Homeသတင်းကော်သူလေးတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေးစတင်

ကော်သူလေးတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေးစတင်

-

ကော်သူလေးတပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့မှစ၍ ၃၀ ရက်နေ့အထိ ကလိုထူးဘောစစ်ဌာနချူပ် အခြေစိုက်ရာ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်ရွာတွင် ကျင်းပလျှက်ရှိကြောင်း သိရသည်။

ကလိုထူးဘောစစ်ဌာနချူပ် ဒုတိယတန်း စစ်ဦးစီးမှူ ဗိုလ်မှူးထွန်းထွန်းက “ကော်သူလေးတပ်မတော်ကိုတော့ ကျနော်တို့ ဖွဲ့စည်းဖြစ် ခဲ့တယ်၊ ဒါပေမဲ့ တစ်ချို့အဖွဲ့အစည်းတွေက အဆင်သင့်မဖြစ်သေးဘူး၊ ပထမတော့ အစည်းအဝေးကိုတော့ ၃ ရက် ခန့်မှန်းထားတယ် ဒါပေမဲ့ ၂ ရက်နဲ့လည်း ပြီးနိုင်မယ်လို့ထင်တယ်” ဟု ပြောသည်။

ကော်သူလေးတပ်မတော် ဖွဲ့စည်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ကရင်လက်နက်ကိုင် အားလုံး ပြန်လည်ပေါင်းစည်းနိုင်မည့် ဘုံဆုံချက်တစ်ရပ် ဖြစ်ရန်ကြိုးစားနေကြသော်လည်း ကရင်းအမျိုးသားများ ပိုင်သည့် ကော်သူလေး အမည်အောက်တွင် ပေါင်းစည်း နိုင်သည့် တိုင်တည်ချက်ဖြင့် ပေါင်းစည်းရေး နည်းလမ်းတစ်ခုကို အစပျိုးလိုက်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးစောထွန်းထွန်းက ဆက်ပြောသည်။

ယနေ့စတင်သည့်အစည်းအဝေး ပဏာမ ဖွင့်ပွဲအဖြစ် မနက်ပိုင်းတွင် မိက်ဆက်ခြင်းအစီအစဉ်နှင့် ညနေပိုင်းတွင် ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်းဆိုင်ရာ အချက်များကို စတင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖွဲ့စည်းခြင်းဆိုင်ရာ ဆွေးနွေးမှုတွင် “ရှိတဲ့အဖွဲ့နဲ့စပြီး ဖွဲ့စည်းထားမယ်၊ ဥပမာ KNU ဆိုရင်လည်း သူတို့မူအရ ကော်သူလေး တပ်မတော် ကို လက်ခံတယ်၊ ဒါပေမဲ့ ပေါင်းစည်း ဖွဲ့စည်းခြင်းမှာတော့ မရသေးဘူး၊ အဆင်သင့် မဖြစ်သေးဘူး ဆိုတဲ့သဘောပေါ့” ဟု ဗိုလ်မှူး စောထွန်းထွန်းက ဆက်ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို အမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးတွင်လည်း ကော်သူလေးတပ်မတော်ဖွဲ့စည်း ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ရာ အောက်တိုဘာလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည့် ကော်သူလေး တပ်မတော်နှင့် ပတ်သက်၍ ခေါင်းဆောင်များက ကော်သူလေးသည် ယခင်ကဖွဲ့စည်းထားဖူးသည် ဖြစ်၍ မူအားဖြစ် KNU မှ သဘောတူသော်လည်း ဖွဲ့စည်းရေး အတည်ပြုရန်အတွက် လာမည့် KNU ကွန်ကရက်တွင် ဆုံးဖြတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကော်သူလေးတပ်မတော် ဖွဲ့စည်းခြင်းအစည်းအဝေးကို ကရင်လက်နက်ကိုင်များဖြစ်သည့် DKBA, KNU, KNLA/KNU-PC, KNDO, စသည့်အဖွဲ့များအပြင် ကရင်အမျိုးသမီးအဖွဲ့၊ ကရင်လူငယ်ကွန်ယက် နှင့် ကရင်ပြည်နယ်ရှိ မြို့နယ်များမှ ကိုယ်စားလှယ်များ၊ ကရင် အဖွဲ့အစည်းမဟုတ်သည့် UNRA, ABSDF ကိုယ်စားလှယ်များ စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့သည်။

အလားတူ ယနေ့ရက်စွဲဖြင့် ကော်သူလေးသတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်တွင် ကော်သူလေးသည် အဖွဲ့အစည်းတစ်ရပ်မဟုတ် ကြောင်း၊ ကရင်အမျိုးသားထုအတွက် ကိုယ်စားပြုမှုဖြစ်ကြောင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရည်ရွယ်ချက်တစ်ခုထည်ဖြင့် စုစည်းခြင်း ဖြစ်ကြောင်း၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့အတွက် ရပ်တည်သွားမည်ဖြစ်ကြောင်း၊ အမိမြေနှင့် အမျိုးသားဇာတိလက္ခဏာကို ကာကွယ်စောင့်ရှောက်ရန်၊ ငြိမ်းချမ်းရေးကို နှောက်ယှက် ဖျက်ဆီးသူများကို တုံ့ပြန်ခုခံရန်၊ အခြားလက်နက်ကိုင်တိုင်းရင်းသားများနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းရန်၊ ငြိမ်းချမ်းရေးအတွက် ပံ့ပိုးကူညီသွားရန်၊ တရားမျှတသည့် ဥပဒေဘက်မှ ရပ်တည်သွားရန် နှင့် အာမခံချက်ရှိသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် ဒီမိုကရက်တစ်အင်အားစုများနှင့် လက်တွဲသွားရန် တို့ ပါဝင်သည်ဟု ဆိုသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts