Homeသတင်းပါတီဥက္ကဌကို AMDP ဗဟိုအလုပ်အမှုဆောင် ထုတ်ပယ်

ပါတီဥက္ကဌကို AMDP ဗဟိုအလုပ်အမှုဆောင် ထုတ်ပယ်

-

AMDP ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး(မင်းဝဏ္ဏကြီးဖေ့ဘွတ်)
AMDP ဗဟိုအလုပ်အမှုဆောင်အစည်းအဝေး(မင်းဝဏ္ဏကြီးဖေ့ဘွတ်)
ခတ္တာနန်း – မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဥက္ကဌနိုင်ငွေသိန်းနှင့် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်ချစ်ဦးတို့ကို ယခုရက်ပိုင်းအတွင်းကျင်းပခဲ့သော ဗဟိုအလုပ်အမှု အရေးပေါ်အစည်းအဝေး ဆုံးဖြတ်ချက်အရ တရားဝင် ထုတ်ပယ်လိုက်ကြောင်း

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ သိရသည်။

AMDP ဗဟိုကော်မတီဝင် ကိုဝဏ္ဏကြီးက “ပါတီရဲ့ စည်းမျဉ်ဥပဒေ ပုဒ်မ ၁၉ / အပိုင်း (ခ)နဲ့ ငြိစွန်းနေတဲ့အတွက်ကြောင့် ကျနော်တို့ ဒီ ၂ ယောက်ကို ပါတီကနေ ထုတ်ပယ်လိုက်တာပါ၊ ကျန်တဲ့လူတွေကတော့ ပါတီထဲကိုပြန်ဝင်လာဖို့ ရှိနေတယ် ဒါကလည်း လမ်းဖွင့်ထားပြီးသားပါပဲ” ဟု ပြောသည်။

မွန်ဒီမိုကရေစီပါတီသည် မွန်အမျိုးသားပါတီအဖြစ်အမည်သစ်ပြောင်းလဲခွင့် တရားဝင်ရရှိပြီးနောက် နိုင်ငွေသိန်းနှင့် နိုင်ချစ်ဦးတို့အပြင် AMDP ဗဟိုကော်မတီဝင်အချို့ မွန်အမျိုးသားပါတီ MNP သို့ ဝင်ရောက်လာသည်ကို တွေ့ရှိရသည်။

“လာမယ့်မေလ ၂၄-၂၅ မှာပြုလုပ်မယ့် ပါတီနှစ်ပတ်လည် ပါတီဗဟိုကော်မတီအစည်းအဝေးမှာ လစ်လပ်နေတဲ့ ဥက္ကဌနဲ့ ဗဟိုအလုပ်အမှုဆောင်အသစ်တွေကို ရွေးချယ်သွားမယ်” ဟု ကိုဝဏ္ဏကြီးက ဆက်ပြောသည်။

လက်ရှိတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏ ယာယီဥက္ကဌအဖြစ် “နိုင်သိုက်” အား ရွေးချယ်တာဝန်ပေးထားကြောင်း သိရသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအနေဖြင့် ပြည်သူများ အမြင်ရှင်းလင်းရန်နှင့် ကွဲကွဲပြားပြားသိရှိရန်အတွက် ထုတ်ပြန်ကြေညာချက်တစ်ရပ် ထုတ်ပြန်သွားမည်ဟု ဆိုသည်။

AMDP မှပြည်နယ်လွှတ်တော်အမတ် ဒေါက်တာအောင်နိုင်ဦးက “မွန်အမျိုးသားပါတီ (MNP) က ဖွဲ့စည်းပုံ အသေအချာ ရုပ်လုံးမပေါ်သေးဘူး၊ ဒါကြောင့် AMDP ကပေးအပ်တဲ့ အလုပ်တာဝန်တွေကိုလည်း ကျနော်တို့အနေနဲ့ ဆက်လက်လုပ်နေတဲ့အတွက်ကြောင့် ကျနော်ကို ပါတီကနေ မထုတ်ပယ်ရသေးဘူးလို့ ပြောလို့ရပါတယ်” ဟု ပြောသည်။

မွန်အမျိုးသားပါတီ MNP ရုပ်လုံးပေါ်လာသည့်အချိန်တွင် မိမိအနေဖြင့် AMDP မှ နုတ်ထွက်သင့်လျှင် နုတ်ထွက်သွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

မွန်အမျိုးသားပါတီ MNP လုပ်ငန်းလျှင်မြန်ချော်မွေ့စေရေးအထောက်အကူပြုရန် ၁၅ ဦးပါဗဟိုလုပ်ငန်းကော်မတီ (ယာယီ)ကို ယခုရက်ပိုင်းအတွင်းဖွဲ့စည်းခဲ့ရာတွင် နိုင်ငွေသိန်းက ဦးဆောင်သူအဖြစ် တာဝန်ယူဆောင်ရွက်နေသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts