spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်း၂၀၁၆ အမီ ဘီလူးကျွန်း၌ မီးလင်းနိုင်ရေး ဆောင်ရွက်နေဟု ပြည်နယ်လျှပ်စစ်ဝန်ကြီးဆို

    ၂၀၁၆ အမီ ဘီလူးကျွန်း၌ မီးလင်းနိုင်ရေး ဆောင်ရွက်နေဟု ပြည်နယ်လျှပ်စစ်ဝန်ကြီးဆို

    -

    မော်လမြိုင်-ဘီလူးကျွန်း Google Map မှမြင်တွေ့ရပုံ(Copy)
    မော်လမြိုင်-ဘီလူးကျွန်း Google Map မှမြင်တွေ့ရပုံ(Copy)
    မွန်ပြည်နယ် မော်လမြိုင်မြို့ တဖက်ကမ်း ဘီလူးကျွန်း(ချောင်းဆုံမြို့နယ်)ရှိ ကျေးရွာများ အားလုံး လာမည့် ၂၀၁၆ ခုနှစ်အမီ လျှပ်စစ် ဓါတ်အား မီးလင်းနိုင်ရေး ဆောင်ရွက်နေကြောင်း မွန်ပြည်နယ် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ဝန်ကြီး နိုင်လဝီအောင်က ပြောသည်။

    “ အခု မဟာ ဓါတ်အားလိုင်း သွယ်ဖို့ အတွက် ရေလည် တိုင်တွေ စထူ နေပြီ၊ နောက်ပြီး တကျွန်းလုံး လျှပ်စစ် လိုအပ်ချက် ပမာဏ ဘယ်လောက် ရှိမှာလဲ ဆိုတာ စာရင်း ကောက်နေပြီ၊ အဲဒါ ပြီးရင် ဓါတ်အား ခွဲရုံ တည်ဆောက်မယ်၊ ၂၀၁၆ အမီ မီးလင်းနိုင်အောင် ဆောင်ရွက် နေပါတယ်” ဟု နိုင်လဝီအောင်က ပြောသည်။

    လျှပ်စစ် ဖြန့်ဖြူး ပေးနိုင်ရေး မဟာ ဓါတ်အားလိုင်း သွယ်တန်းရန် လိုအပ်သည့် ရေလည်တိုင် သံလွင် မြစ်ကြောင်း ပေါ်ရှိ ရေလည်တိုင် များကို မွန်ပြည်နယ်၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၏ ဘဏ္ဍာငွေဖြင့် ပြည်နယ် အစိုးရက အကောင်အထည် ဖော်နေကြောင်း သူက ဆိုသည်။

    ရေလည်တိုင် စိုက်ထူ နိုင်ရေးအတွက် လိုအပ်သည့် မြေပုံကြမ်း ရေးဆွဲခြင်းနှင့် တည်နေရာ ရွေးချယ်ခြင်း တို့ကို လွန်ခဲ့သည့်မေလက စတင် လုပ်ဆောင်ခဲ့ပြီး ယခုအခါ သံလွင် မြစ်ပေါ်တွင် လျာထားသည့် ရေလည်တိုင်များအား ကွန်ကရစ် လောင်းနေပြီ ဖြစ်ကြောင်း သူက ဆက်ပြောသည်။

    “လျှပ်စစ် ဓါတ်အား နှုန်းထားကို ကျနော်တို့က မွန်ပြည်နယ် ထဲမှာ အစိုးရက ကောက်ခံ နေတဲ့ နှုန်းထား အတိုင်း ဖြန့်ဖြူး ပေးသွားမယ်၊ အခု လောလော ဆယ်တော့ တကျွန်းလုံး လျှပ်စစ် ဘယ်လောက် လိုအပ်မှာလဲ ဆိုတာ ကျွှန်တော်တို့ စာရင်း ပြုစု နေဆဲ ဖြစ်တယ်၊ အဲဒါ ပြီးရင် လိုအပ်မယ့် ဓါတ်အား ခွဲရုံကို ချောင်းဆုံ မြို့မှာ တည်ဆောက် သွားဖို့ ပြင်ဆင် နေပါတယ်” ဟု နိုင်လဝီအောင်က ဆက်ပြောသည်။

    အစိုးရမှ ဘီးလူးကျွန်းအတွက် ဓါတ်အား ဖြန့်ဖြူးပေးနိုင်မည်ဆိုပါက ပုဂ္ဂလိက မီးဖြန့်ဖြူး ပေးနေမှုများကို မိိ်မိတို့ ရပ်ဆိုင်းသွားမည် ဖြစ်ကြောင်း ကမာမိုကျေးရွာတွင် ကိုယ်ထူကိုယ်ထ ကျေးရွာ မီးလင်းရေး ကော်မီတီ ဥက္ကဋ္ဌ ဦးကိုရင်လေးက ပြောသည်။

    ဦးကိုရင်လေးက “ကျွှန်တော်တို့ အနေနဲ့က ကျေးရွာမှာ မီးအား လိုအပ်ချက်ကြောင့် စုပေါင်းပြီး မီးလင်းရေး ကော်မီတီ ဖွဲ့ခဲ့ရတာ၊ အစိုးရက မီးအား ပေးနိုင်မယ် ဆိုရင်တော့ ကျွှန်တော်တို့ ပုဂ္ဂလိက မီးထက် အများကြီး ဈေးသက်သာ မှာပေါ့၊ အဲအချိန် ရောက်ရင် ကျွှန်တော်တို့ လုပ်ငန်း လုပ်လို့ မကိုက်တော့ရင် ရပ်ရမှာပါ” ဟု ပြောသည်။

    လက်ရှိ၌ ချောင်းဆုံမြို့နှင့် ရွာလွတ်ရွာ ၂ နေရာ၌သာ အစိုးရမီးအားဖြန့်ဖြူး ပေးနေသော်လည်း အခြား ကျေးရွာများတွင် ပုဂ္ဂလိကမီးကိုသာ အသုံးပြုနေရသဖြင့် လက်ရှိတစ်ယူနစ် ကျပ် (၅၀ဝ) နှုန်းဖြင့် ကျခံအသုံးပြု နေရကြောင်း ဘီလူးကျွှန်း မုဒွန်းကျေးရွာနေ မင်းကစော့ထောက ပြောသည်။

    “အခု ကျွှန်တော်တို့ ပုဂ္ဂလိက မီးကို တစ်ယူနစ် (၅၀ဝ) ပေးပြီး သုံးနေ ရတယ်၊ အစိုးရမီး ရမယ် ဆိုရင် အစိုးရ မီးပဲ ယူမှာပေါ့၊ အစိုးရ မီးက ပိုပြီး ဈေးသက်တာတယ်” ဟု ၎င်းမှ ပြောသည်။
    လက်ရှိ၌ အစိုးရလျှပ်စစ်မီး တယူနစ်မှ ၁၀ဝ ယူနစ်အထိ သုံးစွဲလျှင် ၃၅ ကျပ်နှုန်း၊ ၁၀၁ ယူနစ်မှ ၂၀ဝ ယူနစ်အထိ သုံးစွဲလျှင် ၄၀ ကျပ်နှုန်းနှင့် ၂၀၁ ယူနစ်အထက် ၅၀ ကျပ်နှုန်းဖြင့် ကောက်ခံလျက် ရှိသည်။
    ဘီလူးကျွန်းပေါ်ရှိ ချောင်းဆုံမြို့နယ်၌ ကျေးရွာအုပ်စု ၄၅ အုပ်စုတွင် ကျေးရွာပေါင်း ၇၈ ရွာဖြင့်ဖွဲ့စည်း ထားကာ လူဦးရေ ၁၆၀, ဝ၀ဝ ဦးကျော် နေထိုင်လျက်ရှိသည်ဟု သိရသည်။
    မွန်ပြည်နယ် တစ်ခုလုံးအတွက် မီးအားလိုအပ်ချက်ပမာဏမှာ မီးအား အမြင့်ဆုံး အသုံးပြု နေသည့် ညအချိန် များတွင် မဂ္ဂါဝပ် (၇၀) အောက်သာရှိ၌ Myanmar Lighting (IPP) Co.Ltd မှ လိုအပ်သည့် လျှပ်စစ်မီးကို လုံလုံ လောက်လောက် ထုတ်လုပ် ပေးနိုင်ကြောင်း၊ ၂၀၁၅ ဒီဇင်ဘာလအမီ လျှပ်စစ် ဓါတ်အား ၂၃၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးရန် မွန်ပြည်နယ် အစိုးရနှင့် ၄င်းကုမ္ပဏီတို့ နားလည်မှုစာချွန်လွှာ ရေးထိုးထားကြောင်း ကုမ္ပဏီ ဒါရိုက်တာ ဦးကျော်ဖြိုးထွန်းမှ ပြီးခဲ့သည့် ဇွန်လ (၂၈) ရက်နေ့၌ မွန်ပြည်နယ်ရှိ သတင်းမီဒီယာများအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks