Homeသတင်းလာမည့်ဒီဇင်ဘာတွင် အပစ်ရပ်ဆွေးနွေးပွဲ အပြီးသပ်နိုင်မည်ဟု MPC မျှော်လင့်

လာမည့်ဒီဇင်ဘာတွင် အပစ်ရပ်ဆွေးနွေးပွဲ အပြီးသပ်နိုင်မည်ဟု MPC မျှော်လင့်

-

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်ကော်မတီ (UPWC) နှင့် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာ (Single Text) ဆွေးနွေးမှုကို လာမည့်ဒီဇင်ဘာလတွင် အပြီးသပ်နိုင်မည်ဟု မျှော်လင့်ကြောင်း မြန်မာ့ငြိမ်းချမ်းရေစင်တာMPC အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေက ပြောသည်။

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးပွဲရပ်ဆိုင်းနေရာမှ ဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရန်အတွက် ယမန်နေ့က MPC တာဝန်ရှိသူများ NCCT ခေါင်းဆောင်များနှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်

NCCT နှင့် MPC 27 Nov 2014 တွင် ချင်းမိုင်၌တွေ့ဆုံစဉ်(Nyo Ohn Myint)
NCCT နှင့် MPC 27 Nov 2014 တွင် ချင်းမိုင်၌တွေ့ဆုံစဉ်(Nyo Ohn Myint)
လာရောက်တွေ့ဆုံခဲ့အပြီး IMNA သို့ ပြောကြားခဲ့သည်။

ဦးလှမောင်ရွှေက “ဆွေးနွေးပွဲမှာ တစ်ဆို့နေတဲ့ အချက်တွေကို ဒီလာမယ့် ခရစ္စမတ်မတိုင်ခင် ဆွေးနွေးပွဲမှာ အပြီးပြတ်ဆွေးနွေးနိုင်မယ်လို့တော့ ကျနော်တို့မျှော်လင့်ထားပါတယ်၊ ဆွေးနွေးပြီးလို့ ရက်ချိန်းကြောင့် တစ်ခြားကိစ္စကြောင့် ရက်ရွေးရင်တော့ လက်မှတ်ထိုးတာ နောက်နှစ်ကူးသွားပါလိမ့်မယ်” ဟု ပြောသည်။

အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ ပြန်လည်စတင်ရန် ဝန်ကြီးဦးအောင်မင်းက လာမည့် ဒီဇင်ဘာ ပထမပတ်တွင် နှစ်ဖက်တွေ့ဆုံရန် တောင်းဆိုထားသော်လည်း NCCT အဖွဲ့ဝင်များ၏ အစည်းအဝေးပြီးမှသာ ဆွေးနွေရက် သတ်မှတ်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရတပ်မတော်က KIA သင်တန်းကျောင်းအားပစ်ခတ်ခဲ့မှုကြောင့် ဆွေးနွေးပွဲကို ရိုက်ခတ်သော်လည်း ဆွေးနွေးပွဲဆက်လက်ပြုလုပ်ရန် NCCT မှ ဆန္ဒရှိနေသည်ဟု ဆိုသည်။

“ဒီနေ့ရလဒ်ကတော့ လိုင်ဇာကိစ္စဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း ပြန်တွေ့တဲ့ ပထမဆုံးအကြိမ်အဖြစ်တဲ့ အတွက် ကျနော်တို့ နှစ်ဖက်ကြား လျှော့ကျသွားတဲ့ ယုံကြည်မှုတွေကို အတတ်နိုင်ဆုံးပြန်ပြီး တည်ဆောက်ခဲ့တယ်၊ နောက်တစ်ချက်က ဝန်ကြီးဦးအောင်မင်းမှာခဲ့တာကို ဖလှယ်နိုင်ခဲ့တယ်” ဟု ဦးလှမောင်ရွှေက ဆက်ပြောသည်။

ယခုရက်ပိုင်းအတွင်း NCCT အစည်းအဝေးမည်ဟုသိရပြီး လာမည့်ဒီဇင်ဘာ ၃ ရက်နေ့တွင် MPC အဖွဲ့နှင့် နောက်တစ်ခေါက် အလွတ်သဘော ထပ်မံတွေ့ဆုံသည့်အခါ NCCT နှင့် UPWC ၇ ကြိမ်မြောက် တရားဝင်တွေ့ဆုံမည့် နေ့ရက်အတိအကျ သိနိုင်မည်ဖြစ်သည်။

ယင်းသို့ MPC နှင့် NCCT တို့ အလွတ်သဘော တွေ့ဆုံခဲ့မှုတွင် ဗိုလ်မှုးကြီး ခွန်ဥက္ကာက “ဦးအောင်မင်းတို့ဘက်ကတော့ အကောင်းဘက်ကို ဆောင်တဲ့အချက်တွေ အများကြီးပါလာပါတယ်၊ ဒါပေမယ့် အဲဒီအချက်တွေက UPWC တို့၊ UPPC တို့ တပ်မတော်ဘက်က လက်ခံပြီးလားဆိုတော့ တစ်ဖက်ကလည်း မရှင်းသေးဘူးဆိုတာဟာ ဒါက ကိုလို့ကန့်လန့်ကြီးဖြစ်နေတယ်” ဟု BBC ကို ပြောဆိုထားသည်။

အလားလားကောင်းသည့် အချက်များမှာ ပြည်ထောင်စု တပ်မတော်တည်ဆောက်မည့် ကိစ္စများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး စသည့်အသုံးအနှုန်းများ၊ အပစ်အခတ်ရပ်စဲပြီးနောက် အဖွဲ့မည်မျှပါဝင်မည် ဆိုသည့်အချက်များ၊ လက်မှတ်ရေးထိုးပြီးနောက် အကောင်အထည်ဖော်မည့် ပူးတွဲဦးဆောင်ကော်မတီ အစည့်အချက်များပါဝင်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

သို့ရာတွင် လာမည့်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ အပြီးသပ်ဆွေးနွေးနိုင်၊ မဆွေးနွေးနိုင် ဆိုသည့်အချက်မှာ တပ်မတော်နှင့် အစိုးရအဖွဲ့များအပေါ်မူတည်နေကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNAသို့ ပြောကြားခဲ့ပြီး ဖြစ်သည်။

NCCT နှင့် MPC တို့၏ ယမန်နေ့အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွင် ဝန်ကြီးဦးအောင်မင်း ပေးပို့လာသည့် အချက်အလက်များသည် လွန်ခဲ့သည့် ၁၀ ရက်နေ့တွင် NCCT ခေါင်းဆောင် နိုင်ဟံသာ ဦးဆောင်သည့် အဖွဲ့နှင့် ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် UPWC အဖွဲ့တို့ နေပြည်တော်၌ အလွတ်သဘောတွေ့ဆုံရာတွင် ဆွေးနွေးခဲ့သည့် အချက်များပင် ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts