spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းတနင်္သာရီတိုင်းဒေသကြီးတွင် မွန်လူဦးရေ ၆ သောင်းကျော်စာရင်းကောက်ခံရရှိထားပြီ

    တနင်္သာရီတိုင်းဒေသကြီးတွင် မွန်လူဦးရေ ၆ သောင်းကျော်စာရင်းကောက်ခံရရှိထားပြီ

    -

    ၂၀၁၀ ရွေးကောက်ပွဲကာလ၌ ရွေးကောက်ပွဲကော်မရှင်က တနင်္သာရီတိုင်းဒေသ ကြီးတွင် မွန်တိုင်းရင်းသားဦးရေ ၄ သောင်းမပြည့်ဟု ကြေညာခဲ့သော်လည်း ယခုအခါ မွန်လူဦးရေစာရင်းကောက်ယူရေး ကော်မတီက မွန်တိုင်းရင်းသားဦးရေ ၆ သောင်းကျော် စာရင်းကောက်ခံရရှိထားပြီဟု ဆိုသည်။

    တနင်္သာရီတိုင်းဒေသကြီးအတွင်း ယခုနှစ်ဆန်းပိုင်းဇန်နဝါရီလမှ မွန်လူဦးရေစာရင်းစတင်ကောက်ခံခဲ့ရာတွင် ယခုအခါ လူဦးရေ ၆၂၀ဝ၀ ကျော်ရရှိထားကြောင်း မွန်လူဦးရေစာရင်း ကောက်ယူရေးကော်မတီ ပြန်ကြားရေးတာဝန်ခံ မိငွေလေးက လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    သူမက “အခုရရှိပြီးတဲ့စာရင်းတွေအရ မွန်လူဦးရေ ၆ သောင်း ၂ ထောင်ကျော်နေပြီး၊ ဝေးလံပြီး သွားလာရခက်ခဲတဲ့ ဒေသအချို့နဲ့ ခရီးလွန်နေတဲ့လူတွေလည်း ကျန်ပါသေးတယ်၊ အဲဒါတွေ ဆက်လက်ကောက်ခံပါဦးမယ်” ဟု ဆက်ပြောသည်။

    ယင်းကောက်ခံရရှိထားသော မွန်လူဦးရေစာရင်းကို တနင်္သာရီတိုင်းဒေသကြီး အစိုးရ၊ ပြည်ထောင်စုအစိုးရ၊ ပြည်ထောင်စုလွှတ်တော်သို့ ဆက်လက်တင်ပြ၍ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအမီ တနင်္သာရီတိုင်းအတွင်း မွန်တိုင်းရင်းသားရေရာဝန်ကြီးတစ်ဦးထားရှိရန်အတွက် ဆက်လက် ကြိုးပမ်းသွားမည်ဟု ဆိုသည်။

    မွန်လူဦးရေစာရင်း ကောက်ယူသည့် ရည်ရွယ်ချက်မှာ မွန်ပြည်နယ်မှအပ မွန်တိုင်းရင်းသားများနေထိုင်လျက်ရှိကြသည့် အခြားပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် မွန်တိုင်းရင်းသားရေးရာဝန်ကြီးတစ်နေရာ ရွေးကောက်တင်မြှောက်နိုင်ရန်နှင့် မွန်လူဦးရေစာရင်း အမှန် အကန်ရရှိရန်ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော်အမတ် မင်းစံတင်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောကြား ခဲ့ဖူးသည်။

    မင်းစံတင်က “အခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ မွန်လူဦးရေ ၆ သောင်းပြည့်မှ မွန်တိုင်းရင်းသားရဲ့ ရေးရာဝန်ကြီးတစ်ဦး ရရှိမှာ ဖြစ်တယ်” ဟု ဆိုသည်။

    တနင်္သာရီတိုင်းဒေသကြီး ၁၀ မြို့နယ်အနက် ရေဖြူမြို့နယ်တွင် မွန်လူမျိုး အများစုနေထိုင်ကြပြီး ပုလော၊ ပုလောက်၊ ထားဝယ်၊ လောင်းလုံ၊ သရက်ချောင်း၊ မြိတ်၊ ကျွန်းစု၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်း စသည့်မြို့များတွင်လည်း နေထိုင်လျက်ရှိကြသည်။

    အလားတူ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း မွန်လူဦးရေ ၆ သောင်းမပြည့်ဟု ရွေးကောက်ပွဲကော်မရှင်ကသတ်မှတ်ထားသဖြင့် လွန်ခဲ့သည့်နှစ်မှစတင်၍ မွန်လူဦးရေစာရင်းကောက်ယူမှုများ ပြုလုပ်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    1 COMMENT

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts