စာဖြေပွဲတွင် နွေရာသီ စာသင်ဌာန ၁၉ မြို့နယ်အတွင်းမှ စာသင်သားဦးရေ ၉၁၃ ဦးတက် ရောက်ဖြေဆိုခဲ့သည်ဟု နွေရာသီ မွန်စာပေ ဗုဒ္ဓဘာသာယင်ကျေးမှုအဖွဲ့မှ ကြီးကြပ်ကွပ်ကဲသူ ဟံသာထောဆရာတော်က မိန့်သည်။
ဟံသာထော ဆရာတော်က “အခုလာဖြေကြတဲ့ ကျောင်းသူ ကျောင်းသားတွေဟာ သူတို့မြို့နယ်ကနေ ထူးချွန်စွာအောင်မြင်ပြီးမှ ဒီမှာလာဝင်ဖြေကြတယ်၊ သူတို့တွေလည်း မွန်စာကိုကျွမ်းကျွမ်းကျင်ကျင်နဲ့ တတ် မြောက်တဲ့သူတွေ ဖြစ်တယ်” ဟု မိန့်ဆိုသည်။
အဆိုပါစာဖြေပွဲတွင်း ဟံသာဝတီသမိုင်းတန်း၊ သုဝဏ္ဏဘူမိသမိုင်းတန်း၊ မုတ္တမသမိုင်းတန်း၊ မွန်စာပေ၊ မွန်ယဉ်ကျေးမှုနှင့် အဘိဓမ္မာဘာသာရပ်များ ပါဝင်သည်။
“ကျမတို့ရေးမြို့နယ်အဖွဲ့မှာ အယောက် ၆၀ ကျော်ကျော်ဖြေတယ် ၊ စာမေးပွဲ အောင်မှတ်တော့ရနိုင်မယ်လို့ မျှော်လင့်တယ်” ဟု မုတ္တမသမိုင်းတန်းတွင် တက်ရောက် ဖြေဆိုခဲ့သူ ရေးမြို့နယ်မှ ကျောင်းသူတစ်ဦးက ပြောသည်။
အောင်မြင်သည့်ကျောင်းသူ/သားများအတွက် ဆုပေးပွဲအခမ်းအနားကို မေလ ၂၃ ရက်နေ့တွင် သာသနာတော် (၂၅၀ဝ) ကျောင်း၌ ပြုလုပ်ကျင်းပသွားမည်ဟု ဟံသာထော ဆရာတော်က ဆက်လက်မိန့်ကြားခဲ့သည်။
နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နွေရာသီ မွန်ဘာသာ ဗုဒ္ဓဘာသာယဉ်ကျေးမှုစာဖြေပွဲကို ယခုအခါ (၁၅) ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်သည်။