Homeသတင်းMNP ညီလာခံတွင် ဦးဆောင်သူအဆင့်ဆင့်ရွေးချယ်ပြီး ရွေးကောက်ပွဲဝင်မဝင်ဆုံးဖြတ်မည်

MNP ညီလာခံတွင် ဦးဆောင်သူအဆင့်ဆင့်ရွေးချယ်ပြီး ရွေးကောက်ပွဲဝင်မဝင်ဆုံးဖြတ်မည်

-

လာမည့် ၂၀၁၅ ဇန်နဝါရီလ ၂၈ မှ ၃၀ ရက်အထိ ၃ ရက်တာ ကျင်းပမည့် မွန်အမျိူးသားပါတီ (Mon National Party) ပထမအကြိမ်ညီလာခံတွင် ပါတီဦးဆောင်သူအဆင့်ဆင့်ကို ပြန်လည်ရွေးချယ်သွားမည်ဖြစ်ပြီး မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် မူတည်၍ ၂၀၁၅ ရွေးကောက်ပွဲဝင်/ မဝင်ဆုံးဖြတ်သွားမည်ဟု မွန်အမျိူးသားပါတီ ဒုဥက္ကဌ (၁) နိုင်သက်လွင်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ကို ပြောသည်။

“ရွေးကောက်ပွဲကိစ္စက နောက်တက်လာတဲ့ ပါတီကိုယ်စားလှယ်ကနေပြီး သူတို့ ဆုံးဖြတ်မယ်။ ဘယ်လိုကြိုးစားမယ်၊အောင်နိုင်ရေးဘယ်လိုလုပ်ရမယ်၊ ဝင်သင့်မဝင်သင့်ဆိုတာ ဒီတိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေကို ကြည့်ပြီး သူတို့ ဆုံးဖြတ်လိမ့်မယ်”ဟု နိုင်သက်လွင်က ပြောသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်မြို တော်ဝင်နှင်းဆီတွင် ပြုလုပ်သော UNA ညီလာခံ၌ လွတ်လပ်သောမွန်သတင်း အေဂျင်စီနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

နောက်ထပ်ရွေးချယ်သွားမည့် ပါတီကိုယ်စားလှယ် ရာထူးအဆင့်ဆင့်တွင် ပါတီဝင် လူငယ်များ ပိုမိုပါဝင်လာမည်ဟု မွန်အမျိူးသားပါတီ ဗပာိုကော်မတီဝင် နိုင် M-ချမ်းမွန် က ပြောသည်။

နိုင် M-ချမ်းမွန် က “လူငယ်တွေ လူတော်တွေ တော်တော်များများပါလာမယ်၊ အထူးသဖြင့် အောက်ခြေအဆင့်ကနေ တက်လာမယ့် လူငယ်တွေပေါ့”ပာ ပြောသည်။

ယင်းသို့ လူငယ်များကို ဦးဆောင်တာဝန်ပေးရာတွင် အခြားရပ်ဝေးဒေသများသို့ ရောက်ရှိနေကြသော မွန်လူငယ်များ ပါဝင်လာနိုင်ရန် ဖိတ်ခေါ်သင့်ကြောင်း ရန်ကုန်ရှိ မွန်လူငယ်အချို့က ပြောသည်။

“မွန်ပြည်နယ်မှာ လူငယ်တော်တော်များများက ပြင်ပတိုင်းပြည်တွေကို ရောက်နေတာများတယ်၊ လူငယ်ပိုင်း လူလတ်ပိုင်း တွေမှာ နိုင်ငံရေးကို အများကြီး လေ့လာထားတဲ့သူတွေရှိတယ်၊ ဒါပေမယ့် သူတို့ အခုမွန်ပြည်နယ်ထဲမှာ မရှိကြဘူး၊ သူတို့အတွက် ဘယ်လိုပူပေါင်းပါဝင်နိုင်မှာလဲဆိုတာ လမ်းကြောင်းရှာသင့်တယ်” ဟု ရန်ကုန်မြို့နေ မွန်လူငယ် ကိုသူက ပြောသည်။

မွန်ပြည်နယ်ရှိ မြို့နယ်၊ ကျေးရွာအသီးသီးရှိ လူငယ်အများစုသည် အိမ်နီးခြင်း နိုင်ငံရပ်ခြားသို့ ရွေ့ပြောင်းအလုပ်သမား အဖြစ်၄င်း၊ ပြည်မ နှင့် အခြားဒေသများတွင်၄င်း သွားရောက် အလုပ်လုပ်ကိုင်နေသူများပြားကြောင်း မွန်ပြည်နယ် ဒေသခံများထံက သိရသည်။

ယခုအခါ MNP ပါတီအနေဖြင့် မြို့နယ်၊ ကျေးရွာအသီးသီးမှ ညီလာခံတက်ရောက်ကြမည့် ကိုယ်စားလှယ်များကို လှို့ဝှက်မဲစနစ်ဖြင့် လာမည့် ဇန်နဝါရီ ၁၅ နေ့နောက်ဆုံးထား ရွေးချယ်နေကြောင်း MNP Facebook တွင် ရေးသားဖေါ်ပြထားသည်။

၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF သည် ၁၉၉၂ ခုနှစ်တွင် ပါတီဖျက်သိမ်းခံရပြီးနောက် ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ (MDP) အမည်ဖြင့် တဖန်မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီး ၂၀၁၄ အေပြီလ၌ ပြည်တောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မွန်ဒီမိုကရေစီပါတီ MNP အမည် ပြောင်းလဲခွင့်ပြုခဲ့သည်။

သို့ရာတွင် ယင်းကဲ့သို့ ပါတီအမည်ပြောင်းလဲခဲ့သော်လည်း ယခင် MDP ပါတီအလံ၊ တဆိပ်များကို ဆက်လက်အသုံးပြု

MNP မုဒုံမြို့နယ်ကိုယ်စားလှယ် ရွေးချယ်နေစဉ်(MNP Facebook)
MNP မုဒုံမြို့နယ်ကိုယ်စားလှယ် ရွေးချယ်နေစဉ်(MNP Facebook)
နေရဆဲဖြစ်သောကြောင့် ယခုကျင်းပမည့်ပါတီညီလာခံတွင် MNP အလံနှင့် တဆိပ်သစ်များ သတ်မှတ်အတည်ပြုသွားမည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts