spot_img
Saturday, December 7, 2024
More
    spot_img
    Homeသတင်းဘန်ကောက်အနီး ဆေးဆိုးပန်းရိုက်စက်ရုံပေါက်ကွဲမှုတွင့် မြန်မာအလုပ်သမားအချို့ ဒဏ်ရာရ

    ဘန်ကောက်အနီး ဆေးဆိုးပန်းရိုက်စက်ရုံပေါက်ကွဲမှုတွင့် မြန်မာအလုပ်သမားအချို့ ဒဏ်ရာရ

    -

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပါရာကန်မြို့နယ်ရှိ Wong Pisit Printing Limited ဆေးဆိုးပန်းရိုက်စက်ရုံ၌

    ရေနွေးအိုး Electric Steam Boiler အပူလွန်ကဲ၍ ပေါက်ကွဲခဲ့ရာမှ ထိုင်းအလုပ်သမား ၃ ဦးနှင့် မြန်မာအလုပ်သမားအချို ့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး စမွတ်ပရာကန်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ကြောင်းသိရသည်။

    အမြင့်ပေ ၅ ပေခန့်ရှိ ဘွိုင်လာရေနွေးအိုး ပေါက်ကွဲမှု ပြင်းထန်သောကြောင့် ဒဏ်ရာရအလုပ်သမားများအတွက် စိုရိမ်နေရကြောင်း မြန်မာအလုပ်သမားသံအရာရှိ ကိုသန်းနိုင် က IMNA သို့ ပြောသည်။

    သူက "ပေါက်ကွဲသံက အရမ်းပြင်းတော့ လူတွေအုံလာကြတယ်၊ မနက် ၄ နာရီလောက်မှာ ပေါက်ကွဲတာ မြန်မာအလုပ်သမားတွေရော၊ ထိုင်းအလုပ်သမားတွေရော အဲဒီမှာရှိနေကြတာပါ၊ ဒဏ်ရာရအလုပ်သမားတွေကို ဆေးရုံကို ချက်ချင်းပဲ ပို့ဆောင်ခဲ့တယ်"ဟု ပြောသည်။

    ပေါက်ကွဲရှိန်ကြောင့် အနီးတဝိုက်ရှိ နေအိမ်များပျက်စီးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရ မြန်မာအလုပ်သမားများအတွက် ထိုင်းနိုင်ငံဥပဒေနှင့်အညီ စက်ရုံမှ တာဝန်ရှိ ပုဂ္ဂိုလ်များက ပြန်လည် ပေးလျှော်ပေးရမည်ဖြစ်ပြီး အပြည့်အဝအကျိုးခံစားခွင့်ရှိကြောင်း သူက ဆက်ပြောသည်။

    ယင်းပေါက်ကွဲမှုဖြစ်စဉ်တွင် ထိုင်းနိုင်ငံသား ၄ ဦးနှင့် မြန်မာအလုပ်သမား ၁၈ ဦးကို ဆေးရုံသို့ပို့ဆောင်ခဲ့ရပြီး မြန်မာအလုပ်သမား ၂ ဦး စိုးရိမ်ဖွယ်အခြေအနေ ဖြစ်ပေါ်နေသည်။

    ဘန်ကောက်မြို့နေ ကိုသက်ခိုင်က "အဲဒီစက်ရုံမှာ မြန်မာအလုပ်သမားက အများကြီးရှိပါတယ်၊ အဲ့လိုပေါက်ကွဲတဲ့အခါမှာခေါင်မိုးတွေဘာတွေလွင့်ပြန်ကုန်တော့ အလုပ်သမားတွေကို သွားထိတယ်ဗျ၊ ပေါက်ကွဲမှုမှာ ငွေကြေးပမာဏာအများကြီး ဆုံးရှုံးမှာပါ"ဟု ပြောသည်။

    ယင်းစက်ရုံသို့ တာဝန်ရှိသူများများမှအပ မည်သူမျှမဝင်နိုင်အောင် သက်ဆိုင်ရာများက တားမြစ်ပိတ်ဆို့ထားကြပြီး ပေါက်ကွဲမှုဖြစ်စဉ်ကို ထိုင်းအာဏာပိုင်တို့ ဆက်လက်စစ်ဆေးသွား မည်ဖြစ်ကြောင်း ထိုင်း TV Channal 3 မှ ကြောညာခဲ့သည်။

    ထို့အတူ ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းနိုင်ငံ၊ ပထွန်ဌာနီခရိုင်၌ မြန်မာအလုပ်သမားများ ဆောက်လုပ်နေသည့် ၆ ထပ်တိုက်ပြိုကျမှုဖြစ်ပွားခဲ့ရာ လူအသေအပျောက်ဖြစ်ပွားခဲ့သော်လည်း မြန်မာအလုပ်သမားများ သေဆုံးမှုတွင် ပါဝင်မှုမရှိခဲ့ကြောင်း မြန်မာသံရုံးက အတည်ပြုခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,900SubscribersSubscribe
    spot_img

    Latest posts