Monday, March 23, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် တောင်ပိုင်းဒေသတွင် သောက်ရေပြတ်လပ်မှုများ ကြုံတွေ့နေ

    မွန်ပြည်နယ် တောင်ပိုင်းဒေသတွင် သောက်ရေပြတ်လပ်မှုများ ကြုံတွေ့နေ

    -

    ဒို့ရွှေမုဒုံအသင်းရေအလှူ(ဒို့ရွှေမုဒုံ)
    ဒို့ရွှေမုဒုံအသင်းရေအလှူ(ဒို့ရွှေမုဒုံ)
    အေမီအောင် – မွန်ပြည်နယ်၊ တောင်ပိုင်းဒေသ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်တို့တွင် သုံးရေပြတ်လပ်မှုများ ကြုံတွေ့နေကြရသည်ဟု ဒို့ရွှေမုဒုံအသင်းဝင် ကိုညီညီက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    အဆိုပါ မုဒုံမြို့နယ်ရှိ ကတုန်းပေါ်၊ ဘလောက်၊ ညောင်ဝိုင်း၊ ကမာအုပ်၊ ဝဲကလိ၊ ကင်းချောင်း၊ ကွင်းရွာ စသောကျေးရွာများ သောက်ရေမလုံလောက်မှုများနှင့် ရင်ဆိုင်နေခဲ့ကြရသည်ဟု ကိုညီညီက ပြောသည်။

    သူက “ကျနော်တို့ အဖွဲ့က ရေဝေခဲ့တာ ၇ ရက် ရှိနေပါပြီး၊ တစ်ချို့ရွာတွေမှာဆိုရင် ခရီးတစ်ရက်လောက်သွားရတယ်။. လုပ်အားပေးတွေနည်းတော့ သိပ်အဆင်မပြေဘူး၊ သွားလို့မရောက်တဲ့ရွာတွေ သောက်ရေလိုအပ်နေတဲ့ ရွာတွေ အများကြီးရှိနေသေးတယ်” ဟု ဆိုသည်။

    ထို့အတူ မုဒုံမြို့နယ် ကလော့သော့ကျေးရွာသို့လည်း သုံးရေများပြတ်လပ်နေသဖြင့် ဒို့ရွှေမုဒုံအသင်းက ရေအလှူသွားရောက်ပေးဝေခဲ့ရသည်ဟု သိရသည်။

    အလားတူ သံဖြူဇရပ်မြို့နယ်၊ ပင ကျေးရွာ၌ သောက်သုံးရေ ပြတ်လပ်မှုများ ကြုံတွေ့နေခဲ့ကြသည်ဟု ပငရွာဒေသခံ မိမြင်မြင့်သန်း ကပြောသည်။

    မိမြင်မြင့်သန်း က “တွင်းရေလည်းမထွက်၊ ရောင်းမယ့်သူလည်းမရှိ၊ ရေငတ်တာက ပိုက်ဆံပြတ်တာထက် ခက်တယ်ဆိုတာ ခုမှကြုံရတယ်” ပြောသည်။

    အထူးသဖြင့် ပငကျေးရွာ၊ ကော့ထော်ပိုင်း၌ သုံးရေပြတ်လပ်မှု ၂ ပတ်ခန့်ကြုံနေရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးစီးပြီး မီးသတ်ကားနှစ်စီးဖြင့် နံနက်ညနေကန့်သတ်ချက်ဖြင့် လိုက်လံပေးဝေနေသည်ဟု သိရသည်။

    ကိုညီညီ က “လူကြီးနဲ့ ကလေး အတော် ဒုက္ခရောက်နေကြတယ်၊ ရာသီက လမ်းထွက်မရဲအောင် ပူပြင်းတယ်၊ သင်္ကြန်လွန်ကတည်းက မိုးတစ်ခါမှမရွာသေးဘူး” ဟု ပြောသည်။

    နေ့အပူချိန်များသည် မွန်ပြည်နယ်တွင် 35°C – 39°C ခန့်ရှိပြီး ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအမြင့်ဆုံးတန်ဖိုးဖြစ်သော လွန်ကဲအဆင့်ရှိသည့် ၁၁ ထက်ကျော်လွန်နေသောတန်ဘိုးများ မြန်မာတစ်နိုင်ငံလုံး ကျရောက်နိုင်၍ အထူးသဖြင့်၊ မော်လမြိုင် (၁၃.၂)ဖြင့်လည်းကောင်း ရောက်ရှိနိုင်သည်ဟု မိုးလေဝသ ဇလဗေဒ ညွန်ကြားရေမှူး ဦးထွန်းလွင်၏ လူမှုကွန်ယက် ဖွေ့ဘွတ်(စ်) စာမျက်နှာတွင် ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks