တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သည့် အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည့် ပြည်ထောင်စုညီလာခံအား အထောက်အကူပြုမည့် အကြိုဆွေးနွေးပွဲများ ပြုလုပ်သွားရန် ရန်ကုန်တွင် ၃ ရက်တာ ပြုလုပ်ခဲ့သော စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိူးများ မပာမိတ် အဖွဲ့ UNA ညီလာခံက ဆုံံးဖြတ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
ထိုဆုံးဖြတ်ချက်များအတိုင်း တိုင်းရင်းသားပြည်နယ် အသီးသီးတွင် ပြည်နယ်လုံးကျွတ်ညီလာခံများပြုလုပ်ကာ တိုင်းရင်းသား လူမျိူးစုတစ်စုခြင်း၏ ဘုံသဘောတူညီချက်များအား ညီလာခံတက်ရောက်သည့် တိုင်းရင်းသားပါတီများမှ ဆက်လက် ကောက်ခံသွားမည်ဖြစ်ကြောင်း အဆိုပါ ညီလာခံတက်ရောက်သော မွန်အမျိူးသားပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်း က ပြောသည်။
ဒေါက်တာ မင်းစိုးလင်းက “ကျွန်တော်တို့ မွန်တွေအနေနဲ့ လာမယ့် ၂၀၁၅ နှစ်လယ်မှာ မွန်တစ်ပြည်လုံးဆိုင်ရာညီလာခံ လုပ်မယ်၊ နိုင်ငံရေးပါတီတွေ အရပ်ဖက်အဖွဲ့အစည်းတွေ သံဃာတော်တွေရဲ့ ဘုံသဘောတူညီချက်တွေရမယ်၊ ပင်လုံကဲ့သို့ ညီလာခံမှာ တင်ပြဖို့ အဆင်သင့် ဖြစ်အောင် ကျွန်တော်တို့က ပြင်ဆင်နေတယ်၊ ကျွန်တော်တို့ မွန်လိုဘဲ ရှမ်းတွေလည်း ပြင်ဆင်ထားပြီးပြီ၊ အခြားတိုင်းရင်းသားတွေလည်း ပြင်ထားလို့ရအောင် UNA ကနေ တိုက်တွန်းသွားမယ်၊ အဲဒါမှ ညီလာခံ ကျရင် သယ်ဆောင်လာတဲ့ ပာက သဘောထားအမှန်ဖြစ်မယ်၊ လယ်သမားအတု အလုပ်သမားအတု မွန်အတု ရယ်ဆိုပြီး ဖြစ်မလာနိုင်တော့ဘူး”ဟု ပြောသည်။
အဆိုပါ ပင်လုံကဲ့သို့ ညီလာခံကို UNA မှ ပြုလုပ်မည်ဆိုသော်လည်း လတ်တလောတွင် ပြုလုပ်မည့် အချိန်ကို မသိရသေးကြောင်း၊ ထိုညီလာခံသို့ အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်များ ပါဝင်လာနိုင်ကြောင်း ညီလာခံတပ်ရောက်သူများထံမှ သိရသည်။
အဆိုပါ ပင်လုံကဲ့သို့ ညီလာခံ တစ်ရပ် ပေါ်ပေါက်လာရေး အတွက် အစိုးရ၏ ပူးပေါင်းမှုလည်း လိုအပ်ကြောင်း၊ အစိုးရ ပါဝင်မှသာ ယင်းညီလာခံ အမြန်ဆုံးဖြစ်လာနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဦးအေးသာအောင်က ပြောသည်။
“အစိုးရ က ပြည်ထောင်စု ညီလာခံကို ဘယ်လောက်အတိုင်းအတာအထိ သဘောတူလက်ခံမှာလဲ၊ အစိုးရပါ ပူပေါင်းလာ နိုင်မယ်ဆိုရင်တော့ အမြန်ဆုံးကျင်းပနိုင်မယ်၊ ကျွန်တော်တို့ အနေနဲ့ ပင်လုံကဲ့သို့ ညီလာခံဖြစ်ဖို့ မျှော်လင့်တယ်၊ အစိုးရ ကလည်း ပင်လုံထက်ကျယ်ပြန့်တဲ့ ညီလာခံတစ်ခု လုပ်မယ်လိုပြောထားတယ်၊ နှစ်ခုပေါင်းစပ်ဆောင်ရွက်နိုင်ရင်တော့ အမြန်ဆုံးဖြစ်လိမ့်မယ်မျှော်လင့်တယ်”ပာု ဦးအေးသာအောင်က ဒီဇင်ဘာလ ၂၄ ရက်နေ့ UNA ညီလာခံ နောက်ဆုံးနေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အချက်အပြင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေဆုံဆွေးနွေးများဖြင့် ဖြေရှင်းရန်၊၂၀ဝ၈ ဖွဲစည်းပုံကို ပြန်ပြင်ရန်နှင့် အသစ်ရေးဆွဲရန်၊အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ လျင်မြန်စွာဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်နှင့် UNA မှ ကမကထပြုဆောင်ရွက်သွားရန် ပါတီများ၊ မိတ်ဖက်ပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ လက်နက် ကိုင်အဖွဲ့အစည်းများ၊လူထုအခြေပြုအဖွဲ့အစည်းများ ၂၅ ဖွဲ့ပါဝင်သော မိတ်ဖက်အဖွဲ့အစည်းများက အချက် ၉ ချက် ပါဝင်သည့် သဘောတူ လုပ်ပိုင်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
UNA ညီလာခံတက်ရောက်သူ ABSDF ကျောင်းသားတပ်မတော် ဥက္ကဌ ဦးသံခဲက “ဒီအချက်၉ ချက်ပာ တိုင်းပြည်အတွက် လိုအပ်တဲ့ အချက်တွေပါ၊ အစိုးရပါဝင်ရင်တော့ အကောင်းဆုံးဘဲ၊ အားလုံးလက်ခံနိုင်တဲ့ အဆင့်ရောက်ကောင်း ရောက်နိုင်ပါတယ်၊ တစ်ချိန်ချိန်မှာတော့ ဒီ ၉ ချက်အပေါ် ပူပေါင်း လာနိုင်လိမ့်မယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
UNA တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ မွန် ဒီမိုကရေစီပါတီ MNP ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ စသည်တို့ ပါဝင်သည်။