spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းထားဝယ် လယ်သမား ၁၀ ဦးကို ထောင်ဒဏ်ချမှတ်

    ထားဝယ် လယ်သမား ၁၀ ဦးကို ထောင်ဒဏ်ချမှတ်

    -

    လယ်သမားများအား အချုပ်ကားပေါ်မြင်တွေ့ရပုံ(Tuntunwin Facebook)
    လယ်သမားများအား အချုပ်ကားပေါ်မြင်တွေ့ရပုံ(Tuntunwin Facebook)
    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ ဝတ္တရားနှောင့်ယှက်မှု၊ သက်သေခံပစ္စည်းဖျောက်ဖျက်မှု၊ ရိုက်နှက်မှု၊ ဆဲဆိုမှု စသောပုဒ်မဖြင့် တရားစွဲခံထားရသည့် လယ်သမား အမျိုးသား ၁၀ ဦး ကို ဇူလိုင်လ ၁၆ ရက်နေ့တွင် မြို့နယ်တရားရုံးက ထောင်ဒဏ်အသီးသီး စီရင်ချက်ချလိုက်သည်။

    လယ်သမား ဦးကြူလွင်ကို ပုဒ်မ ၃၅၃ တာဝန်ဝတ္တရားနှောက်ယှက်မှု၊ ပုဒ်မ ၃၃၂ နာကျင်စေမှု၊ ပုဒ်မ ၂၀၁ သက်သေခံပစ္စည်းဖျောက်ဖျက်မှု ထောင်ဒဏ် ၉ လ ၁၅ ရက်နှင့် ဦးသောင်းညွန့် ပုဒ်မ ၃၅၃ တာဝန်ဝတ္တရားနှောက်ယှက်မှု၊ ပုဒ်မ၂၉၄ ဆဲဆိုမှု ထောင်ဒဏ် ၆လ မတရားထောင်ချခြင်းခံရသည်ဟု ပြောသည်။

    လယ်သမားများအား အကူအညီပေးနေသူ ကိုညီညီထွန်း က” ကျနော့်အစ်ကိုနဲ့ ကျန်လယ်သမားတွေကို ပုဒ်မ ၃၅၃ တာဝန်ဝတ္တရားနှောက်ယှက်မှု ဆိုပြီး ထောင်ဒဏ် ၃ လ ၁၅ ရက် ချခဲ့တယ်၊ အခု ထားဝယ်အကျဉ်းထောင်းမှာ ထိန်းသိမ်းထားတယ်” ဆိုသည်။

    ထိုပြစ်ဒဏ်ချမှတ်ခံရသူများတွင် ထားဝယ်အခြေစိုက် တောင်သူလယ်သမားများနှင့် မြေယာအလုပ်သမားသမဂ္ဂ ဥက္ကဌ ဦးထွန်းထွန်းဝင်းအား ထောင်ဒဏ် ၃ လ ၁၅ ရက် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ အသိမ်းအဆည်းခံရသည့် မြေနှင့် ပတ်သက်ပြီး အာဏာပိုင်များနှင့် စကားအခြေအတင်များကြရာမှ လယ်သမား ၁၉ ဦးထဲက အမျိုးသား ၁၀ ဦးကိုထောင်ဒဏ်နှင့် သမျိုးသမီး ၉ ဦးကို ငွေဒဏ် ၁ သောင်းကျော်စီ ချမှတ်ခဲ့သည်ဟု ကိုညီညီထွန်း က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    ပြစ်ဒဏ်မှကင်းလွတ်သူ မရွှေဇင်ယု က ” ကျမတို့ကို အမျိုးသမီးတွေကို ထောင် ၆ လ ကျခံမလား၊ ဒဏ်ငွေ ဆောင်မလားမေးတယ်၊ အပြင်မှာလုပ်စရာတွေ အများကြီးကျန်သေးတော့ ငွေဒဏ်ကို ရွေးခဲ့တယ်၊ ငွေဒဏ် ၁ သောင်း ၁ ထောင် ဆောင်လိုက်ကြတယ်” ဟု IMNA သို့ ပြောသည်။

    အဆိုပါ ထောင်ချခံလယ်သမားအမှုကို ခရိုင်၊ တိုင်း၊ ဗဟို တရားရုံးအထိ အယူခံဝင်သွားမည်ဟုလည်း မရွှေဇင်ယုက ဆိုသည်။

    ထားဝယ်မြို့အနီး သိမ်းဆည်းလယ်မြေများအား ပြန်လည်ပေးအပ်ရာတွင် ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့၌ အာဏာပိုင်များနှင့် အခြေအတင်ဖြစ်ကာ လယ်သမား ၁၉ ဦး ကို တရားစွဲဆိုထာပြီး ၁၄ ကြိမ် ရုံးထုတ်စစ်စေးခဲ့သည်ဟု သိရသည်။

    လွန်ခဲ့သော အနှစ် ၂၀ ကျော်က သိမ်းဆည်းထားသော လယ်မြေဧကပေါင်း ၅၀ဝ ကျော်ထဲမှ ဧက ၂၀ဝ ကျော်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၊ တိုင်းဒေသကြီးရုံး၊ ဝန်ကြီးအိမ်ရာများ၊ ဝန်ထမ်းအိမ်ရာ၊ ဌာနဆိုင်ရာရုံး၊ ဆေးရုံများဆောက်လုပ်ထားပြီး ကျန်ဧက ၃၀ဝ ကျော်ကို မူလပိုင်ရှင်များထံပြန်လည်အပ်နှံရာတွင် လယ်သမားများ မကြေနပ်ဆန္ဒပြကြရာမှ အရေးယူခံရခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks