spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းကိုပါကြီးကိစ္စ အစီရင်ခံစာ ကွဲလွဲနေမှုအား မိသားစုဝင်ဘက်က သမ္မတထံစာတင်မည်

    ကိုပါကြီးကိစ္စ အစီရင်ခံစာ ကွဲလွဲနေမှုအား မိသားစုဝင်ဘက်က သမ္မတထံစာတင်မည်

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် အလွတ်တန်းသတင်းထောက် ကိုအောင်နိုင် (ခ) အောင်ကျော်နိုင်(ခ) ကိုပါကြီးသေဆုံးခြင်းနှင့်ပတ်သက်၍ တပ်မတော်မှ ထုတ်ပြန်ထားသည့် အချက်များနှင့် လူအခွင့်အရေးကော်မရှင်ဘက်မှ ထုတ်ပြန်ထားသော အချက်များ ကွဲလွဲမှုများတွေ့ရှိရသည့်အတွက် ကိုပါကြီးမိသားစုဝင်ဘက်က သမ္မတထံ စာတင်မည်ဖြစ်ကြောင်း ကိုပါကြီး၏ ဇနီးမသန္တာထံက သိရသည်။

    ကိုပါကြီးဈာပန(IMNA)
    ကိုပါကြီးဈာပန(IMNA)
    ဒီဇင်ဘာလ ၂ ရက်နေ့ က လူအခွင့်အရေးစုံစမ်းစစ်ဆေးရေးကော်မရှင် ထုတ်ပြန်ခဲ့သော အစီအရင် ခံစာသည် တပ်မတော်မှ ထုတ်ပြန်ထားသော အစီအရင်ခံစာများနှင့် ကွဲလွဲမှုများရှိနေသည်ကို တွေ့ရှိရကြောင်း မသန္တာက ပြောသည်။

    “ကွဲလွဲချက်တာကတော့ တပ်မတော်က ထုတ်ပြန်တဲ့အထဲမှာ ကိုပါကြီးကို လုံးထွေးပြီးတော့ ထွက်ပြေးတာလို့ပါတယ်။ ဒီအစီရင်ခံစာမှာတော့ သေနပ်လုဖို့ ကြိုးပမ်းစဉ်မှာ ထွက်ပြေးတာလို့ ပါတယ်။ဒါပာ အဓိပ္ပယ်ကွဲလွဲတာတွေဖြစ်တယ်။ ပြီးတော့ ABSDF က တပ်သားလို့လည်း ပြောထားတယ်။ ဒါလုံးဝမပာုတ်ဘူး။ ABSDF သွားမေးကြည့်ရင် သိတယ်။ကျွန်မ သမ္မတ ဆီကို စာတင်မှာက လည်း ဘယ်လိုရလဒ်ထွက်မလဲ ဆိုတာ စောင့်ကြည့်လို့ဘဲရမယ်” ဟု မသန္တာက ပြောသည်။

    မသန္တာအနေဖြင့် အရပ်ဘက်တရားရုံးတွင် အမှုစီရင်ရေးပေးရန် နိုဝင်ဘာလ ၂၈ ရက်နေ့က သမ္မတနှင့် လွှတ်တော်အဆင့်ဆင်အား စာတင်ထားကြောင်း၊ လူအခွင့်အရေးကော်မရှင်အစီရင်ခံစာတွင်လည်း အရပ်ဘက်တရားရုံး၌ စီရင်ရေးပေးရန် တိုက်တွန်းထားကြောင်း တွေ့ရသည်။

    ကိုပါကြီး မိသားစု အနေဖြင့် ကိုပါကြီး သေဆုံးမှုအပေါ် မွန်ပြည်နယ် ကျိုက်မရော ရဲစခန်းတွင် သေမှု သေခင်း ဖွင့်ထားပြီး လက်ရှိအချိန်အထိ တရားမရင်ဆိုင်ရသေးကြောင်း သိရသည်။

    ကိုပါကြီး အမှုလိုက်ရှေ့နေ ရောဘက်စန်းအောင်က ထိုအမှုသည် ညှင်းပန်းနှိပ်စက် လူသတ်မှုဖြစ်၍ အစိုးရမှ တရားလို ပြုလုပ်၍ လိုက်ပေးရမည့် အမှုဖြစ်ကြောင်း IMNA သို့ ပြောကြားခဲ့သည်။

    “ကျွန်တော်တို့က ဘယ်သူ့ကို တရားခံလို့ သတ်မှတ်ရမှာလဲမသိတော့ ကျွန်တော်တို့ က ဘယ်သူကို တရားသွားစွဲရမှာလဲ။ ဒီအမှုကို အရပ်ဖက်တရားရုံးမှာ စစ်ဆေးရမှာ၊ တပ်မတော်နည်းဥပဒေ ပုဒ်မ ၇၂ အရ နယ်ဘက်ပြစ်မှုဘဲ၊ အခြေခံဥပဒေပုဒ်မ ၃၄၃ မှာ အရပ်ဖက်တရားရုံးမှာ မစစ်ဆေးရဘူးမှ မပါတာ၊ တပ်မတော် ခေါင်းဆောင်တွေဘက်က သမာသမတ်ကျစွာ ကူညီမယ်လို ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ရောဘတ်စန်းအောင်က ပြောသည်။

    လူ့အခွင့်အရေးကော်မရှင်အနေဖြင့် သေမှုသေခင်းနှင့်သက်ဆိုင်သော အရပ်ဘက်မှ လူ ၄၇ ဦး အားစစ်ဆေးမေးမြန်းခဲ့ပြီး ဒီဇင်ဘာလ ၁ ရက်နေ့က ကိုပါကြီး သေဆုံးရခြင်း အစီအရင်ခံစာအား သမ္မတရုံးသို့ တင်ပြခဲ့သည်။

    ၎င်း အစီရင်ခံစာတွင် စာမျက်နှာ ၁၆ မျက်နှာပါဝင်ပြီး ကိုပါကြီး အနေဖြင့် မသေဆုံးမီ သေနတ်လုယူရန် ကြိုးပမ်းစဉ် အစောင့်တပ်သားပစ်ခတ်မှုကြောင့် ဒဏ်ရာ ၁၇ ချက်ဖြင့် သေဆုံးခဲ့ကြောင်း၊ တရားဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန် အမှုအားနယ်ဘက်ဆိုင်ရာတရားရုံးမှာ စစ်ဆေးသင့်ကြောင်းတို့ ပါဝင်သည်။

    တပ်မတော်ဘက်မှ ယခင်ထုတ်ပြန်ချက်တွင် ကိုပါကြီးသည် ကရင်အစည်းအရုံး KKO အဖွဲ့ဝင်ဖြစ်ပြီး အစောင့်စစ်သားထံမှ သေနတ်လုထွက်ပြေးရန် ကြိုးစားသောကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

    “ထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်တယောက်ဆိုရင်တော့ သူ့ကိုစောင့်ရတဲ့ပုဂ္ဂိုလ်က သူ့ကို ထိန်းသိမ်းနိုင်တဲ့ တာဝန်တော့ ရှိတာပေါ့ ။ စောစောက ကိုပါကြီး ကနေပြီးတော့မှ အကြောင်း တခုခု ပြပြီးတော့မှ ထွက်ပြေးဖို့ ကြိုးစားရင်း ကနေပြီးတော့
    ပစ်ခတ်ဖမ်းဆီးတဲ့ အဆင့်ကနေ သေတဲ့ အဆင့်ဖြစ်တာပေါ့”ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခင်လ VOA နှင့် တွေဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks