Homeသတင်းလာမည့်ပြည်ထောင်စုနေ့တွင် နိုင်ငံလုံးဆိုင်ရာအပစ်ရပ် NCA စာချုပ်ရန် ဆန္ဒရှိနေ

လာမည့်ပြည်ထောင်စုနေ့တွင် နိုင်ငံလုံးဆိုင်ရာအပစ်ရပ် NCA စာချုပ်ရန် ဆန္ဒရှိနေ

-

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့NCCT တို့၏ လုပ်ငန်းညှိနိုင်းဆွေးနွေးပွဲ၌ ၂၀၁၅ ခုနှစ်၊ ပြည်ထောင်စုနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) တွင် နိုင်ငံလုံးဆိုင်ရာအပစ်ရပ်စာချုပ်ရန် ဆန္ဒရှိနေကြောင်း နှစ်ဖက်ခေါင်းဆောင်များပြောပြချက်အရ သိရသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Nationwide Ceasefire Agreement) မူကြမ်းအပေါ် လုပ်ငန်းညှိနိုင်း ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းဗဟို ဌာန (Myanmar Peace Center) တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါဆွေးနွေးပွဲ၌ NCA အတွက် ဆက်လက်ညှိနှိုင်းရန် ကျန်ရှိသည့်အချက် ၃ ချက်မှာ စကားလုံးပြန်ပြင်မည့် အပိုင်းများနှင့် စာချုပ်မချုပ်မှီ ကြားကာလ ကိစ္စများဖြစ်ကြောင်း NCCT ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ပဒိုစောကွယ်ထူးဝင်းက “ကြားကာလမှာ လိုင်ဇာလိုအဖြစ်အပျက်တွေ အခြားဒေသတွေမှာလည်း ဖြစ်ပေါ်နိုင်တယ်။ ဒါကြောင့် NCA လက်မှတ်မထိုးခင်မှာ အလားတူဖြစ်ရပ်မျိုး မဖြစ်ပေါ်စေဖို့အတွက် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်”ဟု ပြောသည်။

နှစ်ဖက် ယုံကြည်မှုတည်ဆောက် ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ်အပေါ် ဆွေးနွေးညှိနှိုင်း နေစဉ်ကာလ အတွင်း မလိုလားအပ်သော ကိစ္စရပ်များ ထပ်မံ မပေါ်ပေါက်ရေး အတွက် ပူးတွဲဖြေရှင်း ဆောင်ရွက် သွားကြရန် သဘောတူကြကြောင်း ဆွေးနွေးပွဲအပြီး ဒီဇင်ဘာလ (၂၃) ရက်နေ့၌ ထုတ်ပြန်သော UPWC-NCCT ပူးတွဲ သတင်းထုတ်ပြန် ခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် KIA ဗိုလ်လောင်းသင်တန်းကျောင်းကို အစိုးရ တပ်မတော်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တိုင်းရင်းသားဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့သည်။

“ကျွန်တော်တို့ ပြည်ထောင်စု စတင်ပေါ်ပေါက်လာတာ ဒီဖေဖော်ဝါရီလ ၁၂ ရက်နေ့ပါပဲ၊ အဲဒီနေ့မှာ NCA လက်မှတ် ရေးထိုးနိုင်ရင် ကျွန်တော်တို့ နိုင်ငံရဲ ့ ဂုဏ်ရှိတဲ့ နေ့တစ်နေ့ ဖြစ်တယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ဆက်ပြောသည်။

လက်ရှိတွင် အပစ်ရပ်မူကြမ်း၏ ၉၀ ရာခိုင်နှုန်းကျော်ကို နှစ်ဘက်ခေါင်းဆောင်များက အပြန်အလှန် သဘောတူညီထားပြီး ဖြစ်ကြောင်း၊ ယခင် သဘောတူညီမှုမရရှိခဲ့သည့် အချက် ၁၆ ချက်အနက် ယခုအခါ ၃ ချက်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ယခုဆွေးနွေးပွဲတွင် UPWC အနေဖြင့် အကျပ်အတည်းများ မရှိသလောက်ဖြစ်ကြောင်း၊ လာမည့် ဇန်နဝါရီလ ၁၅-၁၆ ရက်များတွင် ထပ်မံတွေဆုံရန် နှစ်ဖက်ခေါင်းဆောင်များ ဆုံးဖြတ်ထားကြောင်း၊ ပြည်ထောင်စုနေ့တွင် NCA လက်မှတ် ရေးထိုးရန် ဆန္ဒပြုကြောင်း MPC အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

ဦးလှမာင်ရွှေက “ဇန်နဝါရီ ၁၅-၁၆-၁၇ မှာ NCA မူကြမ်း အချောမသတ်နိုင်ရင်တောင် ဘယ်နေ့မှာဘဲ အချောသတ်နိုင်သည် ဖြစ်စေ၊ အချောသတ်နိုင်တဲ့နေ့ကစပြီး ၂ ပတ် ၃ ပတ် အချိန်ပိုတဲ့အတွက် ကျွန်တော်တို့ ဘက်ကလည်း ဆန္ဒပြုတဲ့ သဘော ပါဘဲ၊ အားလုံးဝိုင်းကြိုးစားရင်တော့ ပြည်ထောင်စုနေ့မှာ ဖြစ်နိုင်ပါတယ်”ဟု ပြောသည်။

လက်ရှိလုပ်ဆောင်နေသော အပစ်အခတ်ရပ်စဲရေး လုပ်ငန်းများသည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ပြုလုပ်ရန် ဦးတည်ကြောင်း နှစ်ဖက်ခေါင်းဆောင်များထံမှ သိရသည်။

UPWC နှင့် NCCT တို့၏ ခြောက်ကြိမ်မြောက် ဆွေးနွေးပွဲကို စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ ၅ ရက်ကြာ ပြုလုပ်ခဲ့

UPWC-NCCT လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ(Nyo Ohn Myint-Facebook)
UPWC-NCCT လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ(Nyo Ohn Myint-Facebook)
ရာတွင် အရေးပါသည့် သဘောတူညီမှုမရရှိခဲ့ဘဲ ဆွေးနွေးမှုများရပ်ဆိုင်းခဲ့ပြီး ၇ ကြိမ်မြောက် ဆွေးနွေးပွဲကို ပြန်လည် စတင်နိုင်ရန် လုပ်ငန်းညှိနိုင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts