

    မော်လမြိုင်စက်မှုဇုန် ခနောက်စိမ်းစက်ရုံလုပ်ကိုင်ခွင့် ပြည်နယ်အစိုးရတားမြစ်

    -

    မွန်ပြည်နယ် စည်ပင်သာယာရေးဌာန၏ ပြည်သူများ ရေပေးဝေသည့်နေရာနှင့် နီးစပ်နေသည့်အတွက် မော်လမြိုင်စက်မှုဇုန်တွင် ခနောက်စိမ်းစက်ရုံ စက်ရုံဆောက်လုပ်ခွင့်ကို ပြည်နယ်အစိုးရက တားမြစ်လိုက်သည်။

    ဆန်းဇော်“အဓိကကတော့ ရေပေးဝေတာပေါ့နော်။ မြို့ရေပေးဝေတဲ့စီမံကိန်းက မြစ်အောက်မှာ (စက်မှုဇုန်အောက်)ရှိနေတဲ့အတွက်ပါ” ဟု ပြီးခဲ့သည့် ဒီဇင်ဘာလ ၈ ရက်နေ့ မွန်ပြည်နယ် Cabinet အစည်းအဝေးတွင် ယခုကဲ့သို့ဆုံး ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ၁၂ ရက်နေ့တွင် မွန်ပြည်နယ် သတ္တုတွင်းဝန်ကြီး ဦးဝင်းမော်ဦးကပြောသည်။

    ယခုဆောက်လုပ်မည့်နေရာသည့် မြို့ရေပေးဝေသည့်စီမံကိန်းနှင့် နီးသည့်အတွက် ဓာတုပစ္စညး်များ (chemical) နှင့် ဒြပ်စင်များအသုံးပြုပြီး တည်ဆောက်မှု များကို အထူးစဉ်းစားရမည်ဟု ဦးဝင်းမော်ဦးက ပြောသည်။

    မြန်မာဆန်းဇော်သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်အနေဖြင့် ၄င်းတို့စက်ရုံတွင် ဆာလဖာနှင့် အခြားဓာတ်သတ္တုများ ပါဝင်နှုန်းနည်းပါသည့် ကုတ်မီးသွေးကို အသုံးပြုထားခြင်းကြောင့် လေထုညစ်ညမ်းမှုနည်းပါးမည်ဖြစ်သော်လည်း စက်ရုံလည်ပတ်ခြင်းကြောင့် လေထုညစ်ညမ်းမှုလုံးဝမဖြစ်ပေါ်စေရန်အတွက် လေထုညစ်ညမ်းမှုဖြစ်သော ဓာတ်ငွေ့များကို ထုံးရေဖြင့်ပက်ဖြန်းသန့်စင်သောစန်စကို ပြုလုပ်ထားကြောင်း အဆိုပါကုမ္ပဏီမှ မန်နေးဂျင်ဒါရိုက်တာ ဦးခင်မောင်က ပြောပါသည်။

    “Cabinet မှာ မူအရတော့ အဲဒီအတွက်ကို စိုးရိမ်တဲ့အတွက် ခနောက်စိမ်းက တခြားလုပ်ငန်းနဲ့စာရင် သူက poison ပေါ့ လူကို ထိခိုက်စေတဲ့အာဆဆင်းနစ် တွေ ပါပေမယ့် သူ့ရဲ့ spectrum အတိုင်းလုပ်ရင် အန္တရယ်တော့ မရှိနိုင်ပါဘူး။ သို့သော် ဒီဟာနဲ့ပတ်သက်ပြီးတော့ ဒီနေရာပေါ့။ ကျန်တဲ့နေရာကိုတော့ မဆိုလို ပါဘူး” ဟု ဦးဝင်းမော်ဦးက ပြောပါသည်။

    မော်လမြိုင်စက်မှုဇုန်အတွင်း ခနောက်စိမ်းစက်ရုံတည်ဆောက်ရန်အတွက် မြန်မာဆန်းဇော်သတ္တုတူးဖော်ရေးကုမ္ပဏီလီမိတက်မှ စက်မှုဇုန်ရှိ သာသနာ့ ရောင်ခြည် ဘုန်းတော်ကြီးသင်ကျောင်းတွင် ဇန်နဝါရီလ ၃ ရက်နေ့ ညနေ့ပိုင်တွင် ပထမအကြိမ် လူထုတွေ့ဆုံပွဲအခမ်းအနားပြုလုပ်ပြီး ၄င်းတို့စက်ရုံဆောက် လုပ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို မည်ကဲ့သို ပြုလုပ်သွားမည်ကို တက်ရောက်သူများကို ရှင်းလင်းပြောကြားခဲ့သည်။

    မြန်မာဆန်းဇော်ကုမ္ပဏီမှ နှစ်စဉ်အကျိုးအမြတ်ထဲမှ သိန်း ၁၅၀ အား ရပ်ရွာလူထုအကျိုးပြုလုပ်ငန်းများအတွက် သုံးစွဲသွားမည်ဟု အဆိုပါကုမ္ပဏီမှ မန်းနေဂျင်း ဒါရိုက်တာ ဦးခင်မောင်က ပြောကြားခဲ့သည်။

    လက်ရှိစက်မှုဇုန်တွင် ၅ ရုံ၊ ၆ ရှိသည့်အတွက် စက်မှုဇုံရှိတဲ့ စက်ရုံများကို သေချာစိစစ်ပြီရန်လိုကြောင်း၊ ခနောက်စိမ်းစက်ရုံများ မတည်ဆောက်သော်လည်း တခြားစက်ရုံများမှ စွန့်ပစ်ပစ္စည်းများလည်း ရှိသောကြောင့် သေချာပြန် စိစစ်ရမည်ဟု ဦးဝင်းမော်ဦးက ပြောသည်။

    ယင်းခနောက်စိမ်းသန့်စင် စက်ရုံကို မြန်မာဆန်းဇော်သတ္တုတူးဖေါ်ရေး ကုမ္ပဏီလီမိတက်နှင့် သတ္တုတွင်းဝန်ကြီးဌာနတို့ အကျိုးတူပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မြန်မာဆန်းဇော်သတ္တုတူးဖေါ်ရေး ကုမ္ပဏီလီမိတက် မန်းနေဂျင်ဒါရိုက်တာဦးခင်မောင်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks