Homeအယ်ဒီတာ့အာဘော်၂၀၁၅ နှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန် ဝိုင်းဝန်းကြိုးပမ်းကြပါစို့

၂၀၁၅ နှစ်အတွင်း ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန် ဝိုင်းဝန်းကြိုးပမ်းကြပါစို့

-

ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ ဦးတည်နေသည်ဟုဆိုသော လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေသည် ၄ နှစ်ပြည့်လုနီး အရပ်သား အစိုးရသက်တမ်း၌ တာထွက်ခါစနေရာကပင် မလှုပ်နှိုင်သေးပေ။ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ရေးထိုးခဲ့သော်လည်း အပစ်ရပ်စဲရေးသည် ၄င်းစာချုပ်များ၏ စာရွက်ပေါ်တွင်သာရှိနေခဲ့ပြီး တိုင်းရင်းသားနယ်မြေများအတွင်း အစိုးရ တပ်မတော်၏ ထိုးစစ်ကြောင့် တိုက်ပွဲသံများ ဆူညံနေဆဲပင်။

တဖက်တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဆောင်သော အပစ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပွဲ ပြုလုပ်နိုင်ရန် သက်ဆိုင်သူခေါင်းဆောင်များ ကြိုးပမ်းနေကြဆဲဖြစ်သည်။ သို့ရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၆ ကြိမ်မြောက်ဆွေးနွေးပွဲအပြီး ရရှိပြီးသောရလာဒ်များစွာ နောက်ပြန်ဆုတ်သည့်အခြေအနေသို့ ဆိုက်ရောက်ခဲ့သဖြင့် ၇ ကြိမ်မြောက်ဆွေးနွေးပွဲသို့ မတက်လှမ်းနိုင်သေးပေ။

မြန်မာပြည်လွတ်လပ်ရေးရရှိပြီးချိန်မှ တိုင်းရင်းသားများတောက်လျှောက်တောင်းဆိုခဲ့သော “ဖက်ဒရယ်စနစ်” ကို ယခင်မြန်မာ အစိုးရအဆက်ဆက် ငြင်းပယ်ခဲ့ကြသော်လည်း လက်ရှိအစိုးရလက်ထက်တွင် “ဖက်ဒရယ်” ဟူသည့်စကားလုံးကို စတင်ပြောဆို သုံးနှုံးနေပါပြီ။ သို့သော် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော “ဖက်ဒရယ်စနစ်” ဟုတ်မဟုတ် စောင့်ကြည့်နေရဦးမည်။

မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့တိုးတက်စေရေးအတွက် ကဏ္ဍတိုင်းအလိုက်အရေးကြီးသည်ဆိုသော်ငြား ငြိမ်းချမ်းရေးမရှိပါက မည်သည့်ကဏ္ဍကိုမျှဆောင်ရွက်နိုင်မည်မဟုတ်ပေ။ ၄ ပွင့်ဆိုင်မှ ၅ ပွင့်၊ ၆ ပွင့်၊ ၈ ပွင့်၊ ၁၂ ပွင့်များဖြင့် ပြောဆိုငြင်းခုံဆူညံ နေမည့်အစား ကဏ္ဍအသီးသီးရှိပုဂ္ဂိုလ်ကြီးများအနေဖြင့် နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် ဦးစားပေး ဆောင်ရွက်သင့်ပေသည်။

ထိုမှတဆင့် အစိုးရ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတို့မှ သက်ဆိုင်သည့်အစုအဖွဲ့တို့၏ တတ်သိပညာရှင်များပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲကျင်းပကာ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ကြမည် ဖြစ်သည်။ ထို့ကြောင့် ၂၀၁၅ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိစေရန် မဖြစ်မနေဝိုင်းဝန်းကြိုးပမ်းပါစို့ဟု လွတ်လပ်သော

UPWC နှင့် NCCT အမှတ်တရ ဓာတ်ပုံ(MPC)
UPWC နှင့် NCCT အမှတ်တရ ဓာတ်ပုံ(MPC)
မွန်သတင်းအေဂျင်စီ IMNA က နှစ်ဦးကာလ အခါသမယတွင် ပဏာမတိုက်တွန်းအပ်ပါကြောင်း။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts