Homeသတင်းယခုနှစ် တက္ကသိုလ်ဝင်အောင်ချက် အကောင်းဆုံး မွန်ပြည်နယ် ထပ်မံရရှိ

ယခုနှစ် တက္ကသိုလ်ဝင်အောင်ချက် အကောင်းဆုံး မွန်ပြည်နယ် ထပ်မံရရှိ

-

သတင်းစာဖေါ်ပြချက်(Copy)
သတင်းစာဖေါ်ပြချက်(Copy)
မင်းထူးသစ် – ယခုနှစ် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်အောင်ချက်တွင် မွန်ပြည်နယ်သည် ၄၆.၇၅% ဖြင့် အောင်ချက်အကောင်ဆုံးသည် ဖြစ်ပြီး မွန်ပြည်နယ် (၁၀)မြို့နယ်အနက် သံဖြူဇရပ်မြို့နယ် ပထမ၊ မုဒုံမြို့နယ် ဒုတိယ၊ မော်လမြိုင်မြို့နယ် တတိယ ဖြစ်ကြောင်း မွန်ပြည်နယ်ပညာရေးဌာနမှ သိရှိရသည်၊

တစ်နိုင်ငံလုံးအတိုင်းအတာ တက္ကသိုလ်ဝင်တန်းအောင်ချက်တွင် ယခုပညာသင်နှစ် အပါအဝင် မွန်ပြည်နယ်သည် အောင်ချက်ရာနှုန်းအကောင်းဆုံး ခြောက်နှစ်ဆက်တိုက် ရရှိထားခြင်းဖြစ်သည်။

မွန်ပြည်နယ်ပညာရေးဝန်ထမ်းတစ်ဦးက “ပြည်နယ်တစ်ခုလုံးမှာ ဒီနှစ်ကျောင်းသား ၁၅၈၇၃ ဦးဝင်ဖြေခဲ့တာ ၇၄၂၀ ဦးအောင်မြင်ခဲ့တယ်” ဟု ပြောသည်။
အောင်မြင်သူများအနက် ခြောက်ဘာသာဂုဏ်ထူး(၅) ဦး၊ ငါးဘာသာဂုဏ်ထူး(၃၆) ဦး၊ လေးဘာသာဂုဏ်ထူး(၁၅၇) ဦးဟုသိရပြီး ခြောက်ဘာသာဂုဏ်ထူးတွင် မော်လမြိုင် အမှတ်(၆)အထကမှ (၃) ဦးနှင့် မုဒုံမြို့နယ်မှ(၂) ဦး ဖြစ်သည်။

သံဖြူဇရပ်မြို့ အထက(၁) ကျောင်းအုပ်ဆရာကြီး ဦးတင်ဝင်း က “သံဖြူဇရပ်မြို့ အထက(၁) ကျောင်းဟာ မြို့နယ်အတွင်းဖြေဆိုတဲ့အထကကျောင်း (၁၄) ခုမှာ ၅၃.၃၃% နဲ့ နံပါတ်(၁၁) သာချိတ်တဲ့အတွက် ကြိုးစားဖို့လိုသေးတယ်” ဟု ပြောသည်။

သံဖြူဇရပ်မြို့နယ်တွင် ကျိုက္ခမီမြို့ အထက ၈၀.၁၃% ပထမ၊ ထင်ရူးကျေးရွာအထက ၇၈.၅၁% ဒုတိယ၊ စက်စဲကျေးရွာအထက ၇၅%ဖြင့် တတိယ အောင်ချက်များရရှိသည်ဟု သူက ဆက်ပြောသည်။

သံဖြူဇရပ်မြို့နယ်သည် ပြီးခဲ့သည့်နှစ်က ၅၄.၁၉% အောင်ချက်သာရှိခဲ့သဖြင့် မွန်ပြည်နယ်တွင် တတိယအောင်ချက် အကောင်းဆုံးရရှိခဲ့သော်လည်း ယခုနှစ်တွင် ၆၀.၆% ဖြင့် မွန်ပြည်နယ်တွင် ပထမ အောင်ချက်အကောင်ဆုံး ရရှိခဲ့ခြင်း ဖြစ်သည်။

၂၀၁၄ ခုနှစ် မတ်လအတွင်း ကျင်းပစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန်လ ၇ ရက်(စနေနေ့) နံနက် ၆ နာရီတွင် တစ်နိုင်ငံလုံးရှိ မြို့နယ်စာစစ်ဌာနကျောင်းများ၌ ကြေညာကပ်ထားသည်ဟု ယနေ့ထုတ်အစိုးရသတင်းစာများက ဖေါ်ပြသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts