spot_img
Saturday, January 24, 2026
More
    spot_img
    Homeသတင်းထားဝယ်ခရိုင် အစားထိုးအိမ်မြေကွက် လယ်သမားများ လက်မခံနိုင်

    ထားဝယ်ခရိုင် အစားထိုးအိမ်မြေကွက် လယ်သမားများ လက်မခံနိုင်

    -

    n-လယ်သမားများကန့်ကွက်နေစဉ်(Tuntun Win Facebook)
    n-လယ်သမားများကန့်ကွက်နေစဉ်(Tuntun Win Facebook)
    ခတ္တာနန်း – တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် သိမ်းဆည်းထားသည့် မြေယာများကို လယ်သမားများ၏ စိုက်ပျိုးမြေအစား ၄င်းမြေနေရာတွင် အိမ်မြေကွက်(ပေ ၄၀-၆၀) များ တိုင်းထွာသတ်မှတ်ပေးအပ်သည်ကို လယ်သမားများ လက်မခံကြောင်း သိရသည်။

    လယ်ပိုင်ရှင်တစ်ဦးဖြစ်သူ မရွှေစင်ယုက “ကျမတို့လိုအပ်တာက မိသားစုတွေအသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ ကျမတို့လယ်ယာမြေကိုပဲ လိုချင်တာပါ ၊ ၃ ဧကလယ်မြေအတွက် အိမ်ခြံမြေတကွက်ပဲပေးတာကို လုံးဝ လက်မခံနိုင်ဘူး” လို့ လွတ်လပ်သော မွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    လက်ရှိလယ်ယာမြေများတွင် အိမ်ခြံမြေကွက်သတ်မှတ်ရန် မြေတိုင်းဌာနက တိုင်များလာရောက်စိုက်ထူစဉ် လယ်သမားများလက်မခံ တိုင်စွဲနုတ်သဖြင့် အငြင်းပွားမှုများဖြစ်ပေါ်ပြီး တောင်သူလယ်သမား ၂၀ ဦးကို ယမန်နေ့ တွင် ထားဝယ်ရဲစခန်းက စစ်ဆေးခေါ်ယူမေးမြန်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    မရွှေစင်ယုက “ရဲစခန်းက ကျမတို့ကို စစ်ဆေးတာတွေလုပ်တယ်၊ အာမခံဖို့အတွက် လူရှာခိုင်းတယ်၊ နောက်ဆုံး ဘာဝန်ခံချက် လက်မှတ်မထိုးပဲ ကျမတို့ကို ဒီအတိုင်းပြန်လွှတ်လာတယ်” ဟု ပြောသည်။

    သို့ရာတွင် ပုဒ်မ ၃၅၃ (ပြည်သူ့ဝန်ထမ်းများကို ဝတ္တရာနှောက်ယှုက်မှုနှင့်ခြိမ်းခြောက်မှု)၊ ပုဒ်မ ၂၉၄ (ဆဲဆိုမှု) နှင့် ပုဒ်မ ၁၁၄ (အုပ်စုဖွဲ့အားပေးကူညီမှု) တို့ဖြင့် အဆိုပါတောင်သူလယ်သမား ၂၀ ဦးတို့အား ထားဝယ်မြို့နယ်ရဲစခန်းက တရားစွဲဆိုထားကြောင်း ထားဝယ်မြို့အခြေစိုက် တောင်သူလယ်သမားများနှင့် မြေယာအလုပ်သမားသမဂ္ဂ ဥက္ကဌ ဦးထွန်းထွန်းဝင်းက IMNA သို့ ပြောသည်။

    ဦးထွန်းထွန်းဝင်းက “ရဲစခန်းကို ခေါ်သွားပြီး စစ်ချက်ယူတယ်၊ ခရိုင်ဒု ဦးစီးက ပုဒ်မ ၃ ခုနဲ့ ဒီလယ်သမားတွေကို အမှုဖွင့်ထားဆဲပဲ” ဟု ပြောသည်။

    အဆိုပါတောင်သူလယ်သမားများ ရဲစခန်းမှပြန်ထွက်လာချိန်တွင် မြေတိုင်းဌာနက တိုင်းထွာမှုများပြုလုပ်ခဲ့ပြီး လယ်ယာမြေတွင် အိမ်ခြံမြေသတ်မှတ်တိုင်များစိုက်ထူထားသည်ဟု သူကဆက်ပြောသည်။

    အသိမ်းဆည်းခံ လယ်မြေတွေများတွင် ဒေသခံလယ်သမားများ ယခင်နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး လျော်ကြေးမယူလိုသော လယ်သမား ၅၀ ခန့်နှင့် မြေကွက်ဖော်အုပ်ချုပ်ရေးအဖွဲ့ကြား ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ တင်းမာမှုများ စတင်ဖြစ်ပေါ်ခဲ့သည်။

    ယခင်သိမ်းဆည်းထားသော လယ်မြေဧက ၅၀ဝ ကျော်ထဲမှ ဧက ၂၀ဝ ကျော်ကို တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၊ တိုင်းဒေသကြီးဝန်ကြီးအိမ်ရာများ၊ ဝန်ထမ်းအိမ်ရာနှင့် ဆေးရုံတစ်ရုံ ဆောက်လုပ်ထားပြီးကြောင်း သိရသည်။

    ထားဝယ်ခရိုင်အတွင်း အစိုးရမှပြန်လည်စွန့်လွှတ်သည့်မြေယာများအား မူလပိုင်ရှင် တောင်သူများထံသို့ ယာယီလုပ်ကိုင်ခွင့် ပြန်လည်းပေးအပ်ပွဲ အခမ်းအနားကိုလည်း ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့တွင် ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပြီးနောက် သိမ်းဆည်းထားသည့်လယ်မြေတွင် လက်ရှိ လုပ်ကိုင်နေသည့် တောင်သူလယ်သမားများနှင့် အာဏာပိုင်များကြား ပဋိပက္ခဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts