Monday, March 23, 2026
More
    spot_img
    Homeသတင်းမွန်ဘာသာဖြင့် မြန်မာ့အလင်းသတင်းစာ အချပ်ပိုထုတ်ဝေတော့မည်

    မွန်ဘာသာဖြင့် မြန်မာ့အလင်းသတင်းစာ အချပ်ပိုထုတ်ဝေတော့မည်

    -

    မြန်မာ့အလင်းသတင်းစာ(Copy)
    မြန်မာ့အလင်းသတင်းစာ(Copy)
    လက်ရှိအစိုးရထုတ်ဝေလျှက်ရှိသော မြန်မာ့အလင်းသတင်းစာတွင် လာမည့်သြဂုတ်လမှစ၍ မွန်ဘာသာအပြင် မွန်ပြည်နယ်ရှိ တိုင်းရင်းသားဘာသာများဖြင့် မွန်ပြည်နယ်ကိုယ်ပွားသတင်းစာ(အချပ်ပို)အား အပတ်စဉ် ပုံနှိပ်ထုတ်ဝေသွားမည်ဟု သိရသည်။

    မွန်၊ စကောကရင်၊ ပိုးကရင်၊ ပအိုဝ်ဘာသာများဖြင့် မြန်မာ့အလင်းနေ့စဉ်သတင်းစာမှကောက်နုတ်၍ တစ်ပတ်တစ်ကြိမ်အချပ်ပို စာမျက်နှာတစ်မျက်နှာခန့် ထုတ်ဝေမည်ဟု မွန်ပြည်နယ်အစိုးရ စီမံကိန်းနှင့်စီးပွားရေးရာဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

    သူက “လာမယ့်သြဂုတ်လ ၃ ရက်နေ့က စပြီးထုတ်ဝေသွားပါမယ်၊ လောလောဆယ်မှာ မွန်တစ်မျက်နှာ၊ ပအိုဝ် တစ်မျက်နှာ၊ ကရင် နှစ်မျက်နှာ အပတ်စဉ်ဖေါ်ပြပါမယ်၊ နောင်အဆင်ပြေတဲ့ကာလတွေမှာ နေ့စဉ်ထုတ်လည်း ဖြစ်သွားနိုင်တယ်၊ တိုင်းရင်းဘာသာစာမျက်နှာတွေကို ကာလာရောင်စုံနဲ့ထုတ်မယ်” ဟု ပြောသည်။

    မြန်မာ့အလင်းသတင်းစာ၏ မွန်ပြည်နယ်ကိုယ်ပွားသတင်းစာပုံနှိပ်တိုက်သည် မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာ တွင် တည်ရှိပြီး မွန်ပြည်နယ်အတွက် စောင်ရေ ၃ သောင်းနှင့် ကရင်ပြည်နယ်အတွက် စောင်ရေ ၂ သောင်းဖြန့်ဝေမည်ဟု ဆိုသည်။

    မြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနသတင်းများကို သက်ဆိုင်ရာတိုင်းရင်းသားဘာသာအလိုက် ဘာသာပြန်ဆို၍ ကွန်ပျူတာဖြင့်စာစီစာရိုက်နိုင်သူများအား ခန့်အပ်တာဝန်ပေးမည်ဟု သိရသည်။

    သို့ရာတွင် သက်ဆိုင်ရာ တိုင်းရင်းသားဘာသာအလိုက် စာစီစာရိုက် ၁ ဦး၊ ဘာသာပြန် ၂ ဦး၊ ကြီးကြပ်သူ ၁ ဦးခန့်အပ်သွားရန် စီစဉ်ထားသော်လည်း အချိန်ပြည့်ဝန်ထမ်းမထားရှိမီကာလတွင် လုပ်အားပေးစေတနာ့ဝန်ထမ်းများဖြင့် စတင်အကောင်အထည်ဖေါ်သွားမည်ဟု မွန်သတင်းအယ်ဒီတာတစ်ဦးဖြစ်သူ မိမွန်ကျဲက ဆိုသည်။

    သူက “ မွန်ဘာသာအတွက် ဝန်ထမ်းတွေမခန့်ထားနိုင်မီကာလမှာ ကျမတို့က ဝိုင်းဝန်းကူညီပေးတာပါ၊ အစိုးရပြန်ကြားရေးသတင်းတွေကို ဘာသာပြန်ဆိုပြီး စာစီစာရိုက်တာ Layout တွေ ချပေးတာပေါ့” ဟု ပြောသည်။
    သမ္မတဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်းတွင် မီဒီယာများအား အထိုက်အလျှောက် လမ်းကြောင်းဖွင့်ပေးခဲ့ရာ မွန်တိုင်းရင်းဘာသာဖြင့် အစိုးရသတင်းစာ၏ ပထမဆုံးအကြိမ်ထုတ်ဝေခြင်း ဖြစ်မည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks