spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းယဉ်ကျေးမှုဝန်ကြီး ပြောဆိုမှုအပေါ် မွန်သမိုင်းသုတေသနအသင်း ကန့်ကွက်ရန်စီစဉ်နေ

    ယဉ်ကျေးမှုဝန်ကြီး ပြောဆိုမှုအပေါ် မွန်သမိုင်းသုတေသနအသင်း ကန့်ကွက်ရန်စီစဉ်နေ

    -

    ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်ကြူ က မွန်ဓမ္မစေတီ ခေါင်းလောင်း မရှိဟု ပြောဆိုခဲ့သည့်အပေါ် မွန်သမိုင်းသုတေသနအသင်းက ကန့်ကွက်ရန် စီစဉ်နေသည်ဟု၄င်းအသင်းမှ အတွင်းရေးမှူး နိုင်ရဲဇော်က လွတ်လပ်သောမွန် သတင်းအေဂျင်စီ (IMNA) သို့ပြောသည်။

    နိုင်ရဲဇော်က “ဝန်ကြီးတစ်ယောက်အနေနဲ့ ဒီလို လက်လွတ်စပယ် မပြောသင့်ဘူး၊ ခေါင်းလောင်း မရှိဘူးလို့ ဆိုလိုချင်သလား၊ ငဇင်းကာ မသယ်သွားဘူးလို့ ပြောချင်သလား၊ ဘာကိုပြောချင် သလဲဆိုတာ တိတိကျကျပြန်မေးမယ်၊ မရှိဘူးလို့ ပြောရင် အထောက်အထားအခိုင် အမာ ပြခိုင်းမယ်၊ ပြီးတော့ ရှုတ်ချစာ၊ ကန့်ကွက်စာအပြင် ကြေငြာချက်လည်းထုတ်ပြန်သွားမယ်” ဟုပြောသည်။

    မွန်သမိုင်းသုတေသနအသင်းမှ ကွန့်ကွက်ရန်အတွက် စီစဉ်နေသည်ဟုပြောသော်လည်း အစီအစဉ်အသေးစိတ် လုပ်ဆောင်ချက်များ ကိုမူ မပြောပြခဲ့ပေ။

    သို့သော်လည်း ဝန်ကြီးဌာနအနေဖြင့် သမိုင်းပညာရှင်များ၊ ရှေးဟောင်းသုတေ သနပညာရှင်များ၊ ဆယ်ယူမှုနည်း ပညာဆိုင်ရာပညာရှင် များ၊ ကျွမ်းကျင်သူများ ပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့ကာ၊ သုတေသနပြုလုပ်ပြီး ထိုကော်မတီ၏ ဆုံးဖြတ်ချက်ပေါ်မူတည်၍ ပြောဆို သင့်သည်ဟု ဆိုသည်။

    ဝန်ကြီး ဦးအေးမြင့်ကြူက “မွန်- ရာဇာဓိရာဇ်ထဲမှာတော့ မလေ့လာခဲ့ရပါဘူး၊ ဓမ္မစေတီခေါင်းလောင်း ရှိမရှိဆိုတာ မပြောတတ်ဘူး၊ ဒါပေမယ့် ကျနော်တို့ ကြည့်ခဲ့တဲ့ မှတ်တမ်းအရတော့ ဘယ်မှာမှ မရှိဘူး” ဟုပြောသည်။

    စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် ကျင်းပသည့် အာဆီယံ လူမှုရေး – ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အစည်းအဝေးနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ၂၀၁၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့ Chatrium Hotel ၌ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ရေကြောင်းပညာရှင် ဦးချာလီ သန်းက ဒီရေကြောင်းပြောင်းလဲမှုအရ နှစ်တစ်ရာတွင် ၁၂ မိုင် ရွေ့လျားပြီး၊ နှစ် ၄၀ဝ အတွင်း ၄၈ မိုင်၊ မိုင် ၅၀ ခန့်ရွေ့ပြီး၊ ဆယ်ယူရန် မလွယ်ကူကြောင်းတင်ပြခဲ့သည်။

    ထို့အပြင် ပညာရှင် ဘရစ်တို ကလည်း ယင်းခေါင်းလောင်းကြီးအား သမိုင်းတန်ဖိုးနှင့် ယဉ်ကျေးမှုလက်ရာ ပြသရန် မဟုတ်ပဲ၊ အရည် ကျိုပြီး လက်နက်ထုတ်လုပ်ရန် သယ်ဆောင်သွားခြင်း ဖြစ်သည့်အတွက် ရိုက်ချိုးဖျက်ဆီးပြီး အပိုင်းအစများအဖြစ်လည်း သယ်သွားနိုင် ကြောင်း တင်ပြခဲ့ပါသည်။

    ခရစ်သက္ကရာဇ် ၁၆၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပေါ်တူကီလူမျိုး ငဇင်းကာခေါ် ဖီးလစ်ဒစ်ပလီတို သည် အမြောက်ပြု လုပ်ရန် ခေါင်းလောင်းတော်ကြီးအား သံလျှင်သို့ သယ်ယူစဉ် ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်း တို့ဆုံစည်းရာ မြစ်ဆုံအနီး၌ နစ်မြုပ်ခဲ့သည်ဟု ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks