spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပြည်ထောင်စုနေ့တွင် အပစ်ရပ်စဲရေးလက်မှတ်ထိုးနိုင်ဦးမည်မဟုတ်ဟု နိုင်ဟံသာပြော

    ပြည်ထောင်စုနေ့တွင် အပစ်ရပ်စဲရေးလက်မှတ်ထိုးနိုင်ဦးမည်မဟုတ်ဟု နိုင်ဟံသာပြော

    -

    ရှေ့လာမည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် သေချာသောကတိကဝတ်များ၊ တပ်မတော်နှင့် တိုင်းရင်းသားတပ်ဖွဲ့များ နှစ်ဖက်လိုက်နာရမည့် စည်းကမ်းချက်များ သဘောတူညီမှုမရရှိသေးသည့်အတွက် လာမည့်ပြည်ထောင်စုနေ့တွင်
    နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲရေးလက်မှတ် ရေးထိုးနိုင်လိမ့်မည်မဟုတ်ကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

    Caption- အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများအား နိုင်ဟံသာရှင်းလင်းပြောကြားစဉ်(Minmin Ngwe Facebook)
    Caption- အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများအား နိုင်ဟံသာရှင်းလင်းပြောကြားစဉ်(Minmin Ngwe Facebook)
    မွန်ပြည်သစ်ပါတီ ဒုဥက္ကဌလည်းဖြစ်သူ နိုင်ဟံသာက ဇန်နဝါရီ ၁၁ ရက်နေ့တွင် မော်လမြိုင်မြို့၊ နိုင်ရွှေကျင် စာကြည့်တိုက်၌ အရပ်ဖက်မွန်လူမှုအဖွဲ့အစည်းများနှင့် ရှင်းလင်းပွဲမကျင်းပမီ IMNA အယ်ဒီတာအား တွေ့ဆုံပြောကြားခဲ့ခြင်း ဖြစ်သည်။

    နိုင်ဟံသာက “စစ်ဘက်ဆိုင်ရာ လိုက်နာရမည့်ကျင့်ဝတ် စည်းကမ်း code of conduct ကို နှစ်ဖက်သဘောတူညီကြဖို့ လိုအပ်တယ်၊ လက်မှတ်ထိုးပြီး သေနတ်သံတွေ ထပ်မမြည်ဖို့ ဆိုရင် အချို့တပ် နေရာတွေရွှေ့ရမယ်၊ လက်မှတ်ထိုးပြီးလည်း သေနတ်သံမစဲသေးဘူးဆိုရင် ဘာထူးမှာလဲ” ဟု ပြောသည်။

    တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အများစုသည် သက်ဆိုင်ရာပြည်နယ်အစိုးရနှင့် ပြည်နယ်အဆင့်အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည့်အပြင် ပြည်ထောင်စုအစိုးရနှင့်ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုများရရှိပြီးဖြစ်သော်လည်း မွန်ပြည်နယ်မှအပ အခြားဒေသများတွင် အစိုးရတပ်မတော်နှင့် ဒေသခံ တိုင်းရင်းသားတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပေါ်နေဆဲဖြစ်သည်။

    နိုင်ဟံသာက “နောက်တစ်ချက်အရေးကြီးတာက လက်မှတ်ရေးထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဘယ်လိုကျင်းပ သွားမှာလဲ၊ တိကျတဲ့ဆုံးဖြတ်ချက်တွေ သဘောတူညီချက်တွေ ရရှိထားဖို့လိုတယ်” ဟု ပြောသည်။အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အကြေအလည်ညှိနှိုင်းရမည့်အချက်များ ကျန်ရှိနေသောကြောင့် လက်တွေ့ပိုင်းတွင် လက်မှတ်ရေးထိုးရန်မဖြစ်နိုင်ဟု သူကဆက်ပြောသည်။

    ယမန်နေ့တွင်ကျင်းပခဲ့သော နိုင်ငံရေးခေါင်းဆောင် ၄၈ ဦးတွေ့ဆုံပွဲတွင် သမ္မတဦးသိန်းစိန်က “လာမယ့်ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးလိုတယ်” ဟု ပြောကြားခဲ့သည်ဟု သတင်းများတွင် ရေးသားဖော်ပြကြသည်။

    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော်ဥက္ကဌ နှစ်ဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ အပါအဝင် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ တိုင်းရင်းသားရေးရာဝန်ကြီးတွေ စုစုပေါင်း ၄၈ ဦးတို့ နေပြည်တော်၊ သမ္မတအိမ်တော်၌ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

    ထိုဆွေးနွေးပွဲတွင် (က) ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ပြုပြင်ပြောင်းလဲရေးများ ဆက်လက်ဖြစ်ထွန်းစေရေးကိစ္စ၊ (ခ) ငြိမ်းချမ်းရေးဖြစ်စဉ်ကို အခြေခံသည့် အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပ နိုင်ရေးကိစ္စ (ဂ) လွတ်လပ်ပြီး တရားမျှတသော ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေး ညင်သာသော အသွင်ကူးပြောင်းနိုင်ရန် နိုင်ငံရေးလုပ်ငန်းစဉ်များ ပေါ်ပေါက်ရေးနှင့် ကျန်ရှိသေးသည့်ကြားကာလ နိ်ုင်ငံရေးတည်ငြိမ်မှုအရေး ကိစ္စတို့အပါအဝင် နိုင်ငံရေးကိစ္စရပ်များကို ရှုထောင့်အသီးသီးမှ ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးအဖြေရှာခဲ့ကြသည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ရှင်းပြခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks