spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းထိုင်း-မြန်မာနယ်စပ်လမ်းများ ယာယီပိတ်ဆို့ထား၊ နယ်စပ် ကုန်သွယ်ရေး ရပ်တန့်နေ

    ထိုင်း-မြန်မာနယ်စပ်လမ်းများ ယာယီပိတ်ဆို့ထား၊ နယ်စပ် ကုန်သွယ်ရေး ရပ်တန့်နေ

    -

    ထိုင်းစစ်သားများလှုပ်ရှားနေသည့်မြင်ကွင်းတစ်နေရာ(Internet)
    ထိုင်းစစ်သားများလှုပ်ရှားနေသည့်မြင်ကွင်းတစ်နေရာ(Internet)
    မင်းလုံး – မေလ ၂၂ ရက်နေ့တွင် ထိုင်းစစ်တပ်အာဏာသိမ်းပြီး ထိုင်းမြန်မာနယ်စပ်ဖြတ်ကျော်ဂိတ်များ ယာယီပိတ်ဆို့ထားသောကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးရပ်တန့်သည့် အခြေအနေရှိနေကြောင်း တွေ့မြင်နေရသည်။

    ထိုင်း-မြန်မာနယ်စပ်အဝင်အထွက်လမ်းများဖြစ်ကြသည့် မြဝတီ-မဲဆောက်၊ တာချီလိတ်-ချင်းရိုင်၊ ကော့ သောင်း- ရနောင်းနှင့် ဘုရားသုံးဆူ-စံခလပူရီရှိ နယ်စပ်ဖြတ်ကျော်ဂိတ်များနှင့် တရားမဝင်ဖြတ်ကျော်နိုင်သည့်လမ်းကြောင်းများအားလုံးတွင် စစ်တပ်များချထားပြီး ဝင်ထွက်သွားလာမှုကို လုံခြုံရေးအရ ယာယီပိတ်ဆို့ထားသည်ဟု ဆိုသည်။

    ထိုင်းနိုင်ငံသားအတွင်းယာယီနေထိုင်ခွင့်ရှိသည့် မှတ်ပုံတင်ရှိမှသာလျှင် ခွင့်တောင်း၍ဖြတ်သန်းသွားလာနိုင်သော်လည်း ယာယီ Passport နှင့် နိုင်ငံကူးမှတ်ကိုင်ဆောင်ထားသူများ ဖြတ်သန်းသွားလာခွင့်မရှိကြောင်း စံခလပူရီမြို့နေ နိုင်ကဆော့မွန် ကပြောသည်။

    သူက “သူတို့နယ်စပ်ဂိတ်များကိုပိတ်လိုက်ရတဲ့ရည်ရွယ်ချက်ကတော့ အာဏာသိမ်းမှုအပြီးမှာ သူတို့ဆင့်ခေါ် ထားတဲ့ နိုင်ငံရေးမှာပါဝင်လှုပ်ရှားနေတဲ့ လူတွေရှိတယ်၊ အဲဒီလူတွေ နယ်စပ်ဘက်ကိုထွက်ပြေးသွားမှာစိုးလို့ အခုလိုပိတ်လိုက်ရတယ်လို့ဆိုတယ်၊ နေစဉ် ဟိုဘက်ဒီဘက် သွားလာနေတဲ့ကုန်တင်ကားတွေကိုလည်း အခုရပ်နားခိုင်းထားပါတယ်” ဟု ပြောသည်။

    တိုင်းပြည်စီမံခန့်ခွဲရေးအတွက် စစ်တပ်အာဏာသိမ်းခေါင်းဆောင် စစ်ဦးစီးချူပ် ဗိုလ်ချူပ်ကြီး ဖရာယု ချန်အိုချာ(Prayuth Chan-ocha)က ဘုရင်၏ထောက်ခံမှုဖြင့် စစ်ကောင်စီအကြီးအကဲရာထူးနှင့် လုပ်ပိုင်ခွင့်များကို ယမန်နေ့က ရရှိခဲ့ကြောင်း ထိုင်းမီဒီယာများက ဖေါ်ပြသည်။

    နယ်စပ်ဒေသရှိ နယ်စပ်ဖြတ်ကျော်ဂိတ်များနှင့် ဖြတ်သန်းသွားလာခွင့်များအား ယာယီပိတ်ဆို့ထားမှုနှင့်ပတ် သက်၍ National Peace and Order Maintaining Council မှ အမှတ် ၈/၂၅၅၇ ဖြင့် ကြေညာ ချက်တစ်စောင် ထုတ်ပြန်ထားကြောင်းသိရသည်။

    ယင်းထုတ်ပြန်ချက်တွင် ” ထိုင်းနိုင်ငံသားများအား ပြည်ပသို့ထွက်ခွာခွင့်မပြု၊ တခြားအရေးကြီးကိစ္စများ ဥပမာ- မဖြစ်မနေပြည်တွင်းပြည်ပထွက်ခွာခြင်း၊ ရုံးဝန်ထမ်းများ အလုပ်ကိစ္စနှင့်ထွက်ခွာခြင်း၊ အရေးပေါ်လူနာပို့ဆောင်ခြင်းနှင့် အခြားသော ပုဂ္ဂိုလ်ရေးအတွက် ပြည်ပသို့ထွက်ခွာလိုပါက ဒေသအတွင်းအုပ်ချူပ်တာဝန်ယူနေသည့် စစ်တာဝန်ခံများထံသို့ ခွင့်တောင်းရမည်” ဟု ရေးသား ဖေါ်ပြထားသည်။

    ထိုင်းစစ်တပ်အာဏာသိမ်းမှုတွင် လူအများမစုဝေးရဟု အမိန့်ထုတ်တားမြစ်ထားသော်လည်း ထိုင်းနိုင်ငံအရပ်ရပ်တွင် ထိုစစ်တပ်အာဏာသိမ်းမှုအား ဆန့်ကျင်ဆန္ဒပြနေကြသည့် ဆန္ဒပြသမားများနှင့် လုံ ခြုံရေးတပ်ဖွဲ့များအကြား အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံတောင်ပိုင်းဒေသတွင်လည်း ဗုံးပေါက်ကွဲ၍ လူ ၁၃ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

    စစ်တပ်အာဏာသိမ်းမှုအပြီး ဖမ်းဆီးထိန်းချူပ်ခံခဲ့ရသည့် ဝန်ကြီးချူပ်ဟောင်း ယင်းလက်ရှင်နာဝပ်အား ပြီးခဲ့ သည့် မေလ ၂၅ ရက်နေ့တွင် အိမ်ပြန်ခွင့်ပေးလိုက်သည့်သကဲ့သို့ အစိုးရအတိုက်အခံ ဆန္ဒပြခေါင်းဆောင် ဆူထစ်သောင်ဆုဘန်နှင့် အကြီးတန်းခေါင်းဆောင် ၄ ဦးကိုလည်း ယမန်နေ့နံနက်ပိုင်း၌ ပြန်လွှတ်ခဲ့ကြောင်း သိရသည်။

    မေ ၂၀ရက်နေ့က ထိုင်းစစ်တပ်၏ မာရှယ်လောထုတ်ပြန်အပြီး မေလ ၂၂ရက်နေ့၊ ညနေ ၅နာရီ၌ စစ်တပ်က အာဏာသိမ်းကြောင်း၊ ညမထွက်ရ(ကာဖျူး)အမိန့်နှင့် လူငါးဦးထက် ပိုမစုရ(မာရှယ်လော)အမိန့် ထုတ်ပြန်ထားသောကြောင့် ည ၁၀နာရီမှ နံနက် ၅ နာရီအထိ အပြင်ထွက်ခွင့်မရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks